Related Posts Plugin for WordPress, Blogger...

အစိုးရက သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာနာမည် မထည့်ပါဘူးလို့ အချိန်မီ အကြောင်းမပြန်တာကြောင့် ရခိုင်တိုင်းရင်းသားတွေ သန်းခေါင်စာရင်းကောက်မှာကို သပိတ်မှောက်ကြမယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ ရခိုင်ပြည်နယ်တ၀န်းရှိ မြို့ကြီးတွေက ရခိုင်လူမျိုးသိန်းနဲ့ချီပြီး သန်းခေါင်စာ ရင်းကောက်တဲ့နေရာ ရိုဟင်ဂျာလူမျိုး ထည့်သွင်းဖော်ပြခွင့် မပြုဖို့ ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။

တ်လ ၁၆ ရက်မှာ ရခိုင်ပြည်နယ်တ၀န်းရှိ မြို့ကြီးတွေက ရခိုင်လူမျိုးသိန်းနဲ့ချီပြီး သန်းခေါင်စာ ရင်းကောက်တဲ့နေရာ ရိုဟင်ဂျာလူမျိုး ထည့်သွင်းဖော်ပြခွင့် မပြုဖို့ ကန့်ကွက်ဆန္ဒပြစဉ်

အဲ့ဒီနောက် မတ်လ ၁၇ ရက်မှာ ရိုဟင်ဂျာနာမည် မထည့်ဖို့ ဗဟိုသန်းခေါင်စာရင်းကော်မတီထံ စာရေးသားတောင်းဆိုခဲ့ပြီး မတ်လ ၂၁ရက် နောက်ဆုံးထား အကြောင်းပြန်ဖို့လည်း ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် မတ်လ ၂၁ရက်မှာ အကြောင်းမပြန်တဲ့အတွက် သပိတ်မှောက်မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ သတင်းပြန်ကြားရေး ဦးသန်းထွန်းက ပြောပါတယ်။

“၂၁ ရက်နေ့အထိ အကြောင်းပြန်ကြားခြင်း မရရင် ကျနော်တို့က ရခိုင်ပြည်နယ်တခုလုံး အကောက်မခံပဲနဲ့ ဆန္ဒပြကြမယ်လို့ ဆရာတော်ဘုရားကြီးရဲ့ အဆိုအတိုင်းပဲ ကျနော်တို့က ၂၁ ရက်နေ့ ကျော်လာပြီဖြစ်တဲ့အတွက် အခုအချိန်မှာ ရခိုင်ပြည်နယ်တခုလုံး သန်းခေါင်စာရင်း အကောက်မခံဖို့အတွက် သပိတ်မှောက်ဖို့အတွက်ကို လုပ်ငန်းတွေ ကြိုတင်ပြင်ဆင်တဲ့ ကာလ ရောက်နေပါပြီ။”

ဘယ်ပုံဘယ်နည်း သပိတ်မှောက်မယ်ဆိုတာကိုတော့ မတ်လ ၂၃ ရက်မှာ သတင်းထုတ်ပြန်သွား မယ်လို့လည်း ပြောပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး မတ်လ ၁၉ ရက်မှာ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ နိုင်ငံတကာ စံနှုန်းနဲ့အညီ လုပ်သွားမယ်လို့ ပြောပါတယ်။

“ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ ကိစ္စလည်း သူတို့ ညှိနှိုင်းဆဲပဲ ခင်ဗျ။ ညှိနှိုင်းဆဲပဲဆိုတာ ဒီဘက်ကလည်း ဘင်္ဂါလီပဲ ထည့်ရမယ်။ ရိုဟင်ဂျာ အထည့်မခံဘူးဆိုတဲ့ ဟာမျိုး ရှိသလို ဟိုဘက်ကလည်း ရိုဟင်ဂျာပဲ ထည့်မယ်ဆိုတာ ရှိပါတယ်။ အဲဒါတော့ သူတို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ပြည်နယ်အစိုးရအဖွဲ့တွေကနေ ညှိနှိုင်းဆောင်ရွက်ပေးဆဲ ဖြစ်ပါတယ်။ သူတို့က ဘယ်လိုပြောရမလဲဆိုရင်တော့ အဖြေအတိအကျတော့ မထွက်လာသေးဘူး။ အဓိကတော့ ဘာပြောချင်လဲဆိုတော့ နိုင်ငံတကာစံနှုန်းနဲ့ အမျိုးသား အကျိုးစီးပွားပေါ့ ဒီ ၂ ခုကို ယှဉ်ပြီး အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်သွားပါ့မယ်။”

ရခိုင်ပြည်နယ်ထဲရှိတဲ့ မြို့နယ် ၁၇ မြို့နယ်စလုံးမှာ သန်းခေါင်စာရင်းကောက်တာကို သပိတ်မှောက်ကြမှာဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ဖို့ ဆယ်ရက်တောင်မလိုတော့တဲ့အချိန်မှာ ရခိုင်တိုင်းရင်းသားတွေ သန်းခေါင်စာရင်းကို သပိတ်မှောက်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ DVb news

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ