Related Posts Plugin for WordPress, Blogger...


မန္တ လေး ပြည်ကြီးတံခွန်မြို့နယ် တံ ခွန်တိုင်ရပ်ကွက်တွင် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှ လာရောက်၍ အမျိုးသမီးများအား စည်းရုံးခေါ် ဆောင်နေသူ အမျိုးသမီးနှစ်ဦး ကို ဖမ်းမိခဲ့ကြောင်း သိရသည်။
တံခွန်တိုင်ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးသည် ၎င်း၏နယ်မြေအတွင်း တရုတ် နိုင်ငံ ကျယ်ဂေါင်မှ အမျိုးသမီး တစ်ဦးရောက်ရှိပြီး အမျိုးသမီး ငယ်များအား စည်းရုံးခေါ်ဆောင် နေကြောင်းသတင်းအရ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့(မန္တလေး)မှ ရဲအုပ်ထင်အောင် ရဲမြင့်နှင့် ရဲတပ်ကြပ်ကြီး ညီညီ မြင့်မောင်တို့ကစုံစမ်းခဲ့ရာ မစန္ဒာ (ခ)မငယ်လေးသည် တရုတ်နိုင်ငံ ကျယ်ဂေါင်တွင်နေထိုင်ပြီး အနှိပ် ခန်းဖွင့်လှစ်ထားကြောင်း၊ မိန်း ကလေးငယ်များကို စုဆောင်း ခေါ်ဆောင်ပြီး အနှိပ်ခန်းတွင် အလုပ်လုပ်ခိုင်းကာ ရောင်းစား ကြောင်း အသက်ငယ်ငယ်အမျိုး သမီးသုံးဦးခန့် ခေါ်ယူလိုကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များသည် တံ ခွန်တိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ တို့နှင့်ညှိနှိုင်းကာ မိမိ၏အမာခံ ဖြစ်သော မ-----အား အသွင် ယူပြီး ဩဂုတ်၃ဝရက် မွန်းလွဲ၁ နာရီခန့်တွင် မစန္ဒာ(ခ)မငယ်လေး ရောက်ရှိနေသောအိမ်သို့ စေလွှတ် ကာ မွန်းလွဲ၂နာရီတွင် ရဲတပ်ဖွဲ့ ဝင်များ၊ အသိသက်သေများနှင့် စောင့်ဆိုင်းနေစဉ် ၎င်းတို့ငှားရမ်း သုံးစွဲနေသော ၉က/----ခဲရောင် ဗင်ကားအားတားဆီးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူစစ် ဆေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ ကျယ်ဂေါင် (၅)လမ်းနေသူများ ဖြစ်သည့် မစန္ဒာ(ခ)မငယ်လေး နှင့် မဇင်မျိုးခိုင်တို့၏ ထွက်ဆို ချက်အရ ကျယ်ဂေါင်တွင် ထူးကဲ အမည်ဖြင့် အနှိပ်ခန်းဖွင့်လှစ်ထား ကြောင်း၊ အဆိုပါအနှိပ်ခန်းအ တွက် မန္တလေးသို့ မိန်းကလေးများ လာရောက်ခေါ်ယူ စုဆောင်းခြင်း နှင့် ရောင်းစားရန်အတွက်ဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သဖြင့် မစန္ဒာ(ခ)မငယ်လေးနှင့် မဇင်မျိုးခိုင်တို့အား လူကုန်ကူး မှု တားဆီးကာကွယ်ရေးဥပဒေ အရ အရေးယူပေးပါရန် ရဲအုပ် ထင်အောင်ရဲမြင့်က တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ (ပ)၄၄၇/၂၀၁၃ လူကုန်ကူးမှုပုဒ်မ ၂၄/၃၂အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

မန်းကိုကို ၊ မန္တလေး ၊စက်တင်ဘာ(၃)
Yangon Media Group

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ