Related Posts Plugin for WordPress, Blogger...

ယခုလတ်တလော အနေအထားမှာ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲကိစ္စတွေဟာ ပြင်ပ printed media မှာရော၊ online media မှာရော ပလူပျံလာတယ်။ ရုပ်ရှင်မင်းသားမင်းသမီးတွေ အတော်များများပါ ဒီကိစ္စမှာ အားတက်သရောရှိကြပြီး ပါဝင်လက်မှတ်ထိုးကြတယ်ဆိုတော့လည်း ၀မ်းမြောက်ဖွယ်ပေါ့ဗျာ။ ဒါပေမယ့် မနေ့က status တွေမှာ စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ပြည်သူချစ်တဲ့ အဆိုတော်တစ်ယောက်ဟာ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်မထိုးပေးလို့ အုံးအုံးကြွက်ကြွက် ဝေဖန်သံတွေ ဆူပွက်လာတာမို့ ဒီမိုကရေစီအရေး ရင်လေးမိတာကြောင့် ဒီ ပို့စ်ကို ရေးလိုက်ပါတယ်။


   အရင်ဆုံး ကျနော့်မိသားစုအနေအထားကို ပြောပါ့မယ်။ ကျနော့်မှာ လောလောလတ်လတ် အစိုးရ၀န်ထမ်းဘ၀က အငြိမ်းစားယူထားလေတဲ့  မိဘနှစ်ပါးရှိပါတယ်။ ၄၃၆ ကိစ္စကိုလည်း အသေအချာရှင်းပြခဲ့ဖူးပါတယ်။သူတို့ကလည်းလွှတ်တော်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းပြင်မယ်ဆိုရင် ထောက်ခံပါ
တယ်။ ဒါပေမယ့် လက်မှတ်ထိုးဖို့ ကိစ္စကို ပြောတော့ သူတို့ အင်တင်တင်ဖြစ်နေတယ်။ သူ့သားက ဆောင်းပါးတွေရေးနေတဲ့သူဆိုတော့ သူတို့လည်း ပါဝင်လက်မှတ်ထိုးပြီး တစ်တပ်တစ်အား ဖြည့်ဆည်းချင်ပေမယ့် လက်ရှိဘ၀ကလေး ပျက်ယွင်းသွားမှာကိုတော့ စိုးရိမ်စိတ်ကလေးက ကြီးစိုးနေတယ်လေ။ ဒီတော့ လက်မှတ်မထိုးရဲဘူးပေါ့ဗျာ..။ ကျနော်တို့ အိမ်မှာ မိသားစု ( လောလောဆယ် ) သုံးယောက်ပဲရှိပါတယ်။ ကျနော်တစ်ယောက်ကလွဲရင် ကျန်နှစ်ယောက်ဟာ လက်မှတ်မထိုးဖို့ ရာနှုန်းတော်တော်များများ သေချာပါတယ်။ ဒါပေမယ့် ကျနော် အပြစ်မမြင်ပါဘူး။ ဒီမိုကရေစီစနစ်မှာ မိမိတို့သဘောနဲ့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရင်ထဲမှာ ဒေါ်စုကိုထောက်ခံတယ်ဆိုတာရယ်၊ ၄၃၆ ကိစ္စ ကျနော်ရှင်းပြတဲ့အခါ လက်ခံတယ်ဆိုတာရယ်နဲ့တင် အတော့်ကို ကျေနပ်မိပါပြီဗျာ။

    နိုင်ငံအတွင်း မှီတင်းနေထိုင်ကြလေတဲ့ တိုင်းရင်းသားတွေမှာလည်း အဲ့ဒီအတိုင်းပါပဲ။ ၄၃၆ ကိစ္စမှာ လက်မှတ်ထိုးဖို့ လွယ်လွယ်ကူကူ တက်တက်ကြွကြွ ဆုံးဖြတ်ပြီးကြသူတွေရှိမယ်။ အင်တင်တင်လုပ်နေသူတွေရှိမယ် ။ မထိုးဘူးလို့ တင်းခံနေတဲ့သူတွေရှိမယ်။ ဒါဟာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ပါပဲ။ ဒီတော့ ကျနော်တို့ဟာ အဲ့ဒီလို သဘောကွဲလွဲမှုတွေကို လေးလေးစားစား ဆက်ဆံတတ်ဖို့လိုတယ်။ ကိုယ့်သဘောမဆောင်တိုင်း ပြည်ဖျက်မယ့်သူတို့၊ တိုင်းပြည်သစ္စာဖောက်တို့ ဘာတို့ လွှတ်တံဆိပ်ကပ်နေခဲ့ရင် မိတ်ဆွေတို့ ထိုးထားခဲ့တဲ့ လက်မှတ်တွေရဲ့ အနှစ်သာရက ဘာလဲလို့ ကျနော် အတိအလင်း မေးခွန်းထုတ်ပြီဗျာ။ ဒီမိုကရေစီ လိုလားလို့ ဒီမိုကရေစီမကျတဲ့ အခြေခံဥပဒေကို ပြင်ဆင်လိုကြတဲ့သူတွေဆီက ဒီမိုကရေစီမကျတဲ့ သဘောထားတွေကို ကြားနေရတော့ စိတ်မကောင်းမိတာ အမှန်ပါပဲ။ သတိချပ်ကြပါခင်ဗျာ။
ငါနဲ့ မတူ ငါ့ရန်သူဆိုသည့် ဒီမိုများ

ဒါ့ကြောင့် ၄၃၆ လက်မှတ်မထိုးကြလေတဲ့သူတွေမှာလည်း သူတို့အကြောင်းနဲ့ သူတို့၊ သူတို့ အယူအဆနဲ့ သူတို့ ရှိနိုင်တယ်ဆိုတာ ကြပ်ကြပ်မတ်မတ် သိထားသင့်ပါတယ်။

အဲ့ဒါကြောင့်ပြောတာပေါ့ဗျာ။ လက်မှတ်မထိုးတိုင်း ပြည်ဖျက်ဘာညာနဲ့ သစ္စာဖောက်တံဆိပ်ကို စောစီးစွာ မကပ်ကြပါနဲ့ဗျာ။ ကျနော်တို့က လက်မှတ်ထိုးနေချိန်မှာ လက်မှတ်တစ်ချက်အတွက် အကြောက်တရား ကြီးစိုးနေတဲ့ သူတွေရှိတယ်။လက်မှတ်တစ်ချက် မထိုးပေမယ့် အသက်တစ်သက် ပေးဆပ်ထား
သူတွေရှိတယ်။ ဒါ့အပြင် လက်မှတ်တစ်ချက်မထိုးနိုင်ပေမယ့် နိုင်ငံကြီးကို အခြားလမ်းကြောင်းကနေ တည်ဆောက်လိုတဲ့ သဘောကွဲလွဲနေသူတွေရှိတယ်။ ဒီတော့ ၄၃၆ ကိစ္စမှာ ဘယ်သူ့ကို မဆိုလွတ်လပ်စွာ သဘောကွဲလွဲပါစေဗျာ လို့ မေတ္တာရပ်ခံလိုက်ပါရစေဗျာ။

လွတ်လပ်စွာ သဘောကွဲလွဲခွင့်အတွက် မိတ်ဆွေတို့ဘက်မှာ အမြဲရှိနေမည့်

ကိုရူပ/
 
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ