Related Posts Plugin for WordPress, Blogger...

မလေးမှာ မြန်မာတွေကို ကျိုးကြောင်းမဲ့သတ်ဖြတ်ခဲ့လို့ ဒါဇင်နဲ့ ချီပြီး အသက်ဘယ်နေရကထွက်ခဲ့ရတယ် ဘယ်သူတွေသတ်ခဲ့တယ် သေဆုံးသူဟာ ဘယ်သူတွေဖြစ်နေတယ် ဆိုတာ မသိလိုက်ရ သေချာ တာကတော့ ရွှေမြန်မာတွေကို အလစ်အငိုက်ဖမ်းပြီး အုပ်စုဖွဲ့ပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့မှု အမေရိကန်က တာလီဘန်တွေကို သတ်မှတ်ခဲ့တဲ့ အကြမ်းဖက်မှု ဆိုရင် မှားမည်မဟုတ်

တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် တိုင်းတပါးအသီးသီးမှာ ရေကြည်ရာ မျက်နုရာ မိသားစုဝမ်းရေးဖြေရှင်းဖို့ သွားရောက်လုပ်ကိုင်နေကြတဲ့ ကာယ ညာန လုပ်သားတွေဖြစ်ကြတယ် တိုင်းပြည်မရှိသူတွေ မဟုတ် အိုးအိမ်မရှိသူတွေမဟုတ် သူတပါးတိုင်းပြည်မှာ ပြည်နယ် တစ်ခုရဖိဲု့ တောင်းဆို မဲ့ သူတွေမဟုတ် သူများတိုင်းပြည်မှာ သားဖေါက်မဲ့သူတွေမဟုတ်

တိုင်းပြည်ရှိသည် အိုးအိမ်ရှိသည် မိသားစုတွေရှိသည် မိခင်တိုင်းပြည် အခြေအနေအပေါ်မူတည်ပြီး အချိန်တန်ရင် အိမ်ပြန်ကြမည့် သူတွေဖြစ်သည် ဒါကို ကမ္ဘာကသိပြီးဖြစ်သည်

ဒီလပထမအပါတ်ထဲမှာ မလေးမှာ မြန်မာတွေကို အကူအညီပေးနေတဲ့ မိတ်ဆွေတစ်ဦးနဲ့ နေ့စဉ် သတင်းတွေ ဖလှယ်ဖြစ်ခဲ့သည် သူ့ဆီက မလေးသတင်းတွေကို ရယူခဲ့သည်

မိတ်ဆွေ နေ့စဉ်ပြောတာတွေကို ခြုံငုံကြည့်မယ်ဆိုရင် ဒီနေ့ ဘယ်နှစ်ယောက် ဘယ်နေရာမှာ အသတ်ခံရတယ် ဘယ်သူတွေဖြစ်တယ် ဆိုတာ မြန်မာတွေ ပြန်ဖို့ပဲ စဉ်းစားနေကြတယ် လုံခြုံတဲ့ နေရာ ဆိုတာ အလွန်ကို ရှားပါးတယ် ဘုန်းကြီးကျောင်းကိုသွားဖို့ ဆိုတာကလည်း ဝေး တဲ့ နေရာတွေကဆိုရင် မလွယ်ဘူး အလုပ်လဲ မလုပ်နိုင်ကြဘူး အိမ်ကိုလဲ ဆက်သွယ်ဖို့ အစဉ်မပြေဘူးတဲ့

ပြည်တွင်းမှာရှိတဲ့ မိသားစုတွေကို ဆက်သွယ်မေးမြန်းကြည့်တော့လဲ အလွန်ကို စိတ်ပူနေကြတယ် အားလုံးရဲ့ ဆန္ဒက ကိုယ်တိုင်းပြည်မှာပဲ ရတဲ့ အလုပ်ကို ရသလောက်ဝင်ငွေနဲ့ ပြန်လာပြီး အလုပ် လုပ်စေခြင်ကြတယ်တဲ့

ဒီလိုသတင်းတွေကို ကြားသိရပြီးတဲ့ ကျုပ်မှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းညွန့်ထံဆက် သွယ်ပြီး ပြည်တွင်းပြည်ပ အခြေအနေတွေကို ပြောပြခြစ်ခဲ့တယ် ဦးသိန်းညွန့်လဲ ချက်ချင်းပဲ ဆုံးဖြတ်ချက်ချတယ် ဒီနေ့ ပါတီ ခေါင်းဆောင်တွေ အစည်းအဝေးခေါ်ပြီး ကြေညာချက်တစ်ခု ထုတ်ပြန်မယ် သူကိုယ်တိုင် ကြေညာချက်ကို ခက်ချင်းရေးတယ် ကျုပ်က ချောပေးတယ် နေ့လယ်ပိုင်းမှာ ပါတီကို တင်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ် ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့တယ်

ပါတီဆိုဒ်ကနေ ရေးရတဲ့ ကြေညာချက်ဟာ အလွန်ကို သတိကြီးစွာ ထားပြီးရေးရပါတယ် ဦးသိန်းညွန့်ကတော့ ဥပဒေပညာရှင်ပီပီ အခြေခံဥပဒေမှာပါတဲ့ ဥပဒေတစ်ခုကို ကိုင်းစွဲပြီးအခြေံ ရေး သားဖြစ်တယ်

ကျုပ်ကတော့ ကိုယ်ခံစားရတာတွေ တွေ့ရှိချက်တွေကို ပုဂ္ဂိုလ်ရေး ဆန်ဆန် ရေးပြီး မလေးရောက်ရွှေမြန် မာများသိစေရန်ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်စောင်ရေဖြစ်ခဲ့တယ် ဒါကို ဦးသိန်းညွန့်ထံ တင်ပြသေးတယ် ဦးသိန်းညွန့် ကတော့ မင်းပုဂ္ဂိုလ်ရေး ရေးတာတွေကို သါဘာမှ ကန့်ကွက်စရာမရှိဘူးလို့ ပြောပါသေးတယ်

မလေးကမိတ်ဆွေနဲ့ စကားပြောဖြစ်တဲ့ အထဲမှာ ကျုပ်နေနဲ့ အားပေးခဲ့တာလေးတွေလဲ အမှတ်ရသေးတယ် ခင်ဗျားတို့ အနေနဲ့ ၃-၄ ရက်လောက် ဆက်ပြီး တောင်ခံထားပါ မကြာခင် အစိုးရဘက် ဆောင်ရွက်ချက်တွေ လုပ်လာမှာပါ အခုအချိန်က လတ်တလောဆိုတော့ သူတို့မှာ အတွေ့အကြုံမရှိသေးလေတော့ အချိန်နဲနဲယူနေပုံရတယ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မကြာခင် လုပ်လာတော့မှာဆိုတော့ သူအရမ်းကို အားရှိသွားတယ် ပါတီရဲ့ ကြေညာချက်ကိုလဲ သူ့ဆီရောက်အောင် ပို့ပေးလိုက်တော့ အရမ်းကျေးဇူးတင်တယ်လို့ ပြောသေးတယ် ပါတီကြေညာချက်နဲ့ ကျုပ်ရေးတဲ့ စာတွေကိုလဲ မိတ္တူတွေ ကူးပြီး မြန်မာတွေကို ဖြန့်ဝေပေးလိုက်တယ် မြန်မာတွေ က စာတွေဖတ်ပြီး အရမ်းအားရှိသွားတယ် ကျေးဇူးလဲတင်တယ်ဆိုတဲ့ စကားတွေကို ပြန်လည်ဖေါက်သည်ချပေးပါသေးတယ်

ကဲအခုတော့ ကျုပ်တွက်ဆပေးတဲ့ အတိုင်းပဲ ဒီနေ့ မလေးရောက်ရွှေမြန်မာတွေအတွက် မင်္ဂလာသတင်းကို စတင်ပြီး မြင်လိုက် ကြားလိုက်ရပါပြီ
သမ္မတ ဦးသိန်းစိန်ရဲ့ ကူညီမှု အစီအစဉ်တွေ လေကြောင်းလိုင်းတွေရဲ့ ကူညီမှုအစီအစဉ်ဆွေ လုပ်ငန်းရှင် (ခရိုနီ) တွေရဲ့ ငွေကြေး လှူဒါန်းမှုတွေ တွေ့ရတဲ့ အပြင်

သာဓုပါဗျာ သာဓု သာဓု

မလေးအစိုးရက မြန်မာတွေကို မြန်မာတွေကသာပြန်သတ်နေတာပါ ဆိုတဲ့ သတင်းတွေအစား လူသတ်တရားခံ တွေ့ရဲ့ ဓါတ်ပုံတွေကို မလေးသတင်းစာတွေမှာ ဖေါ်ပြပေးတာ တွေ့ရပါပြီ

ကျုပ်ရေးတဲ့ စာမှာပါသလို မလေးရောက်မိတ်ဆွေကို သုံးသပ်ပြခဲ့သလို လက်ရှိအစိုးရသည် ပြသနာတစ်ခုဖြစ်ပေါ်လာရင် ချက်ချင်းဆောင်ရွက်နိုင်မှု အားနည်းနေတာဟာ အတွေ့အကြုံမရှိသေးတာက တစ်ကြောင်း စစ်တပ်ကလူဝတ်လဲပြီး တက်လာတဲ့ အစိုးရဖြစ်နေလို့ အတိတ်တစ္ဆေ ခြောက်ခံရမှာ စိုးရိမ်ပူပန်နေတာက တစ်ကြောင်း ချက်ခင်းလက်ငင်းမဖြေရှင်းနိုင်ပဲ ရက်အတန်ကြာမှ ဆွေးနွေးမှု တိုင်ပင်မှု ပညာရှင်တွေရဲ့ အကြံမှုတွေကို ပြုလုပ်ပြီးပါမှ ဆုံးဖြတ်ချက်တွ အရေးယူမှုတွေ ကိုင်တွယ်ဖြေရှင်မှု တွေ ပြုလုပ်ခဲ့တာ တွေ ရှေ့မှာ သဓက အဖြစ်ရှုမြင်စရာတွေ ရှိနေပါတယ်

ဒါကို တလွဲ အဓိပ္ပါယ်ကောက်ပြီး ထိုင်ကြည့်နေတယ် မဆိုင်သလိုနေနေတယ်ဆိုတဲ့ ဝေဖန်သံတွေလဲ ကြားသိရပါသေးတယ် သူတို့ကိုတော့ အပြစမဆိုသာပါ ဘာကြောင့်လဲဆိုတော့ ဟိုမှာက နေ့စဉ်အသတ်ခံနေရတယ် အမျိုးကိုထိရင် မချိအောင်နာ ဆိုတဲ့ အမျိုးသားရေး စိတ်ဓါတ်ကို အခြေခံပြီး ခံပြင်းတဲ့ စိတ်နဲ့ ဆန္ဒစောတာကို နားလည်ခွင့် လွှတ်နိုင်ပေမယ့်
အစိုးရဘာလုပ်လုပ် အကောင်းမပြောနိုင်သူတွေကို ရင်နာမိတာအမှန်

ခရိုနီတွေဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ လဲ ပြည်သူ့အကျိုးကို တိုက်ရိုက် ကူညီမှုဟာ မလေးရောက်မြန်မာတွေအတွက် ပထမဦးဆုံးနဲ့ သမိုင်းဝင်မဲ့ ဆုံးဖြတ်ချက် လို့ ဆိုချင်ပါသေးတယ် သူတို့ နေရာမှာ နိုင်ငံခြားက လုပ်ငန်းရှင်တွေဆိုရင် သူတို့လို ကူညီပေးပါ့မလားလို့လဲ စောဒကတက်ပြီး စဉ်းစားမိလိုက်ပါသေးတယ်

သာဓုပါဗျာ ခင်ဗျားတို့ အနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို အခြားလူပုဂ္ဂိုလ် ပါတီ အဖွဲ့အစည်း တွေနဲ့ သွယ်ဝိုက်တဲ့ ကူညီမှုမျိုးထက် တိုက်ရိုက် ကူညီပေးမှုမျိုး ကို ပြည်သူတွေက ပိုပြီး လိုလားပါတယ် ဆိုတာ ဒီကိစ္စက သက်သေခံသွားပါလိမ့်မယ်

ဒီပို့စ်မှာ ကျုပ်ရေးထားတဲ့ စာမှာပါတဲ့ဆုတောင်းလေးကိုပဲ ပြန်လည်ဆုတောင်းပေးလိုက်ပါတယ်

မလေးရောက်မြန်မာများ အမိမြေမှာ မိသားစုနဲ့ ပျော်ရွှင်ကြည်နူးစွာ အမြန်ဆုံး ပြန်လည်ဆုံးတွေ့နိုင်ကြပါစေ

သန်းထွန်း ( TGKN)
From:Ko Thantun

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ