Related Posts Plugin for WordPress, Blogger...

ပဲခူးတိုင်း ၀န်ကြီးချုပ် …..
လှေစီးတာနဲ့ ပတ်သက်တဲ့ ဝေဖန်စာကို ….
လွန်ခဲ့ တဲ့  နာရီ ၂၀ လောက်က ….
ကျွန်တော့် ဝေါ ပေါ်ကိုတင်ပြီး ဝေဖန်ဖြစ်ပါတယ်….

နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ …..
အရမ်း ဂရုစိုက်သင့်တဲ့ ကိစ္စပါ……
ကျန်တဲ့ လူကြီးတွေ မမှားဖို့ …..
သတိထားဆင်ခြင်နိုင်ဖို့ လဲ ရည်ရွယ်ပါတယ်……။

ဒါပေမယ့် သေချာ စဉ်းစားကြည့်ရင်တော့…..
ဒီလို အဖြစ်အပျက်မျိုးဟာ…..
နေရာတိုင်း အချိန်တိုင်း လူတိုင်းမှာ ဖြစ်နိုင်ပါတယ်….

ခင်ဗျားတို့ ကျွန်တော်တို့ မှာလဲ ……
အဲဒီလို ဓာတ်ပုံမျိုးလေးတွေ ကိုယ်စီရှိဘူးပါတယ်…..
အစားပုတ်တယ် ထင်သွားစေတဲ့ ဓာတ်ပုံမျိုး…..
အရုပ်ဆိုးတယ် ထင်သွားစေတဲ့ ဓာတ်ပုံမျိုး…..
ဆတ်ကော့ လတ်ကော့ နိုင်တယ် ထင်သွားစေတဲ့  ဓာတ်ပုံမျိုး …….
စသဖြင့်ပါ…….

သာမန်လူတွေမှာ ပြသနာမရှိပေမယ့် ….
Image ရှိတဲ့ သူတွေမှာ ဖြစ်လာရင်တော့….
ဒါဟာ…..
အကြီးအကျယ် ဂွကျပြီး ….
ရှင်းရလဲ အတော် ခက်တော့တာပါပဲ….။

ကျွန်တော် ကိုယ်တိုင်လဲ မြင်ကာစက …..
အတော်နိုင်ငံရေးပါး မ၀တာပဲလို့ …..
မျက်မှောင် ကြုတ်မိပါတယ်….
နောက်တော့လဲ ရယ်မိတယ်….
ဖဘ မှာ ပုံတွေ ပလူပျံလာတော့…
သူ ဘယ်လိုနေမလဲ ဆိုပြီး….
တဖြည်းဖြည်း ဂရုဏာ သက်မိတယ်…
ဒါပေမယ့် …..
နောက်ပိုင်းမှာ ဒါကြီးကိုပဲ…..
ဝါးတားဂိတ် အရေးအခင်းလောက်….
ပဲခူးတိုင်း အစိုးရ အဖွဲ့ ပဲ ဆင်းပေးရတော့မလောက်…
ယဉ်လတ်ဆို …ဘယ်လို…..
အိုဘားမား ဆို …ဘယ်လို လုပ်လာတော့…..
မျက်စိလဲ အတော်နောက်လာပါတယ်…..

ခင်ဗျားတို့ သိထားဖို့ က ….
နိုင်ငံရေးသမား အများစုဟာ…
လူထုရှေ့ မှာ ကိုယ့်ကိုယ်ကို …..
အမြင်ကောင်းအောင် လုပ်ကြတာပါပဲ……
ရေကြီးတဲ့ သူတွေ လိုက်ကြည့်တဲ့  ယဉ်လတ်လဲ ….
အိမ်ပြန်ရောက်ရင်….
ဒုက္ခသည်တွေ ဝေတဲ့ ထမင်းထုပ် နဲ့ ထမင်းမစားပါဘူး……
ရေထဲ ဆင်းပြနိုင်ရုံလေးနဲ့ …..
အားလုံး အိုကေမယ်ဆိုရင်….
တံငါသည်တွေ ခေါ်အုပ်ချုပ်ခိုင်းရုံ ရှိတော့မှာပါ….

ဒီ အဖြစ်အပျက်ဟာ….
နိုင်ငံရေးပါးမ၀ပဲ ....
သတိလက်လွတ်ဖြစ်သွားတဲ့ ….
နိုင်ငံရေးသမား တစ်ဦးရဲ့ ….
ဟာသ ဓာတ်ပုံတစ်ခု လောက်အနေနဲ့ ပဲ…
သင့်တော်ပါတယ်….
ဒါကြီးကို ကိုင်ပြီး….
နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားလာရင်တော့ ….
ပိုရယ်စရာကောင်းတာ…..
ခင်ဗျားတို့ ပဲ ဖြစ်သွားမှာပါ…..

အင်စတီကျုးရှင်းတွေ အားမကောင်း….
အခြေခံအဆောက်အအုံတွေ မပြည့်စုံ…..
လူ့ အရင်းအမြစ်က စွမ်းရည်မပြည့်သေးတဲ့ ဒီနိုင်ငံမှာ…..
သတင်း လွတ်လပ်ခွင့်ပေးပြီး….
အစိုးရ တက်လုပ်ရတာသည် …..
ကျောင်းတုန်းက …..
မော်နီတာ လုပ်သလောက်တော့ လွယ်လှမယ် မဟုတ်ပါ….

ထပ်ပြောပါရစေ….
ဒီလို ပုံမျိုးလေးတွေ လူတိုင်းမှာ ရှိခဲ့ ဘူးပါတယ်….။


From: Ye Moe

www.mmdailystar.com

Posted by Arakan Man on 9/05/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ