မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအ
လုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့်
MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည်
မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြော
င်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်းသီတဂူ
အထောက်အကူပြုအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံဒေါက်တာမြတ်သူ
မလေးရှားတွင် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေပြီး ဒုက္ခရောက်နေသည့်
မြန်မာ များအား လေယာဉ်လက်မှတ် အခမဲ့ဖြင့် MAI မှပြန်လည်ပို့ဆောင်ပေးရန်
စီစဉ်လျက်ရှိပြီး သီတဂူ အထောက် အကူပြုအဖွဲ့မှ လက်ရှိကောက်ခံ ရရှိထားသော
အလှူငွေများဖြင့် လေယာဉ်သုံးစင်းစာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေးသွားမှာပါ။
ကျန်းမာရေး မကောင်း သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊
အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ် သွားပါမယ် . . . . .
"သီတဂူ ဆရာတော်ကြီးက လက်ရှိအလှူငွေ အမေရိကန်ဒေါ်လာ၁၂၈၀၀၀ ခန့် ရထားပြီးပြီ။
လေယာဉ်တစ်ခေါက်ကို လူ ၁၇၀ ကျော် ပါမယ်။ တစ်ခေါက်ကုန် ကျစရိတ်က လေယာဉ်ခမပါ
ဒေါ်လာလေးသောင်းလောက် ကုန်မယ်ဆိုတော့ သုံးခေါက်ပို့ပေး သွားပါမယ်" ဟု
ဒေါက်တာမြတ်သူက ပြောကြားသည်။
သီတဂူ အထောက်အကူပြုအဖွဲ့၏
မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှ စက်တင်ဘာ ၉ ရက်တွင်
မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်တွင် ပထမဆုံး
အခေါက်အဖြစ် ပို့ဆောင်
ပေးမည်ဖြစ်ကြောင်း သိရသည်။
"အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး သွားမှာပါ။ ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ကလေးရှိတဲ့သူေ
က ဆရာတော်က ပြန်ခေါ်ဖို့ စီစဉ်နေတာပါ" ဟု ဒေါက်တာမြတ်သူကဆက်လက်ပြောကြားသည
စက်တင်ဘာ ၁၃ ရက်တွင် ဆိုက်ရောက်မည့် ပထမဆုံးအကြိမ်တွင် မြန်မာအလုပ်သမားများအား သီတဂူ ဆရာတော်ကိုယ်တိုင်လေဆိပ်၌သွားရေ
မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်နေသူဦးရေ
အများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြပြီး
မြန်မာနိုင်ငံသားများမှာ ဒုတိယအမျာ
းဆုံး ဖြစ်သည်။ လက်ရှိအချိန်ထိ
မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၇၀၀၀၀၀ ခန့်
ရှိနေပြီး ထိုအထဲတွင် ၈၀ရာခိုင်နှုန်းမှာ တရားမ၀င် အလုပ်သမားများ
ဖြစ်နေကြောင်း သိရသည်။
0 comments