Related Posts Plugin for WordPress, Blogger...

ခေတ်အဆက်ဆက် ထိတွေ့မှု နည်းလွန်းခဲ့သည့် အင်တာနက် အသုံးပြုနိုင်မှု အခြေအနေသည် ယခုအချိန်တွင် ပြည်သူလူထု ရာခိုင်နှုန်း အနည်းငယ်၏ နေ့စဉ်ဘ၀ထဲမှ မရှိမဖြစ် အရာတစ်ခု ဖြစ်လာခဲ့သည်။ နည်းပညာရှင် ဖြစ်စရာ မလိုဘဲ လွယ်ကူစွာ အသုံးပြုနိုင်သော ၀က်ဘ်ဆိုက် ရေးသားခြင်းများ ဖွံ့ဖြိုးလာခဲ့သည့်အတွက် အချင်းချင်း ကူးလူးဆက်ဆံမှု လျင်မြန်လာပြီး အခြားသူများ၏ အတွေးအခေါ် အသိအမြင်များကို လွယ်ကူစွာ သိမြင်လာနိုင် သကဲ့သို့ မိမိ၏ အတွေးအခေါ် အသိအမြင် များကိုလည်း အလွယ်တကူ ကျယ်ကျယ် ပြန့်ပြန့် ရေးသားဖြန့်ဝေ လာနိုင်သည်။ မည်သည့် အရာမဆို အကောင်းရှိလျှင် အဆိုးလည်း ရှိမည်သာ။ ကြီးမားသော ကောင်းကျိုးကို လက်ခံနိုင်မည်ဆိုလျှင် ဒွန်တွဲပါလာသော ဆိုးကျိုးများ၏ ဒဏ်ကိုလည်း ခံနိုင်ရမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုမှု တွင်ကျယ်လာပြီး လူမှုကွန်ရက်နှင့် တစ်ကိုယ်ရေ ၀က်ဘ်ဆိုက်များ ဖွံ့ဖြိုးလာခြင်း၌ ကောင်းကျိုးများနှင့် ဒွန်တွဲဖြစ်ပေါ်လာသည့် အကြီးမားဆုံး ဆိုးကျိုးမှာ ဆိုက်ဘာ အနိုင်ကျင့်မှု (Cyberbullying) များဖြစ်သည်။

ဆိုက်ဘာ အနိုင်ကျင့်မှု ဆိုသည်မှာ အင်တာနက်နှင့် နည်းပညာကို အသုံးပြု၍ အခြားလူ တစ်ဦးတစ်ယောက်အား ထိခိုက် အရှက်ရစေမှု ဖြစ်သည်။ အင်တာနက်နှင့် နည်းပညာကို အသုံးပြု၍ လူတစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်းပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်များ၊ စွပ်စွဲချက်များဖြင့် ထိခိုက်အရှက်ရစရာ ဖြစ်အောင်၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်အောင် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်ရှိတွင် လူမှုကွန်ရက်နှင့် ကိုယ်ပိုင် ၀က်ဘ်ဆိုက်များပေါ်၌ ဖြစ်ပွားနေသည့် ဓာတ်ပုံ၊ ဗွီဒီယိုများကို ခွင့်ပြုချက် မရှိဘဲ ကူးယူကာ ညစ်ညမ်းသည့် နေရာများတွင် အသုံးပြုခြင်း၊ သတင်းအချက်အလက်မှား၊ ကောလာဟလများဖြင့် တစ်ပါးသူ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်ခြင်း အစရှိသည်တို့သည် ဆိုက်ဘာ အနိုင်ကျင့်မှုများပင် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခံရခြင်းအားဖြင့် အနိုင်ကျင့် ခံရသူတွင် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူမှုရေး စီးပွားရေး ပြဿနာများ ဖြစ်ပေါ်ရပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်။ မကြာသေးမီ အချိန်က ပျံ့နှံ့ခဲ့သော နည်းပညာ တက္ကသိုလ်မှ လူငယ်နှစ်ဦး၏ အဖြစ်အပျက်သည် ဆိုက်ဘာ အနိုင်ကျင့်မှု၏ သိသာထင်ရှားသော သာဓကပင် ဖြစ်သည်။

မေးခွန်းရှိလာသည်မှာ နည်းပညာကို အသုံးပြု၍ လူတစ်ဖက်သား အပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ထိုကဲ့သို့ အနိုင်ကျင့်ခွင့် ရှိပါသလားဟူ၍ ဖြစ်သည်။ လူမှုကွန်ရက်နှင့် ကိုယ်ပိုင် ၀က်ဘ်ဆိုက်တွင် ထိုကဲ့သို့ အနိုင်ကျင့်မှုများ၊ ရေးသားဖြန့်ဝေ နေသူများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အကာအကွယ်ယူ၍ အပြစ်မရှိသယောင် ရေးသားပြောဆို နေကြ သည်။ အမှန်အားဖြင့် ထိုသို့ရေးသား ဖြန့်ဝေမှုများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဘောင်မ၀င်ဘဲ နိုင်ငံတကာတွင်လည်း ရာဇ၀တ်မှုသင့်သော ပြစ်မှုများ ဖြစ်သည်။ ထိုကဲ့သို့ ခွင့်ပြုချက် မရှိသော ပုဂ္ဂိုလ်ရေး အချက်အလက်များ၊ မမှန်သတင်း ကောလာဟလများဖြင့် ထိခိုက်အရှက်ရအောင် ရေးသားဖြန့်ဝေမှုများသည် မြန်မာနိုင်ငံတွင်လည်း အနိမ့်ဆုံးအားဖြင့် အသရေဖျက်မှု ဥပဒေနှင့် ငြိစွန်းသော အပြုအမူဖြစ်သည်။ များမကြာမီ အချိန်တွင် ဆိုက်ဘာ ရာဇ၀တ်မှုများနှင့် ပတ်သက်သည့် ဥပဒေများ ထွက်ရှိလာမည် ဖြစ်သည့် အတွက်လည်း ပိုမိုကြီးမားသည့် ပြစ်မှုပြစ်ဒဏ်များ ခံစားရမည်ဖြစ်သည်။ အင်တာနက်ပေါ်တွင် ရေးသားဖြန့်ဝေခြင်းများ ဖြစ်သည့်အတွက် တာဝန်ယူစရာ မလိုဘဲ ဥပဒေကင်းလွတ်ခွင့် ရသည်ဟု ထင်မြင်ယူဆလျှင် မှားယွင်းမည်သာဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အပေါ် အာမခံချက် ရှိသော်လည်း ထုတ်ဖော်ပြောဆိုမှု၏ နောက်တွင် တာဝန်ယူမှု သည်လည်း ရှိရမည်ဖြစ်သည်။

ဆိုက်ဘာ အနိုင်ကျင့်မှုမှန်း သိလျက်နှင့် ဆက်လက်ရေးသား ဖြန့်ဝေမှုများ ပြုလုပ်နေသူများ ရှိသကဲ့သို့ ရာဇ၀တ်မှု မြောက်နေမှန်း မသိသောကြောင့် ရေးသားဖြန့်ဝေ နေသူများလည်း ရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဥပဒေတွင် မသိနားမလည်မှုကြောင့် လုပ်မိပါသည် ဆိုသည့် အချက်ကို ကင်းလွတ်ခွင့် ပေးခြင်းမျိုး မရှိသောကြောင့် ဆိုက်ဘာ အနိုင်ကျင့်မှုများ ပြုလုပ်နေသူတို့ အနေဖြင့် တရားဥပဒေအရ အရေးယူမှုဒဏ်ကို မလွဲမသွေ ခံစားရမည်ဖြစ်ကြောင်း The Daily Eleven သတင်းစာက ထောက်ပြရေးသား အပ်ပါသည်။



The Daily Eleven 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ