မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ နိုင်ငံတော်သမ္မတရုံးမှ ကျပ်သိန်းငါးရာ လှုဒါန်းခြင်းမှာ
မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ၏ လွတ်လပ်ခွင့်ကို မထိခိုက်စေသည့် လှူဒါန်းခြင်းဖြစ်သည်ဟု
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက စက်တင်ဘာ ၎
ရက်တွင်ပြောသည်။
ယင်းသို့ ပြောကြားခဲ့ခြင်းမှာ လှုဒါန်းငွေအတွက်
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ စာနယ် ဇင်းကောင်စီ (ယာယီ) ရုံးခန်းသို့
လာရောက်ပေးအပ်ခဲ့သည့် အချိန်တွင်ဖြစ်သည်။
ဒုဝန်ကြီးဦးပိုက်ထွေးက “စာနယ်ဇင်း ကောင်စီ (ယာယီ) လိုအပ်နေတဲ့ အခက်အခဲ ကို အောင်မြင်အောင်
ဆောင်ရွက်နိုင်ဖို့ အတွက်နိုင်ငံတော် သမ္မတရုံးကနေ စာနယ်ဇင်းကောင်စီရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်
စေတဲ့ကူညီပံ့ပိုးမှုပေးအပ်တဲ့
ငွေသိန်းငါးရာကို စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌကို တလေးတစားနဲ့
လာရောက်ပေးအပ်ခြင်း ဖြစ်ပါတယ်။ အခြားအကြောင်း ကိစ္စမရှိပါဘူး ”ဟု ပြောသည်။
အဆိုပါ
ငွေကြေးသည် နိုင်ငံတော်သမ္မတ၏ ကိုယ်ပိုင်ငွေဖြင့် လှုဒါန်းခြင်းဖြစ်သည်ဟု
အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများပျံ့နှံ့ နေပြီး
ယခုကဲ့သို့ မီဒီယာ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ
ရှိနေသည့်အချိန်တွင် လှူဒါန်းငွေကို လက်ခံသင့် ၊ လက်မခံသင့် ဟူသည့် သဘောထား
ကွဲလွဲမှုများလည်း ရှိနေသည်။ အဆိုပါ လှူဒါန်းငွေကို စာနယ်ဇင်း
ကောင်စီ(ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးက လက်ခံခဲ့သည်။
သို့သော်လည်း ယင်းငွေကြေးမှာသမ်္မတ ၏ ကိုယ်ပိုင်ငွေကြေးမဟုတ်ဘဲ အစိုးရဘတ် ဂျက်မှ လှူဒါန်းခြင်း
ဖြစ်ပြီး
နှောင်ကြိုးမဲ့ လှုဒါန်းခြင်းဖြစ်သည်ဟုလည်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ
(ယာယီ) မှ အတွင်းရေးမှုး ဦးကျော်မင်းဆွေက ပြောသည်။
ဦးကျော်မင်းဆွေက
“သိန်းငါးရာကိုလည်း သမ္မတက ချက်ချင်းပေးလိုက်တာမဟုတ်ဘူး၊ နောက်နေ့မှ
တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အကြောင်းကြားခဲ့တာပါ၊ သိန်းငါးရာ လှူတဲ့အတွက်
စာနယ်ဇင်းကောင်စီ ရဲ့ရပ်တည်ချက် လုံးဝထိခိုက်မှာမဟုတ်ဘူး၊
နဂိုမူလခံယူချက်အတိုင်းပဲ ဆက်သွားမယ်” ဟု ပြောသည်။
စာနယ်ဇင်းကောင်စီ
(ယာယီ) ကို စတင်တည်ထောင်စဉ်ကပင် အမှီအခိုကင်းစွာ ရပ်တည်ခဲ့ပြီး သတင်း
မီဒီယာ ဥပဒေတွင် ထည့် သွင်းရေးဆွဲထားသည့်အတိုင်း စာနယ်ဇင်းကောင်စီသည်
နှောင်ကြိုးမဲ့ငွေကြေး လှုဒါန်းမှုများကို လက်ခံသွားမည်ဖြစ်သည်ဟုလည်း
၎င်းကထပ်ဆင့် ပြောသည်။
အင်တာနက်စာမျက်နှာများပေါ်ရှိ
ဝေဖန်မှုများနှင့်ပတ်သက်၍လည်း ဦးကျော်မင်းဆွေက “လက်တွေ့ လုပ်ရပ်နဲ့
တိုင်းတာကြဖို့ မေတ္တာရပ်ခံပါတယ်” ဟုတုံ့ပြန်ပြောဆိုလိုက်သည်။
ယင်းငွေသိန်းငါးရာကို
လက်ရှိတွင် စာနယ်ဇင်းကောင်စီ အနေဖြင့်မည်သို့စီမံသုံး စွဲသွားမည်ကို
မဆုံးဖြတ် ရသေးဟုလည်း အတွင်းရေးမှူးက ဆိုသည်။
ကောင်စီသို့အဖွဲ့စည်းများမှ လာရောက် လှူဒါန်းသည့် ငွေကြေးများဖြင့် သတင်းလောက အကျိုးအတွက်
ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်ပမှ သတင်းအတတ်ပညာရှင်များ ဖိတ်ခေါ်၍ စာနယ်ဇင်းသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
စာနယ်ဇင်းကောင်စီကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး လာမည့်သက်တမ်း အတွက်
ရွေးကောက်ပွဲ
ပြုလုပ်၍ ပြန်လည်ဖွဲ့စည်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။
စာနယ်ဇင်းကောင်စီ (ယာယီ) သည် တစ်နှစ်အတွင်း သတင်းလောကသားများနှင့်
ပက်သက်သည့် တိုင်ကြားမှုပေါင်း ၃၄ ခု ဖြေရှင်း
ပေးခဲ့ပြီးဖြစ်သည်။
စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် နိုင်ငံတော်သမ္မတ၊ ပြန်ကြားရေးဝန်ကြီးများနှင့် စာနယ်ဇင်း
ကောင်စီ (ယာယီ) မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။
မဇ္ဈိမ

0 comments