Related Posts Plugin for WordPress, Blogger...

လွန်ခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ် သတင်းစာတစ်စောင်မှာပါရှိခဲ့တဲ့ ရခိုင်ပြည်နယ်က မောင်တော နဲ့ စစ်တွေ မြို့တွေကို Referendum ပြုလုပ်ပြီး စစ်တကောင်းနဲ့ပူးပေါင်းသင့်တယ်လို့ ဖေါ်ပြချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးက တုန့်ပြန်ဝေဖန်မှုတွေနဲ့ ရှင်းပြခဲ့ပြီး ရိုဟင်ဂျာဟူသည်မှာ မြန်မာနိုင်ငံတွင်လုံးဝမရှိခဲ့ကြောင်း ပြတ်သားစွာပြောဆိုခဲ့ပါတယ်။ မတ်လ ၂၂ရက်က ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ Bayda Institute မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးတည်ဆောက်မှုသင်တန်း အမှတ်စဉ် (၄)သင်တန်းဆင်းပွဲ နဲ့ သင်တန်းဆင်းလက်မှတ်များပေးအပ်ပွဲမှာ အဖွင့်အမှာစကားပြောကြားရင်း အခုလို ပြောကြားခဲ့တာပါ။ ဦးနေဝင်းလက်ထက်က စစ်ဦးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး အနေနဲ့ မူဂျာဟစ် ကျူးကျော်သူတွေရဲ့ရန်ကို ဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာရယ် အဲဒီ မူဂျာဟစ် ဆိုတာကွယ်ပျောက်ခဲ့ပြီးမှ ယခု ရိုဟင်ဂျာဆိုတဲ့ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေနဲ့ ထပ်မံကျူးကျော်နေတာတွေကိုတိုင်းရင်းသားတွေသတိရှိကြဖို့ပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာ လို့ဖြစ်ပေါ်လာပုံကိုရှင်းပြရာမှာ ရခိုင် ရိုးရာအရ ရှေးကထဲကအတူနေထိုင်ခဲ့ကြသူတွေ ကို ရဟောင်းသား(ရွာဟောင်းသား)၊ရွာဟောင်းတွင်အတူနေသူများ၊ ရခိုင်သံဖြင့် ရဟောင်းဂျား လို့ခေါ်လာတာကို ကျူးကျော်သူတွေက ရိုဟင်ဂျာ ဟုခေါ်ဝေါ်လာကြခြင်းသာဖြစ်ပြီး ရိုဟင်ဂျာ ဟူသောတိုင်းရင်းသားမြန်မာနိုင်ငံတွင်လုံးဝမရှိခဲ့ကြောင်းပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

မြန်မာ့ခေတ်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ