Related Posts Plugin for WordPress, Blogger...


ကျိုင်းတုံ ၊ ၂၇-၉-၂၀၁၃
         
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မူးယစ် (အထူး) တပ်ဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီ အချိန်က မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးဆိုင်ရာ သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်ရေး အလယ်အလတ် အဆင့် အစည်းအဝေး အခမ်းအနား ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်နယ် ဒုတိယ ရဲမှူးကြီး ကျော်ထွန်း ကျိုင်းတုံခရိုင် မူးယစ် (အထူး) အဖွဲ့နှင့် တာချီလိတ် ခရိုင်မူးယစ် (အထူး) အဖွဲ့တို့မှ တာဝန်ရှိ သူများ ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီး တိုက်ဖျက်ရေး ဌာန ၊ ပြည်ပ ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူး ကျူရှီးမင် နှင့် စစ်ဆောင်ပန်နား ပြည်နယ်ခွဲ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြသည်။
အစီအစဉ် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်နှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ် ခေါင်းဆောင် တို့က အဖွင့် အမှာစကား ပြောကြား ခဲ့ကြသည်။ ထို့နောက် အစည်းအဝေး တက်ရောက် လာသည့် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင် များက အပြန်အလှန် မိတ်ဆက် ကြပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဧရိယာ အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်မှု အခြေအနေ များနှင့် တားဆီး နှိမ်နင်း ဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်း သည်။
ဆက်လက်၍ တရုတ် နိုင်ငံမှ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်း ဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်း တင်ပြသည်။ ¤င်းနောက် မူးယစ်ဆေးဝါး ကိစ္စဆိုင်ရာ များအား ဆွေးနွေးကြပြီး တရုတ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်နှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်တို့ က နိဂုံးချုပ် အမှာစကား များ ပြောကြား ကြသည်။ အစည်းအဝေး အပြီးတွင် မြန်မာ - တရုတ် နှစ်နိုင်ငံ ကိုယ်စားလှယ်များ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်၍ အမှတ်တရ ဓာတ်ပုံများ စုပေါင်း ရိုက်ကူး ခဲ့ကြောင်း သိရှိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ