Related Posts Plugin for WordPress, Blogger...

From : ..EMG


အစိုးရ အနေဖြင့် နိုင်ငံပိုင်ငွေများကို ပြည်ပ၌ အပ်နှံထားခြင်း လုံးဝမရှိ ဆိုသည်မှာ လျှို့ဝှက်အကောင့်များဖြင့် ထားရှိခြင်း မဟုတ်ကြောင်းကို ဆိုလိုကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဦးရဲထွဋ်က စက်တင်ဘာ ၁၂ ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကိစ္စနှင့် ဆက်စပ်ပြီး ပြောဆိုရာ၌ "အစိုးရ အနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလို ပြည်ပမှာ အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလျံ အပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်ရှိရင် ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အသင့်ပါပဲ" ဟု ရေးသားခဲ့သည့်အတွက် ထိုရေးသားချက်ကို အခြေခံပြီး The Daily Eleven သတင်းစာက မေးမြန်းခဲ့သော မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ဦးရဲထွဋ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ဖြေရှင်းချင်တာက ဒါကခင်ဗျားတို့ရဲ့ သတင်းအရ ဘာကိုပြောလဲဆိုတော့ Private အကောင့်ပေါ့နော်။ Private အကောင့်အနေနဲ့ နိုင်ငံတော် အစိုးရက အတိုးယူပြီးတော့မှ နည်းနည်းလေး သွားအပ်ထားတယ်။ ဒီဘက်မှာကျတော့ လေးရာခိုင်နှုန်းနဲ့ ချေးနေရတယ် ဆိုပြီးတော့ပြောလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ဒါဟာ Secret အကောင့်ပဲ ပြောပြော၊ အဲလိုမျိုး လျှို့ဝှက်အကောင့်ပဲ ပြောပြော၊ ပုဂ္ဂလိက အကောင့်ပဲပြောပြော ဒီလိုလုပ်ထားတာ မရှိဘူး။ ဒါကိုပြောတာ။ ခုနက ၀န်ကြီးတွေ ရှင်းပြသွားတဲ့ နိုင်ငံခြား အရန်ငွေဆိုတာက နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးလည်ပတ်ဖို့အတွက် ဘယ်နိုင်ငံမဆို ထားရတယ်။ ဆိုလိုတာက ခင်ဗျားတို့ နိုင်ငံတစ်နိုင်ငံက ကုန်ပစ္စည်းတစ်ခုကို ရောင်းလိုက်လို့ အဲဒီက ငွေချေတဲ့အခါမှာ အဲဒီငွေထုပ်ကြီးကိုယူပြီး လာပို့တာမျိုး မရဘူး။ ကျွန်တော်တို့နဲ့ Correspondent ဘဏ်မှာရှိတဲ့ဟာက အဲဒီမှာတင် ငွေစာရင်းကိုအပေး ဒီလိုမျိုးနဲ့ လုပ်တဲ့စာရင်း။ နောက်တစ်ခါ ဘယ်လိုဟာမျိုးတွေ ရှိလဲဆိုတော့ နိုင်ငံခြားမှာ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ သံရုံးတွေ ရှိတယ်။ သံရုံးတွေကို ကျွန်တော်တို့က ငွေပို့တယ်။ သံရုံးတွေက သူတို့ရတဲ့ ဗီဇာကြေးလို ဟာမျိုးကို ကျွန်တော်တို့ကို ပြန်သွင်းပေးတယ်။ ဒီလိုဟာမျိုးတွေ လုပ်တဲ့အကောင့်။ ဒါက နိုင်ငံခြား ရန်ပုံငွေနဲ့ လုပ်တဲ့အကောင့်။ ကျွန်တော်တို့ ငြင်းတယ်ဆိုတာက လျှို့ဝှက်အကောင့်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လျှို့ဝှက်ပြီးတော့ သွားထားထားတယ်ဆိုတဲ့ အကောင့်မျိုးကို မရှိဘူးလို့ ကျွန်တော်က ပြောတာ" ဟု ဦးရဲထွဋ်က ပြန်လည်ဖြေကြား ခဲ့ပါသည်။

 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ