Related Posts Plugin for WordPress, Blogger...


ယခုတစ်လော လူမှုကွန်ရက်စာမျက်နှာတွင် လူအများစိတ်ဝင်စားနေကြသည့် ဇွန်သင်ဇာ၊ ဇာဇာထက်နှင့် ရိုတ တို့သည် လိင်အသားပေး ချစ်ခန်းကြိုက်ခန်းများ ပါဝင်သည့် ဇာတ်ကား ရိုက်ကူးမည့် သတင်းသည် မဟုတ်မှန်ကြောင်း မဇ္ဈိမ၏မေးမြန်းမှုကို ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ငြင်းဆိုလိုက်သည်။

“မဟုတ်ပါဘူး။ ဇာဇာတို့က ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်နေကြတာ မဟုတ်ပါဘူး။
ပြီးတော့ ဇာတို့ တွဲလေ့တွဲထတောင် မရှိပါဘူး။ ပွဲတွေမှာပဲ ခင်ကြတာ။ အများထင်နေသလို မဟုတ်ပါဘူး။ ဒီလို ရိုက်ကူးမှု ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဇာဇာထက်က ငြင်းဆိုခဲ့သလို“မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်ပေါ်မှာ စသလို နောက်သလို ရေးတာကနေ ပွသွားတာ နေပါလိမ့်မယ်။ ကိုရိုတ နဲ့ ရှိုးပွဲမှာ တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ ဆုံဖူးပါတယ်။ မောင်နှမလို ခဏတဖြုတ်ပါပဲ။ ဇာဇာထက် နဲ့ တော့ အရမ်းခင်တယ်။ ဒီလိုဇာတ်ကားတွေ ရိုက်ကူးဖို့ဆိုတာ ကျွန်မအနေနဲ့ မဖြစ်နိုင်ပါဘူး။ပြောနေကြတဲ့ ကောလာဟလတွေဆိုတာ မဟုတ်မမှန် ပါဘူး” ဟု ဇွန်သင်ဇာကလည်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လိင်မှုဇာတ်ကား ရိုက်ကူးကြမည်ဆိုသည့် အကြောင်းအရာများကို လူမှုကွန်ရက် 
စာမျက်နှာများ နှင့် လူငယ်တချို့၏ ပြောစကားများတွင် ရေပန်းစားပြောဆိုနေကြခြင်း ဖြစ်သည်။

၎င်းတို့သည် ယခုတလောတွင် လူမှုကွန်ရက်စာမျက်နှာထက်၌ လိင်အသားပေး ဓာတ်ပုံများဖြင့် လူအများ စိတ်ဝင်စားခြင်းခံရစေရန် ရည်ရွယ်ပြီး အဖော်အချွတ် ဓာတ်ပုံများကို တင်လာခြင်းကြောင့် ယခုလို စိတ်ဝင် စားခြင်းခံရသူများ ဖြစ်သည်။ ပွင့်လင်းလာသည့် ဒီမိုကရေစီခေတ်တွင် 
လူငယ် အများအပြားသည် နည်း လမ်းလွဲမှားစွာ အသုံးပြုလာကြခြင်း ဖြစ်သည်ဟု အွန်လိုင်းအသုံးပြုကြသည့် ခေတ်မီလူကြီးများကသုံးသပ် ပြောကြားကြသည်။

ဇာဇာထက်သည် ၂၀၁၀ ပြည့်နှစ်တွင် ဂျွန်လွင်၏ မော်ဒယ်သင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်ပြီး 
၂၀၁၁ ခုနှစ်တွင် အနုပညာ အလုပ်များကို စတင်လုပ်ကိုင်ခဲ့သူဖြစ်ကာ ဇွန်သင်ဇာသည် အော်စကာသရုပ်ဆောင် သင်တန်းတွင် သင်တန်း တက်ရောက်ခဲ့ပြီး အနုပညာလောကကို ၀င်ရောက်လာသူ ဖြစ်သည်။

သရုပ်ဆောင် ရိုတသည် မြ၀တီရုပ်မြင်သံကြားတွင် တစ်ချိန်က ထုတ်လွှင့် ပြသခဲ့သည့် 
“ပျော်ရွှင်စရာ သရုပ်ဆောင် ကမ္ဘာ” တွင် စတင်ခဲ့ပြီး အနုပညာလောကထဲသို့ ၀င်ရောက်လာခြင်းဖြစ်သည်။

Credit To:Mizzma

Posted by Arakan Man on 3/23/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ