Related Posts Plugin for WordPress, Blogger...

From : .. Myit Ma kha



ဟင်္သာတ နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြည်သူများ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ထားရပြီး အကူညီများလိုအပ်ချိန် စင်္ကာပူမှ မြန်မာများ ဒေါ်လာ ၃၀ ကို ဖြုန်းတီးနေ ကြောင်း သိရသည်။ စင်္ကာပူတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် ဝင်ကြေး ဒေါ်လာ ၃၀ ကောက်ခံနေပြီး ထိုငွေများကို လက်တလော ဒုက္ခရောက်နေတဲ့ မြန်မာရေဘေးဒုက္ခသည်များကို ကူညီပါက ပိုမိုတန်ဖိုးရှိမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၂ပေမြင့်တက်လာသည့်အတွက် ဟင်္သာတမြို့နယ်အနိမ့်ပိုင်းရှိ ကျေးရွာများမှ  အိမ်ခြေ၁၀၀နီးပါး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ရေဘေးအရေးပေါ်ကယ်ဆယ်မှုများအား စက်တင်ဘာ(၁၉)ရက်နေ့မှစ၍ စစ်ကုန်းအုပ်စုရေ လယ်သောင် ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။
 အဆိုပါဒေသများမှာ မြေနိမ့်ပိုင်းဒေသများဖြစ်သည့်အတွက် နှစ်စဉ်မြစ်ရေတက်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း ယခုနှစ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်တက်လာသည့်အတွက်ကြောင့် အိမ်မွေးတိရိစ္ဆာန်များနှင့် ကျွဲ၊ နွား၊ ဝက်များအား ရေဘေးကင်းလွတ်သည့် ကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်းမှုများ ပြုလျှက်ရှိကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

စကုန်းအုပ်စုအတွင်းက ရေလယ်သောင်ကျေးရွားနဲ့ အောင်ချမ်းသာကျေးရွာက အများဆုံးဖြစ်ပါတယ်၊ ယာယီကယ်ဆယ်ရေး စခန်းတွေဆီ စက်လှေတွေနဲ့ ပြောင်းရွှေ့ထားပါတယ်ဟု စစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦကျော်သူရက ပြောသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်း၌ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေတို့ လိုအပ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု များအား မြို့နယ်သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီး၏ အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပြည်သူများအား ရေဘေးလွတ်ရာကုန်းမြင့်ဖြစ်သည့် ရေကာတာအတွင်းပိုင်းရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းသို့ ပြောင်းထားပြီး ဒေသခံများမှာ ယခင်နေထိုင်သော ကျေးရွာများသည် မြေနေရာ အနေအထား အနည်းငယ် နိမ့်သည့်အတွက် (၂၀၀၈) ခုနှစ်တွင် ခံစားခဲ့ရသော နာဂစ်မုန်တိုင်းကြောင့်ဖြစ်သည့် ရေလွှမ်းမိုးမှုနှင့် နှိုင်းယဉ်မည် ဆိုပါက တန်းတူနှုန်းလောက်သာ ရှိမည်ဖြစ်ဟု ဒေသခံ ရပ်ကွက်လူကြီး ဟောင်းတစ်ဦးက သုံးသပ်သည်။

 “အနိမ့်ပိုင်းဖြစ်နေတဲ့အတွက် ပထမရေမှီဖို့ နည်းနည်းသာ လိုတယ်ဆိုပေမဲ့ အရင်ကယ်ဆယ်ရေးလုပ်တဲ့ ရေအမှတ်နဲ့ သွားညီ နေတယ်။ နောက်ထပ်ရေတက်မယ်ဆိုရင် မပြောင်းရွှေ့သေးတဲ့ မိသားစုတွေအတွက် အခက်အခဲရှိနိုင်ပါတယ် ဟုဦးဌေးဝင်းက ပြောသည်။

လက်ရှိ စစ်ကုန်းအုပ်စုအတွင်းရှိ ရေလယ်သောင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကမ်းသာယာကျေးရွာနှင့် စစ်ကုန်းလေး (တာပြင်)ကျေးရွာများအား ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး အိမ်ထောင်စုပေါင်း (၁၀၀)ဝန်းကျင်၊ ကျွဲနွားနဲ့ အိမ်မွေးတိရိစ္ဆာန် (၆၀)ဝန်းကျင် ပြောင်းရွှေ့ထားရသည်ဟု မြို့နယ်ဒုဦးစီးမှူး ဦးဝင်း ဇော်ဦးက ဆိုသည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ