Related Posts Plugin for WordPress, Blogger...

အမေ
မြန်မာတို့ရဲ့အမေ
ကျွန်တော်တို့ရဲ့အမေ
ငြိမ်းချမ်းရေးအမေလို့
နိုင်ငံသားတိုင်းချစ်ခင်ကြတယ်။

 အသားအရောင် မခွဲခြားဘူး
သားနဲ့သမီး မခွဲခြားဘူး
လူမျိုးသားချင်းလည်းမခွဲခြားဘူး
ကြောသားရင်သားမခွဲခြားတတ်တဲ့အမေ။

မဟတ္တမဂန္ဒီရဲ့ အမေ
 လင်ကွန်းရဲ့ အမေ
 အောင်ဆန်းရဲ့ အမေ
 နေရူးရဲ့အမေ ။

 သူမပါရင် မပြီးဘူးဆိုတာသိပေမယ့်
သူ့အတွေးထဲမှာ ရွာဦးကျောင်းလေးမရှိတောဘူး
ထုံးဖြူစေတီလေးလည်း မရှိတောဘူး
သူ့စိတ်ကူးထဲမှာ ကျွန်တော်တို့လည်းမရှိတောဘူး
အရမ်းစိတ်အားငယ်ရတယ်အမေ။

ကျွန်တော်တို့တွေက
 ကုလသမဂ္ဂကိုလည်း မသိဘူး။
 အင်အားကြီးနိုင်ငံကိုလည်း မသိဘူး။
 မြို့မှာလည်းမပျော်ဘူး
 ရုပ်ရှင်လည်းမကြိုက်ဘူး
 အော်စကာဆုလည်း မသိဘူး။
ကမ္ဘာကြီးလုံးတာကိုလည်းမသိဘူး။

အခုတော အမေဟာ ဒါတွေကိုထားခဲ့ပြီ
ကျွန်တော်တို့ကိုသတိလည်းမရတောဘူး
အမေအတွက်ပေးခဲ့တဲ့အသက်တွေကို
အမေဥပေက္ခာပြုထားပြီး
 ဂုဏ်ဓနကိုလိုက်စားနေတယ်။
သူတပါးနိုင်ငံမှာ
ကျွန်တော်တို့အမည်ကိုရောင်းစားနေတယ်။

ကျွန်တော်တို့ထမင်းငတ်ပေမယ့်
ဒီလောက်စိတ်မညံ့သေးပါဘူးအမေ။

ကျွန်တော်တို့က ဘာသာရေးနဲ့ လူမျိုးရေးကိုခွဲခြားတယ်
လူကိုလူလိုတန်းဖိုးထားပေမယ့်
မထိုက်တန်တဲ့သူတွေကိုတော မထားချင်ဘူး
တန်ပြန်ခံလာရမှာကို စိုးရိမ်လို့ပါ  အမေ။

ကျွန်တော်တို့မှာ ခြေနဲ့ဖဝါးပဲရှိပေမယ့်
အမေကို အားကိုးလို့မရတောဘူးဆိုတာ သိသာလာတယ်
အမေဟာ ကိုယ်ကျိုးအတ္တသမားတွေတွက်
ရှေ့တန်းတင်နေတယ်ဆိုတာ သိသာလာတယ်
အမေဟာ ကျွန်တော်တို့ကိုညာနေတယ်ဆိုတာ သိသာလာတယ်
အခုတော ကျွန်တော်တို့လည်း ခွဲခြားလိုက်ပါပြီး
ကျွန်တော်တို့ နှလုံးမှ
(ဒေါ်အောင်ဆန်းစိုးကြည်) မြန်မာနိုင်ငံရဲ့အမေ
 သေဆုံးသွားပြီးဆိုတာပါပဲ အမေ။



အဆိုးလေး (မြန်မာ)





 

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ