Related Posts Plugin for WordPress, Blogger...

From : ..eleven


လာမည့် အောက်တိုဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်တွင် မြစ်ကြီးနားမြို့၊ မနောကွင်း၊ မဂျွယ်ခန်းမတွင် ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် သူများသည် ယခင်မေ ၃၀ ဆွေးနွေးပွဲကထက် နှစ်ဆကျော် များမည်ဖြစ်ကြောင်း သိရသည်။

ယခင် ဆွေးနွေးပွဲတွင် အစိုးရ၊ ကေအိုင်အို၊ လေ့လာသူပေါင်း ၆၅ ဦးသာ တက်ရောက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အစိုးရအဖွဲ့မှ ၃၀ ဦး၊ ကေအိုင်အိုမှ ၅၃ ဦး၊ လက်နက်ကိုင် အဖွဲ့များမှ ၂၄ ဦး၊ ပါတီ ခုနစ်ပါတီ၊ ကချင်ပြည်နယ်တွင်း ရှမ်းရေးရာအဖွဲ့၊ လေ့လာသူများ အပါအ၀င် အနည်းဆုံး ၁၁၅ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ယခု ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်းမှူး ထွန်းထွန်းနောင် အပါဝင် ၃၀ ဦး တက်ရောက်မည်ဖြစ်ပြီး ကေအိုင်အိုမှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာမှ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူး လဖိုင်ဇော်ရော် စသည့်ခေါင်းဆောင် ရှစ်ဦးနှင့် နောက်ပါဝန်ထမ်း ၄၅ ဦး ပါဝင်မည် ဖြစ်သည်။

ယခင်က တက်ရောက်ခဲ့သည့် KNU၊ KNPP၊ CNF၊ NMSP၊ SSP၊ UWSP၊ RCSS၊ NDAA တို့အပြင် ABSD ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ PSLF ပလောင်ပြည်နယ် လွတ်လပ်ရေး တပ်ဦး၊ PNLO ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ စသည့်သုံးဖွဲ့မှာ ယခုဆွေးနွေးပွဲတွင် ထပ်မံပါဝင်လာခြင်း ဖြစ်သည်။ ယခု ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် ပါတီကိုးခုကို ဖိတ်ကြားခဲ့သော်လည်း ခုနစ်ဖွဲ့သာ တက်မည်ဟု သိရပြီး ထူးခြားမှု အနေဖြင့် ကေအိုင်အေ၏ အကြမ်းဖက်မှုကို ဆန့်ကျင်ဝေဖန်နေသော ရှမ်းတိုင်းရင်းသားများ ရေးရာအဖွဲ့ (ကချင်ပြည်နယ်) အဖွဲ့လည်း တက်ရောက်ခွင့် ရထားကြောင်း သိရသည်။

ထို့ပြင် ကုလအထူးကိုယ်စားလှယ် ဗီဂျေနမ်ဗီးယားနှင့် မာရီယမ်၊ တရုတ်နိုင်ငံ သံအမတ်နှင် တရုတ်နိုင်ငံ အရှေ့တောင်အာရှဆိုင်ရာ အထူးသံတမန် မစ္စတာဝမ်ယိန်းဖန်းတို့ တက်ရောက်မည် ဖြစ်သည်။


 .. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ