Related Posts Plugin for WordPress, Blogger...


solo-protest-rakhine-305.JPG
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဟိုတယ်တည်ဆောက်ဖို့ သိမ်းထားတဲ့မြေတွေ ပြန်ပေးရေး
 သြဂုတ်လ ၂၃ ရက်နေ့က သံတွဲမြို့ခံ ကိုစိုးဝေ ဆန္ဒပြနေစဉ်
photo: RFA/ Min Thein Aung

မြန်မာနိုင်ငံနေရာအှံ့ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေိးု့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ နှစ်ကြိမ်တိုင် တရားစွဲဆိုခံနေရတဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို နောက်ထပ် ပုဒ်မ ၁၈ နဲ့ ဒီနေ့ထပ်မံစွဲဆိုလိုက်ပြီး အာမခံကို မြို့နယ်တရားရုံးက ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။
တရားရုံးတက်ရောက်ခဲ့တဲ့ ကိုစိုးဝေရဲ့မိတ်ဆွေ သံတွဲမြို့ခံ ကိုမြင့်မိုးက RFA ကို အခုလိုပြောပါတယ်။

တရားသူကြီးက ကိုစိုးဝေကို အမခံရုပ်သိမ်းလိုက်ပြီလို့ ပြောပါတယ်၊ ဒီနေ့ညတော့ ထောင်ထဲမှာအိပ်ရမယ်၊ မနက်ဖြန် သူ့ကိုရုံးချိန်းထားပါတယ်၊ အခုအခါနဲ့ဆို သုံးကြိမ်ရှိပြီလေ၊ ပထမအကြိမ်ကျတော့ သူတို့ရပ်ကွက်ထဲက အာမခံနှစ်ယောက်ခေါ်လာပါတယ်၊ နောက်တစ်ကြိမ်ကျတော့ သူ့ကိုကိုယ်ပိုင် အမခံပေးပါတယ်၊ တတိယအကြိမ်ကျတော့ ခင်ဗျားကို ကျနော်အာမခံမပေးတော့ဘူး၊ အာမခံရုပ်သိမ်းလိုက်ပြီလို့ ပြောပါတယ်”
ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ မနေ့ညနေပိုင်းက သံတွဲမြို့ လေဆိပ်အနီးမှာ ၃ ကြိမ်မြောက် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ ထပ်မံတရားစွဲခံရတာဖြစ်ပါတယ်။
ကိုစိုးဝေကို မနေ့ညနေပိုင်းမှာ သံတွဲမြို့နယ်ရဲစခန်းမှူးအပါအဝင် ရဲဝန်ထမ်း ၆ ဦးလောက်က ခေါ်ဆောင်သွားပြီး ဒီကနေ့တရားရုံးမှာ အာမခံကို ပြန်လည်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။



RFA Burmese

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ