Related Posts Plugin for WordPress, Blogger...

Photo: ရခိုင် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ ANP ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည်

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ လစ်လပ်နေသော လွှတ်တော်ကိုယ်စားလယ် (၃) နေရာ အတွက် ရခိုင်အမျိုးသားပါတီ (ANP) မှ  ပါဝင်ယှဉ်ပြိုင်ရန် သင့်မသင့်ကို ယခုလ ၂၃ ရက်နေ့တွင် စတင် ကျင်းပမည့် ယင်းပါတီ၏ ဗဟို အလုပ်အမူဆောင် ကော်မီတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု သိရသည်။

ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မတ်လ ၂၃ ရက်နေ့ စတင်ကျင်းပမည့် အစည်းအဝေးတွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းကို ယခင် RNDP အထွေထွေ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ  ဦးဦးလှစောက နိရဉ္စရာသို့ ပြောသည်။

“ဆုံးဖြတ်ချက်ကတော့ မချရသေးပါဘူး။ ဒါကို ANP ပါတီက ဗဟိုကော်မတီက ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒီလ ၂၃ရက်နေ့မှာ လုပ်မယ့် ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်သွားမှာပါ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် လစ်လပ်နေသော လွှတ်တော်ကိုယ်စားလှယ် (၃) နေရာမှာ  မင်းပြားမြို့နယ် အမျိုးသား လွှတ်တော်အမတ် ဦးစောဖြူ (RNDP ပါတီ)၊ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိန်သာ (RNDP ပါတီ) နှင့် ဂွမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးစိုးအေး (ပြည်ခိုင်ဖြိုးပါတီ) တို့၏ နေရာများ ဖြစ်ကြသည်။

သူတို့ သုံးဦးစလုံးမှာ ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သဖြင့် ယင်းနေရာ (၃) ခုမှာ ရခိုင်ပြည်နယ်တွင် လစ်လပ်နေသည်။

မြန်မာ တစ်နိုင်ငံလုံး အနေဖြင့် လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ် နေရာများမှာ ပြည်ထောင်စုလွှတ်တော်တွင် ၁၉ဦး၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်တွင်  ၁၁ဦး  ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ယမန်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လွှတ်တော် ကျင်းပမည့် ရက် အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ယခုနှစ် နိုဝင်္ဘာလနှင့် ဒီဇင်္ဘာလ တို့တွင် ကျင်းပနိုင်သည်ဟု သတင်း မီဒီယာများကို ထုတ်ဖေါ် ပြောကြားထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင်  ရခိုင်အမျိုးသားပါတီ (ANP) အတွက် အဓိက ပြိုင်ဘက်မှာ ပြည်ခိုင်ဖြိုးပါတီသာ ဖြစ်မည်ဟု ဦးဦးလှစောက ဆက်ပြောသည်။

“ ကျွန်တော်တို့ ပါတီသာ ၀င်ရင် အဓိက ပြိုင်ရမယ့် ပါတီက ပြည်ခိုင်ဖြိုး ပါတီ ဖြစ်မယ်လို့ ကျွန်တော်တို့က ခန့်မှန်းထားပါတယ်” ဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲအား ကျင်းပရန် အစီအစဉ်ရှိကြောင်းကို မတ်လ ၂၀ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

နိရဉ္စရာသတင်း

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ