Related Posts Plugin for WordPress, Blogger...



ညီမလေးရေ 

သိပ်မကြာခင်မှာပဲ မြန်မာတွေရဲ့ နှစ်သစ်ကူး ပွဲတော် သင်္ကြန်ရက်လေးတွေရောက် လာကျတော့  မယ်နော်။မြန်မာနိုင်ငံကလည်းခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီအတိုင်း ကျင့် သုံးနေလေပြန်တော့  တချို့ အရာတွေကိုလည်း လက်မခံချင်ပဲလက်ခံနေရ သလို ဖြစ်နေပြန် တယ်လေ။ဒါေ ပမဲ့ လည်း ဒီနှစ်မှာတော့  ရိုးရာပွဲဆိုတာနဲ့ အညီ ၀တ်စားဆင်ယင်မူ့လေးတွေကို ထိန်းထိန်း သိမ်းသိမ်းဖြစ် ဖို့ စည်း ကမ်းတွေသတ်မှတ်ထားတယ်လို့ ကြားမိပြန်တော့  စိတ်အေးရပြန်တာပေါ့..........။

ညီမလေးရေ......
နိုင်ငံရေးမှ မဟုတ် ပါဘူး။လူတွေဖြစ် တည်လာတဲ့  ဟိုးရှေးရှေးကတည်းက အရာဝတ္တု ပဲဖြစ်ဖြစ်၊စိတ်နေ စိတ်ထားပဲဖြစ်ဖြစ် မျိုးတူရင် စုတက်ကျတာ သဘာဝပဲမဟုတ်လား။ညီမလေး စိတ်ထဲမှာမြင်အောင်ပြောပြ ရမယ်ဆိုရင် ခု လူငယ်တွေသုံးနေတဲ့  ဆိုရှယ်နက်ဝေါ့ ဖြစ်တဲ့ ဖေ့ဖုတ်မှာ သိပ်ကို ကွဲကွဲပြားပြားမြင်နိုင် တာပေါ့။

ဘာလို့ လဲဆိုတော့ ခေတ်ယဉ်ကျေးမူ့ဆိုတဲ့ စကားလုံးကို ခဏလောက်ထားလိုက်ဦး။ကိုယ်ဝတ်ထားတဲ့  အ၀တ်အစားက လူမြင်မကောင်းအောင်ဖြစ်နေ ခဲ့ ရင်..သေချာတယ်ညီမလေးရယ် ယောက်ျားလေးတွေ ခဏအပန်းဖြေရာ ဆိုတဲ့  မကောင်းတဲ့ မိန်းကလေးမဟုတ်ပေမဲ့  မသင့်လျှော်တဲ့  အ၀တ်အစားဝတ်မိလို့  အဲ့လို Fan Page ထဲရောက်သွားခဲ့ ရင်...သိပ် ကိုရှက်စရာကောင်းပါ တယ်နော်။ဘာဖြစ် လို့ လဲ ဆိုတော့ တခြား တဖက်မှာလည်း မြန်မာဆန်ဆန် မိန်းကလေးအလှတွေဆိုပြီး အစရှိသဖြင့် Fan Page  လေးတွေ ရှိကျပြန်တော့  ယောက်ျားလေးတွေစိတ်ထဲမှာရော၊ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာရော အဆင် မပြေလှပါဘူးကွယ်။

နောက်တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ စာပဲဖြစ်ဖြစ်၊အသုံးလိုတဲ့  ဓါတ်ပုံတပုံဖြစ်ဖြစ် အကိုတို့ တွေက Google မှာ ရိုက်ရှာဖြစ်ကျတယ်လေ။တဖြည်းဖြည်းခေတ်မှီလာတာကလွဲရင် Google Search မှာရောက် သွား တဲ့  ပုံတွေက တော့ ဘယ်သူတွေကဖျက်ပေးကျမှာလဲ။

ညီမလေးက နောင်တချိန် ခေတ်ပညာတက် အမျိုးသမီးဖြစ်လာမယ်။ ၀န်ထမ်းအရာရှိ တစ်ယောက် လည်းဖြစ်ကောင်းဖြစ်နိုင် တယ်။လေယာဉ်မယ်လည်းဖြစ်နိုင်တယ်။အများကြီးမှ တကယ်ကို အများကြီး ဖြစ်နိုင်သေး တယ်မဟုတ်လား။ဘယ်အရာတွေ မဖြစ်ခဲ့ စေဦးတော့  နောင်တချိန် မျိုးဆက် သစ်အတွက် အိမ်ထောင်ရက်သားကျပြီး မိခင်တစ်ယောက်တော့ ဖြစ်လာဦးမယ်လေ။
တဒင်္ဂ ကိုယ်ပျော်မြူးခဲ့ တဲ့  အချိန်၊လွတ်လပ်ခွင့်ဆိုပြီး စိတ်တိုင်းကျ ၀တ်ဆင်ခဲ့ မူ့တွေက နောင်တချိန် ကိုယ်သား သမီး၊ကိုယ်မိဘ၊ကိုယ်မောင်နှစ်မ ကြားမှာ ပတ်ဝန်းကျင်အလည်အရှက်ရစရာတွေဖြစ်မှာ စိုးရိမ်စရာသိပ်ကောင်းပါတယ်နော်.....။

သင်္ကြန်တွင်းမှာ ဥပုဒ်စောင့်ရမယ်လို့ ကိုယ်မဆိုလိုပါဘူးနော်။ကိုယ်ဖတ်ထားတဲ့  စာလေးကို ပြန်Sharing လုပ်ရရင်-

သင်္ကြန်တွက်ရိုးကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲ ရှောင်သင့်သည်များ
ကို သင်္ကြန်စာများ၌ အောက်ပါအတိုင်း ဖော်ပြထားကြလေသည်--------။
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။ (၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။ (၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။ (၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။ (၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။ (၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။
ဆိုပြီး အကိုမှတ်သားဖူးတယ်။

ညီမလေးသင်္ကြန်မှာ နှစ်ဟောင်းကိုစွန့်ပြီးနှစ်သစ်ကိုကြိုရင်း တချို့အရာတွေ ကို ရှောင်ကြဉ် နိုင် ပါစေနော်........

From: (ပုံရိပ်စစ်)

www.mmdailystar.com

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ