Related Posts Plugin for WordPress, Blogger...

From : ..the voice



မြန်မာနိုင်ငံသို့ လာရောက်မည့် ရင်းနှီး မြှုပ်နှံသူများနှင့် ကမ္ဘာလှည့်ခရီးသွားများ အတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သော e-Visa စနစ်ကို သုံးလအတွင်း စတင်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီက ပြောကြားသည်။

e-Visa စနစ်တွင် အသုံးပြုမည့် မာစတာ၊ ဗီဇာစသည့် အွန်လိုင်းငွေပေး ချေကတ်များကို စစ်ဆေးနိုင်မည့် စနစ်နှင့် အခြေခံအဆောက်အဦ လိုအပ်ချက်များ အတွက် ကုမ္ပဏီများနှင့် ညှိနှိုင်းနေကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"တစ်လ၊ နှစ်လအတွင်း အပြီးမဟုတ်တောင် သိသာထင်ရှားတဲ့ အနေအထားတော့ ရောက်မယ်" ဟု ဦးခင်ရီကဆိုသည်။
အွန်လိုင်းဗီဇာစနစ် အကောင်အထည် ဖော်ရာတွင် ပြည်ပနိုင်ငံအသီးသီးရှိ ခရီးသွား များထံမှ ကောက်ယူမည့် ဗီဇာကြေးကို လက်ခံမည့် ဘဏ်များ၊ ငွေလွှဲစနစ်များအတွက် ပြင်ဆင်နေကြောင်း ၄င်းကရှင်းပြသည်။

e-Visa စနစ်ကို ၂၀၁၂ ခုနှစ် အတွင်းစတင်မည်ဟု ကြေညာခဲ့သော်လည်း လက်တွေ့တွင် စတင်နိုင်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးပြောင်းလဲ လာပြီဖြစ်၍ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီး မြှုပ်နှံမှုကို များစွာ အထောက်အကူ ဖြစ်နိုင်မည့် e-Visa စနစ်ကို အမြန်ဆုံးအကောင် အထည်ဖော်သင့်ကြောင်း ခရီးသွားလုပ်ငန်း ရှင်များက အကြံပြုထားသည်။

အာဆီယံဒေသတွင်း နိုင်ငံများမှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဗီဇာလျှောက်ထားရန် မလိုဘဲ သွားရောက်နိုင်ရန် ဒီဇင်ဘာလမတိုင်မီ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

၂၀၁၁ ခုနှစ်မှစတင်ကာ နိုင်ငံ ၅၁ နိုင်ငံမှ ခရီးသွားများကို မြန်မာနိုင်ငံသို့ လာရောက်လိုသူများ အတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


 .. www.MyanmarExpress.net

Posted by Arakan Man on 9/19/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ