Related Posts Plugin for WordPress, Blogger...

ဒီနေ့ ကရင်နှစ်သစ်ကူးနေ့... မယ်လမုဘုရားပွဲလည်းရှိတော့ ကရင်တွေလည်းပျော်၊ ဘုရားပွဲလာ သူတွေလည်းပျော်၊ လမ်းတွေလည်းပိတ်။ ဒါပေမယ့် ပျော်နေတဲ့သူတွေကို မြင်ရတာ ခါတိုင်းလမ်းပိတ် တာထက်တော့ ကြည်နူးစရာပေါ့။
ဒီလိုနဲ့ တရွေ့ရွေ့လာရင်း NLD ရန်ပုံငွေအရောင်းဆိုင်လေးတွေရှေ့ အရောက်မှာ Rap သီချင်းသံ သဲ့သဲ့ကြားလို့ ကားကက်ဆက်ပိတ်၊ မှန်ချပြီး နားထောင်ကြည့်မိတယ်။

အားပါးပါး... နိုင်ငံကျော် Rapper ဇေယျာသော်ပါတဲ့ ပါတီလို့မထင်ရလောက်အောင်၊ မီးကျိုးမောင်းပျက် အိုးနင်းခွက်နင်း Rapping တွေ နားထဲ အားမာန်အပြည့်နဲ့ အတောင့်လိုက်ကြီးဝင်လာတယ်။ ဘာတွေ ဆိုနေတာလည်း သေချာနားထောင်ကြည့်မှ ပိုတောင်ဆိုး။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း နဲ့ ကျောင်း သားသမဂ္ဂမှာ ဘယ်လိုပါတယ်၊ မြန်မာ့တပ်မတော်ကို ဘယ်လိုစတင်ခဲ့ တယ်ဆို တာတွေ ပါ။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ NLD ပါတီဝင်တစ်ယောက် မဟုတ်ပါ။ NLD ပါတီဆိုတာဟာလည်း ဗိုလ်ချုပ်ေ အာ င် ဆန်း တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်သော အမျိုး သားရေး    ခေါင်းေ ဆာ င် ကြီး တစ်ဦးပါ။

ကြည့်နေရင်း အတွေးစလေးတွေ ဝင်လာပါတယ်...

၁။ NLD ပါတီရံပုံငွေ ဈေးဆိုင်လေးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ခပ်ညံ့ညံ့ Rap သီချင်းလုပ် ဆိုဖို့၊ အဲဒီလိုဆိုထားတာကို ဖွင့်ဖို့ ဘယ်သူက ခွင့်ပြုထားပါသလဲ...

၂။ NLD ပါတီက ဘာလုပ်လုပ် အများနဲ့သက်ဆိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို NLD ရဲ့ ခေါင်းဆောင်ကြီး သဖွယ်၊ စတင်တည်ထောင်သူကြီးသဖွယ် ပိုစတာကြီးတွေကပ်တာဟာ ဘာသဘောပါလဲ... NLD စည်းရုံးရေးမှူး များဟာ အဖေ့အရှိန်သုံးပြီး လူရာဝင်ချင်တဲ့၊ ကိုယ့်နာမည်အရင်မပြောဘဲ အဖေဘယ်သူ ဆိုတာ အရင်ပြောတဲ့ တချို့အကြီးအကဲတွေရဲ့ သား၊သမီးတွေလိုမျိုးလား... 

၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုအပါအဝင် ဆုပေါင်းများစွာ ပိုင်ရှင်ပါ။ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးပါ။ အဲဒီလို ခပ်ညံ့ညံ့ အလုပ်နဲ့ငွေ မရှာခိုင်းသင့်ပါဘူး.....

၎။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို လမ်းဘေးက ဝါးလုံးတန်းမှာ အကွပ်မပါ၊ ဘောင်မပါ၊ ပလပ် စတစ်ေ လာ င်းပြီး ကျွတ်ကျွတ်ကြိုးနဲ့ ချိတ်သင့်ပါသလား...

ကထိန်အလှူခံသူ/လှည့်သူတွေ... Techno သီချင်းတွေဖွင့်ပြီး Beer သောက်ရင်း လမ်းပေါ် Day Club လုပ်၊ အသားကုန် တွန့်ကြတာကို ရုတ်တရက် သတိရမိသွားပြန်တယ်...သြော်  လွဲမှားနေတဲ့ ဒေါ်စုပါလား..

အနောက်ဘက်ဆီက စူးစူးဝါးဝါး ဟွန်းသံတွေကြားလိုက်ရလို့ လန့်ပြီး ကားရှေ့ကိုကြည့်လိုက်မိတယ်...

အော်... ရှေ့ကကားတွေ ရွေ့နေပြီဘဲ...

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သားအဖတို့ရဲ့ ဓါတ်ပုံများကတော့ လမ်းဘေး ဝါးလုံး တန်းလေး မှာ ကျွတ်ကျွတ်ကြိုးလေးတွေတန်းလန်းနဲ့ လေတိုက်တိုင်း ဘယ်ညာ ယိမ်းနေကြလေရဲ့ ဗျာ...
ဗိုလ် ချုပ်နာမည်နဲ့ လုပ်စားနေသည့် ဒေါ်စု အားတစ်ခုပြောလိုပါသည် NLD ပါတီကို ဗိုလ်ချုပ် တည်ထောင်
ခဲ့တာ မဟုတ်သည့် အတွက်  ဗိုလ်ချုပ်နာမည်နှင့် အလှူခံ ချင်းများ နှင့်  ပါတီ အတွက်ငွေ ရှာခြင်းများကို
ရှောင်ရှားသင့်ကြောင့် ပြောကြားလိုပါတယ် ။

From:Tayza Win

Myanmar Daily Star Group

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ