Related Posts Plugin for WordPress, Blogger...


ယခုအခါ ဒေါ်စုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် (ဒါမှမဟုတ်) အသစ်ပြန်ရေးဆွဲရန် အတွက် ပြည်သူလူထုထံသို့ချပြ၍ ပြည်သူ့ဆန္ဒကောက်ခံသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ လက်ရှိဖွဲ့စည်းပုံ အရဆိုလျှင် ဒေါ်စုကြည်အနေဖြင့် သမ္မတဖြစ်နိုင်ဖို့ အလွန်အလှမ်းဝေးလျက် ရှိပေသည်။ ၂၀၁၅ ရောက်ဖို့ကလည်း နီးလာနေ၍ ပုဒ်မ ၅၉ ပြင်ဆင်ရေးကလည်း ယခုအချိန်အထိ ဘာမှန်းမသိ ဖြစ်နေပါသည်။ ဒေါ်စုကြည်အနေဖြင့် ပူပန်သောကရောက်နေမည်ဟု ထင်မိပါသည်။ ကျွန်တော်သည် နိုင်ငံရေးတော့ မကျွမ်းကျင်ပါ။ လူ့သဘောသဘာဝ ကိုတော့ အမြဲတမ်းအလေးထားတတ်ပါသည်။

လူသည် များသောအားဖြင့် ကိုယ့်အတ္တကိုသာ ကိုးကွယ်ကြပါသည်။ လောကရှိ သာမန်ပုထုစဉ် လူသား အားလုံးသည် ကိုယ့်ကိုယ်ကိုအချစ်ဆုံးသာ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးကို ချစ်ပါသည်ဟု ပြောဆိုနေသမျှ လိမ်လည်နေသည်ဟု ယူဆပါသည်။ ယနေ့ မြန်မာနိုင်ငံရေးလောကရှိ ၀န်ကြီး၊ ၀န်လေးများ၊ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်များအနေဖြင့် မည်မျှပင် အာပေါင်အာရင်းသန်သန်ဖြင့် တိုင်းပြည်အကျိုးအတွက် အနစ်နာ ခံ၍လုပ်ဆောင်ပြောဆိုနေကြသည်ကို မကြားချင်အဆုံး၊ မမြင်ချင်အဆုံး တွေ့မြင် ကြားသိနေရပါသည်။ ဒေါ်စုကြည် ဆိုသည်မှာလည်း သာမန်ပုထုစဉ်တစ်ဦးသာ ဖြစ်သည့်အတွက် ၎င်း၏ ကိုယ်ပိုင်အတ္တကိုသာ အချစ်ဆုံးဖြစ်ပါ လိမ့်မည်။ 


တိုင်းပြည်ကို ပိုချစ်သည်ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ အပြော သက်သက်သာ ဖြစ်ပါလိမ့်မည်။ ဘာကြောင့်လဲဆိုရလျှင် ဗုဒ္ဓဘာသာ မိခင်တိုင်းသည် ကိုယ့်သားသမီးတိုင်းကို ကိုယ်ကိုယ်တိုင်ပြီးလျင် အချစ်ဆုံး ပင်ဖြစ်သည်။ သို့သော် ဒေါ်စုကြည်အနေဖြင့် ၎င်း၏ သားသမီးများကို တိုင်းတစ်ပါးမှာထားပြီး ကိုယ်ကိုယ်တိုင်ကျ မြန်မာနိုင်ငံထဲမှာ လာရောက်နေထိုင်ကာ သမ္မတဖြစ်ရေး လုပ်ဆောင်နေပုံကို ကြည့်ချင်းအားဖြင့် ကိုယ့်အတ္တကို ရှေ့တန်းတင်လွန်းရာကျသော သိသာထင်ရှားသည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ဒေါ်စုကြည်အနေဖြင့် မိမိ သမ္မတ ဖြစ်ချင်ကြောင်း နှုတ်က ဖွင့်ဟ ပြောဆိုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရိုးသားမှုရှိသည်ဟု ကောက်ချက်ချနိုင်သလို သမ္မတဖြစ်ချင်သည့်ဆန္ဒကို အသိနှင့် ထိန်းချုပ်နိုင်စွမ်းမရှိလောက်အောင် ဖြစ်ချင်လွန်းအားကြီးသည်ဟုလည်း ယူဆရပါသည်။ ဖြစ်ချင်စိတ်သည် အဆုံးစွန်အထိ ရှိနေသည်ကို တွေ့ရပါသည်။ 


ဒေါ်စုကြည်အနေဖြင့် မျိုးရိုးသမိုင်းကြောင်း ကောင်းသည့်အပြင် ပညာအရည်အချင်းနှင့်လည်း ပြည့်စုံနေ ပါလျက် သမ္မတမဖြစ်ခဲ့သော် နိုင်ငံရေးသမားတို့၏ ပရိယာယ်မာယာအတိုင်း ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းကို ဖန်တီးမည်ဖြစ်ပါသည်။ ထိုသို့ဖန်တီးရန်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရန်(သို့မဟုတ်)အသစ်ရေးဆွဲရန် အတွက် ပြည်သူ့ဆန္ဒကောက်ခံ၍ ဆောင်ရွက်နေခြင်းသည် ထိပ်တိုက်တွေ့ဆုံရန်လမ်းကြောင်းအစပျိုးနေသည်ဟု ယူဆပါသည်။ ကျွန်တော်တို့လူထုမှာလည်း ဒေါ်စုကြည်ဆိုတာနှင့်နောက်ကပါပြီးသားဖြစ်နေပါသည်။ ယခုကာလ တွင် ပုဒ်မ ၅၉ ပြင်ဖို့အတွက် ပြည်ပအား ပြည်တွင်းအား ပေါင်းစပ်၍ အစိုးရအား ဖိအားပေးလုပ်ဆောင်လျက် ရှိသည်ကို သိသာစေသည့်အချက်မှာ စင်္ကာပူခရီးစဉ်တွင်ပြောခဲ့သောစကားများနှင့် ပြန်ရောက်စဉ် ပြောဆိုသော စကားများ ဆက်စပ်ကြည့်က သိမြင်နိုင်ပါသည်။ သမ္မတမဖြစ်ခဲ့သော် အစိုးရနှင့်ပြည်သူ ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းကို ဒေါ်စုကြည်အနေဖြင့် လုပ်ဆောင်မည်ဖြစ်ပါသည်။ ဒါကြောင့် ကမ္ဘာမီးလောင် သားကောင်ချနင်း တော့မှာလား ဟု အမေစုအား မေးမြန်းချင်မိပါတော့သည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ