Related Posts Plugin for WordPress, Blogger...

မျိုးစောင့်ဥပဒေ မပေါ်ထွက်သေးဘဲ တစ်
 ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေမည်
 ဆိုပါက အကျိုးမရှိ နိုင်ကြောင်း သမ္မတ၏
ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က The Messenger သတင်းစာသို့ ပြောသည်။
““အခုဟာက ဥပဒေကြမ်းက ဘယ်လို ပေါ်မယ်ဆိုတာ မသိသေးဘူးလေ။ ကန့်ကွက်တယ် ဆိုတဲ့ လူတွေကလည်း နာမည်ကိုကြည့်ပြီး ကန့်ကွက်တာကို။တကယ်တော့ ကျွန်တော်တို့ ရေးဆွဲမယ်ဆိုတာ လေ့လာ သုံးသပ်နေတုန်း ပဲရှိသေးတယ်။ နဂိုကတည်းက ဗုဒ္ဓဘာသာ လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ဆိုတာရှိခဲ့ပြီးသားပဲ၊ အဲဒီ ဥပဒေကို ပြင်မှာလား၊ အဲဒီ ဥပဒေမှာ အချက်အလက် ထပ်တိုးမှာလား၊ အဲဒီ ဥပဒေနဲ့ လုံလောက်ပြီလား ဆိုတာ အဖွဲ့အစည်းတွေက စဉ်းစားနေတုန်း ပဲရှိသေးတယ်”” ဟု ဦးရဲထွဋ် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်သူနှင့် ထောက်ခံသူ များကြား အငြင်းပွားလျက်ရှိပြီး၊ အမျိုးဘာသာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ. သ) မှ မျိုးစောင့် ဥပဒေကို ကန့်ကွက်သူ တချို့အား အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာချက် ထုတ်ပြန် ထားသည်။ အခြား တစ်ဖက်တွင်လည်း မျိုးစောင့်ဥပဒေသည် အမျိုးသမီးများ ကိုချုပ်ချယ်ရာ ရောက်ကြောင်းလည်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

ထိုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်နေမည် အစား ဥပဒေကြမ်း တစ်ခုလုပ်မည် ဆိုပါက မည်သည့် အချက်အလက်များ ပါဝင် သင့်သည်ကို အကြံပေးခြင်း၊ ဆွေးနွေးခြင်း များလုပ်သင့်ကြောင်း ဦးရဲထွဋ်က ဆိုသည်။ အချို့ ဥပဒေများသည် ဘာသာ တစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ တခြားဘာသာများ ကိုကာကွယ်၍ ရသကဲ့သို့ အမျိုးသမီးများ အခွင့်အရေး ကာကွယ်ခြင်းများ ပါဝင်ကြောင်း၊ ဥပဒေအား စောင့်ကြည့်ပြီးမှ ပြောဆိုခြင်းသည် ပို၍ ကောင်းကြောင်းလည်း ဦးရဲထွဋ်ကဆို သည်။

““မျိုးစောင့် ဥပဒေကို ဘယ်လိုရေးဆွဲပြီးမှ တင်လာမလဲဆိုတာ စိတ်ဝင်စားပါတယ်။ ဥပဒေဆိုတာ ပြည်သူ့ အတွက် အကျိုးရှိတဲ့ ဥပဒေဆိုရင် တကယ် ကောင်းပါတယ်။ ထိရောက်တဲ့ ဥပဒေဖြစ်ဖို့ အားလုံး လက်ခံပြီးသုံး နိုင်တဲ့ ဥပဒေ ဖြစ်မဖြစ်ဆိုတာ ဥပဒေကြမ်းတင်း ပြီးမှသိမှာ၊ ဟိုပြောဒီပြော အကျိုးမရှိ ဘူး””ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က The Messenger သတင်းစာသို့ ပြောသည်။

မျိုးစောင့် ဥပဒေ ရေးဆွဲနိုင်ရန် အတွက် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ သမ္မတထံ တင်ပြခဲ့ပြီး၊ သမ္မတက ယင်းဥပဒေ ရေးဆွဲနိုင်ရန် လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့သည်။ လွှတ်တော်မှ တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာန များကို ပြန်လည် ပေးပို့ထားသည်။

““ဒီအချက်ကို မကြိုက်ဘူးဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်အချက်ကို မကြိုက်ဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်ဥပဒေမှာမှ လုံးဝမှန်တာ လုံးဝမှားတာ မရှိဘူး။ အဲဒီထဲမှာ အားနည်းချက် ရှိတယ်၊ အားသာချက် ရှိတယ်။ အပြည်အစုံ မသိသေးဘဲနဲ့ ကန့်ကွက်တယ် ဆိုတာ ရည်ရွယ်ချက် ရှိလိမ့်မယ် ထင်တယ်”” ဟု အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဒေါ် ခင်ဝိုင်းကြည်က The Messenger သတင်းစာသို့ပြောသည်။

အဆိုပါ မျိုးစောင့် ဥပဒေသည် နိုင်ငံရေး အမြတ်ထုတ်ရန် အတွက် လုပ်နေခြင်းဖြစ်ပြီး သံဃာတော် များက အသုံးချ ခံနေခြင်းဖြစ် ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger သို့မိန့်ကြား ထားသည်။ အဆိုပါ ဥပဒေအား အမျိုးသမီး အဖွဲ့များ အပါအ၀င် လူမှုအဖွဲ့အစည်း (၉၀) ကျော်ကန့်ကွက် ထားသည်။

'ရွှေမြန်မာမီဒီယာ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ