Related Posts Plugin for WordPress, Blogger...




အမေ...ခံစားချက်တွေ မသိမ်းနိုင်လို့
သားတစ်ယောက် ဖွင့်အန်ပါရစေ အမေ။

၈၈၈၈ နဲ့အတူ စင်ပေါ်ရောက်ခဲ့တဲ့အမေ
စင်ပေါ်က အမေပြောတဲ့ ဒီမိုကရေစီ
သားတို့ သိပ်သဘောကျလို့
တဖြောင်းဖြောင်းမည်တဲ့ လက်ခုပ်သံ
အာကသထိ ရောက်ခဲ့တယ်အမေ။

၁၉၉၀ ရွေးကောက်ပွဲကြီး
အမေ့ပါတီ အနိုင်ရလို့
ဒေါင်းအလံ ခေါင်းမှာ ပတ်
လမ်းပေါ်မှာ သားတို့ ကခဲ့ကြတယ်အမေ။

ဒါပေမဲ့ အမေဦးဆောင်တဲ့ ပါတီ
အာဏာရှင်အောက် ငါးပါးမှောက်ခဲ့ရတော့
သားတို့ရဲ့ မျှော်လင့်ချက်
တစစီကြေပျက်ခဲ့ရတယ်အမေ။
ပတ္တမြားမှန်ရင် နွံမနစ်ဘူးတဲ့
အမေတစ်ယောက် ဒီမိုကရေစီအတွက်ပြန်ရောက်လာတော့
အရင်လိုပဲ အပြုံးမပျက် နှုတ်ခွန်းဆက်သံတွေနဲ့
သားတို့ ကြိုဆိုခဲ့တယ်အမေ။

ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့
အမေ့အပြုံးနဲ့ စကားကြားတော့
ဒါမှ ငါတို့အမေကွလို့
ပြုံးတပျော်ပျော်နဲ့ ကုန်းအော်ခဲ့တယ်အမေ။

လွှတ်တော်တက်တဲ့ အမေဟန်ပန် ခန့်ညားလွန်းလို့
ဓာတ်ပုံတွေရိုက် မှန်ဘောင်သွင်း
အိမ်ဦးခန်းမှာ ချိတ်ဆွဲ
နေ့စဉ် ဦးချမိခဲ့တယ်အမေ။

သမ္မတကြီးဖြစ်ချင်တဲ့ အမေ့ဆန္ဒ
အဟုတ်တကယ် ဖြစ်ပါစေလို့
သားတို့ တစ်သိုက် ကြိတ်ဆုတောင်းခဲ့တာလည်း
မနည်းမနောပါအမေ။

NLD က ကုလားပါတီတဲ့
ဟုတ်ပါ့ဟုတ်ပါ့မလား
ငါ့လာမပြောနဲ့လို့
ဇွတ်အတင်း ငြင်းခဲ့ဖူးပါတယ် အမေ။

NLD ကလူတွေ ဘုန်းကြီးတွေကို
စော်ကားတယ်တဲ့။
မဟုတ်တာမပြောနဲ့
လုပ်ကြံဇာတ်တွေ ရိုးနေပြီလို့
နားနှစ်ဖက်ပိတ် ခေါင်းခါခဲ့တယ်အမေ။

NLD မှာ ဗကပတွေ ပါနေတယ်တဲ့
ဒါ ဒီမိုကရေပါတီကွ
ကွန်မြူနစ်ကို လက်ခံမှာမဟုတ်ဘူးလို့
အမောစတမ်း စကားတရစပ်နဲ့
ပြန်ပြောပစ်ခဲ့တယ်အမေ။

ဒါပေမဲ့ အမေရယ်
ကြားရတဲ့ စကား
ဖတ်ရတဲ့ သတင်း
မြင်ရတဲ့ မြင်ကွင်း
အတင်းဖြစ်ပါစေလို့ ဆုတောင်းလည်း
မပြည့်ခဲ့ရပါလား အမေ။

ပင်နီဝတ်တဲ့ ကုလား
ဒေါင်းအလံကိုင်ထားလို့
ဆန္ဒပြတိုင်းတွေ့နေရတယ်။

သူသာ အတော်ဆုံးပါဆိုတဲ့
အသားမဲမဲနဲ့ ရှေ့နေကြီး
အမေပြောလို့
အရေးပါတဲ့နေရာ သူရထားမှန်း
သိလိုက်ရတယ်။

လူနည်းစုကို အနိုင်မကျင့်နဲ့တဲ့
အမေကာကွယ်ခဲ့တဲ့ ဘင်္ဂလီ
နားပါလို့ ကြားလိုက်ရတယ်။

အမျိုးကောင်းသမီး ကာကွယ်ပေးတဲ့
ဆရာတော်တင်တဲ့ မျိုးစောင့်ဥပဒေ
ပစ်ပစ်ခါခါ အပြောခံရတယ်။

နိုင်ငံအရေး လှုပ်ရှားခဲ့တဲ့
ရွှေဝါရောင်တုန်းက ဘုန်းဘုန်း
NLD တွေ ဂုဏ်ယူ မဆုံးဖြစ်ခဲ့ကြတယ်။
အမျိုးသားရေးကာကွယ်တဲ့ ဘုန်းဘုန်းအလှည့်
လုပ်ချင် လူထွက် ကဲ့ရဲ့ပုတ်ခတ်လို့
သာသနာကိုလည်း စော်ကားကြတယ်။

၂၀၁၅ ရွေးကောက်ပွဲ မရောက်သေးပေမဲ့
NLD ကို ခြေကုပ်ယူလို့
ဗကပ တွေ နေရာရဖို့ ကြံစည်ကြတယ်။

အမေ
ဒါတွေကို မဟုတ်ပါဘူးလို့
သားတို့ ငြင်းချင်ပါတယ်အမေ။

ဒါပေမဲ့ ပုပ်ရင်ပေါ် ဟုတ်ရင် ကျော်တဲ့
ဒါတွေဟာ အမှန်ပါလားလို့ သိလိုက်ရတဲ့အချိန်
အမေခေါင်းဆောင်တဲ့ ပါတီ
အလဲလဲအကွဲကွဲ ဖြစ်နေပြီအမေ။
ကုလားကတစ်မျိုး၊ ဗကပ ကတဖုံ
သာသနာကို စော်ကားသူက တကြော်ကြော်နဲ့
သူတို့ နှုတ်ထွက်စကား
ဒီမိုကရေစီပါတဲ့။

သားမယုံတော့ဘူးအမေ
နိုင်ငံခြားသား ခင်ပွန်းလုပ်
လူဖြူ ၂ ယောက်မွေးခဲ့တဲ့အမေ
သားတို့ ခွင့်လွှတ်နိုင်ခဲ့ပါတယ်။

ဒီမိုကရေစီ ဒီမိုကရေစီနဲ့
ဘာသာလည်းပျောက် လူလည်းကွယ်မဲ့
အမေ့အောက်က သားသမီးတွေ လုပ်ရပ်
သားတို့ ခွင့်မလွှတ်ပါရစေနဲ့ အမေ။

သမိုင်းကြောင်းကောင်းခဲ့တဲ့ ယဉ်ကျေးမှု
ဘာသာ သာသနာ ၊လူမျိုးနဲ့ တိုင်းပြည်မှာ
မုတ်ဆိတ်တွေ ရှည်လျား
ခေါင်းမြီးခြုံ ကိုယ်ဖုံးထားတဲ့
ဆာရီ တကားကား သားတို့ မမြင်ချင်ဘူးအမေ။

လူ့အခွင့်အရေးကို လေးစားပါတယ်
လူ့အခွင့်အရေးအောက် ငါးပါးမှောက်အောင်လုပ်မဲ့
လူတွေကိုတော့ အားမပေးပါရစေနဲ့ အမေ။

အမေ့ကို ချစ်ခဲ့တယ်
NLD ကိုယုံကြည်ခဲ့တဲ့
ဒေါင်းအလံကို ခြုံခဲ့တယ်။

ဒါပေမဲ့ ခုတော့
ယုံကြည်ချက်တွေကို ကုလားနှောင့်ယှက်
ဘာသာဖျက်မဲ့ အမိုက်ကောင်တွေကြောင့်
အမေ့အပါးက ထွက်ခွာခွင့်ပြုပါတော့ အမေ။

၈ လေးလုံးတုန်းက
စကြာဝဠာထက် မိုးလုံးဟိန်းခဲ့တဲ့ လက်ခုပ်သံ
အမေ့ အတွက် တသောသောညံခဲ့ပေမဲ့
ခုချိန်မှာတော့ သားတို့ တစ်သိုက်
လက်ဖြောက်တောင် မတွတ်တော့လို့
နှုတ်ဆက်လိုက်ပါတယ် အမေရယ်။

အမေတစ်ယောက် လမ်းမှန်ရောက်လို့
အရောင်ညစ်နေတဲ့ NLD
သန့်စင်အောင် လျှော်နိုင်တဲ့ တစ်နေ့
အမြန်ရောက် ပါစေလို့ ဆုတောင်းခဲ့ပါတယ် အမေ။

တစ်ချိန်က သား

မိုးမြင့်


From : https://www.facebook.com/photo.php?fbid=1472013206360656&set=a.1405628046332506.1073741828.100006559726470&type=1 

Posted by Arakan Man on 3/24/2014
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ