Related Posts Plugin for WordPress, Blogger...

တောင်ကိုရီးယားမှ ပြန်လာအပြီး ၃ လ အကြာ ၂၀၁၃ ခု ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ပွဲတွင် မြန်မာ သက်ကြီးရွယ်အိုများ တရားစခန်းဝင်နေချိန်၌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြန်သည်။ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ ဂျပန်နိုင်ငံတွင် လည်ပတ်ခဲ့ပြီး ရေအားလျှပ်စစ် စက်ရုံသို့ သွားရောက်လေ့လာ ခဲ့သည်။ ယနေ့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်မှ ပြန်ရောက်တာ ၅ လ ကြာပြီဖြစ်သော်လည်း NLD ပါတီမှ ရေအားလျှပ်စစ်နှင့် ပတ်သက်၍ တစ်စုံတစ်ခု အကောင်အထည်ဖော်ခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်မှ ဘာအတွက် လေ့လာပြီး ဘယ်မှာ ပြန်အသုံးချတယ်ဆိုတာကိုလည်း ဖြေကြားခဲ့ခြင်း မရှိချေ။

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီအား မှတ်ပုံမတင်မလိုလို၊ တင်မလိုလို၊ အခြေခံဥပဒေကို ပြင်ပက ပြင်မလိုလို၊ အတွင်းက ပြင်မလိုလိုဖြင့် မူဝါဒ အမျိုးမျိုးပြောင်းခဲ့သော်လည်း ဂျပန်သတင်းထောက် များက မေးမြန်းစဉ် မြန်မာအစိုးရတွင် ဦးတည်ချက် အတိအကျမရှိဟု ဖြေကြားခဲ့သည်။


ဂျပန်နိုင်ငံ သတင်းထောက်များ ကလပ်တွင် ၁၇-၀၄-၂၀၁၃ ရက်နေ့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင်  ဂျပန်သတင်းထောက်မှ "လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲ" ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှ "ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံး အချက်ဟာ တိကျတဲ့ မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာ က ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး”  ဟု ဖြေကြားခဲ့ သဖြင့် လူထုက အံ့အားသင့်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မသိသော်လည်း မြန်မာနိုင်ငံတွင်းရှိ ရုပ်သံ လှိုင်းများ၊ သတင်းစာများ၊ စာအုပ်များသာမက၊ ဗွီဒီယို ရုပ်ရှင်ကားတိုင်းတွင် ဦးတည်ချက်များ ထည့်သွင်း ထားသဖြင့် မြန်မာပြည်သူ တစ်ရပ်လုံးက သိရှိပြီးဖြစ်သည်။ ပြည်သူတစ်ရပ်လုံးသိရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း မသိရှိမှုအပေါ် လူအများက မေးခွန်းထုတ်ခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ထုံးစံအတိုင်း ဖြေရှင်းခြင်းမရှိပေ။


လူ့အခွင့်အရေး၊ လူသားချင်းညှာတာမှု၊ တန်းတူအခွင့်အရေး စသည့် စကားလုံးအကြီးကြီးများကို မိန့်ခွန်းတိုင်းလိုလိုတွင် ထည့်သွင်းပြောဆိုလေ့ရှိသော ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံတွင် လူသား တစ်ဦးမှ ရှေ့မှ ဆွဲသော လံချာအား အပေါ်မှ မိန့်မိန့်ကြီး ထိုင်စီးခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။
 


 
ဂျပန်နိုင်ငံတွင် လန်ချားစီးနေသည့် ဒေါ်အောင်ဆန်းစုကြည်


သင်္ကြန်အကြိုမတိုင်ခင် အချိန်ကိုက်ထွက်ခွာသွားသော ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ အလွန်တွင် ကွက်တိ ပြန်ရောက်လာခဲ့သည်။ ဂျပန်နိုင်ငံတာဝန်ရှိသူအချို့နှင့် တွေ့ဆုံမှု များရှိခဲ့သော်လည်း မြန်မာလူထုအတွက် ထူးခြားတိုးတက်စေတဲ့ ဆွေးနွေးမှုများ မရှိခဲ့ချေ။

ဂျပန်နိုင်ငံမှပြန်ရောက်ပြီး တစ်ပတ်အကြာ ၂၀၁၃ ခု ဧပြီလ ၂၇ ရက်နေ့တွင် မွန်ဂိုလီးယားသို့ သွားခဲ့ပြန်သည်။ မွန်ဂိုလီးယားခရီးစဉ်တွင် နှစ်ပေါင်းများစွာ ဖုံးကွယ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နေထိုင်မှုပုံစံ ပေါ်ထွက်လာသဖြင့် မြန်မာလူထု အံ့သြခဲ့ကြရသည်။ အမြဲလိုလို မြန်မာရင်ဖုံးနှင့် လုံချည်ဝတ် သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင်ရင်မှုကို အတုယူသင့်ကြောင့် ဒေါ်စုထောက်ခံသူများက ဝါဒ ဖြန့်ခဲ့ကြသည်။ မွန်ဂိုလီးယားတွင် ဒေါ်အောင်ဆန်းစုကြည် ထမိန်ချွတ်၍ ဘောင်းဘီဖင်ကြပ်ဝတ်ကာ နေကာ မျက်မှန်တပ်ပြီး အသက် ၆၇ နှစ်အရွယ် မြန်မာအဖွားအိုတစ်ဦးနှင့် မလျှော်ညီစွာ ပြုမူခဲ့သည်။ မေလ ၃ ရက်နေ့ တွင် မြန်မာနိုင်ငံ ပြန်လာခဲ့သည်။ ထုံးစံအတိုင်း ထိုခရီးစဉ်ကြောင့် မြန်မာလူထု အကျိုးအမြတ်တစ်ခုမှမရဘဲ ငွေကုန်တာသာ အဖက်တင်ခဲ့သည်။
 

 
 ဘောင်းဘီဖင်ကြပ် နှင့် နေကာမျက်မှန် ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်

 ၂၀၁၃ ခု စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၈ ရက်ထိ ဥရောပ (၃) နိုင်ငံ ခရီးစဉ်တစ်ခု ထပ်မံ ထွက်ခဲ့ပြန် သည်။ ပိုလန်၊ ဟန်ဂေရီ နှင့် ချက်နိုင်ငံများသို့ သွားရောက်ပြီး မြန်မာပြည်တွင် ဒီမိုကရေစီ နောက်ကျကြောင်း၊ ပညာရေးနောက်ကျကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အကောင်းမမြင်သင့်ကြောင်း၊ အခြေခံ ဥပဒေပြင်ရမည်ဖြစ်ကြောင်း၊ စသည်ဖြင့် ပြောဆိုခဲ့သည်။ အဆိုပါ စကားများကို ယခု ခရီးစဉ်သာမက ယခင် ခရီးစဉ်ပေါင်းများစွာတွင်လည်း ပြောဆိုခဲ့ပြီးဖြစ်သည်။ 

ပိုလန်နိုင်ငံသို့ရောက်ရှိစဉ် သတင်းထောက်များကို ဖြေကြားရာ၌ အကြမ်းဖက်မှုများ ရပ်တန့်ရန် ၎င်း တစ်ဦးတည်း လုပ်ဆောင်၍ မရကြောင်း ပြောဆိုခဲ့သည်။ လုပ်ဆောင်၍ မရကြောင်း ပြောနေသော ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဖက်မှုဖြစ်တိုင်း ရှောင်ထွက်သွားပြီး တစ်ကြိမ်တစ်ခါမှ ပါဝင်ဆောင်ရွက် ဖူးခြင်းမရှိသဖြင့် လူထုမှ စိတ်ပျက်ခဲ့ကြသည်။ အထူးသဖြင့် ရခိုင်ဒေသနှင့် မတ္ထီလာဒေသများမှမူ ဒေါ်အောင်ဆန်းစုကြည်ကို အလာမခံတော့သည်အထိ နာကျည်းလျှက်ရှိကြသည်။


 
အမျိုးသားနှစ်ဦးကို လက်ချိတ်ထားသော ဥရောပရောက် ဒေါ်အောင်ဆန်းစုကြည်

 ဒေါ်အောင်ဆန်းစုကြည် ယခင် နိုင်ငံခြား ခရီးစဉ်များတွင် လူအချို့ လာကြိုလေ့ရှိကြသော်လည်း ခရီးစဉ် ဆက်တိုက်များလာခြင်းကြောင့်လည်းကောင်း၊ ခရီးစဉ်အားလုံးက မြန်မာပြည်သူတို့အကျိုးအတွက် တစ်ခုမှ မပါဘဲ ပုဂ္ဂိုလ်ရေး ခရီးစဉ်များ ဖြစ်ခြင်းကြောင့်လည်းကောင်း စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လာချိန်တွင် ကြိုဆိုသူ နည်းပါးခဲ့သည်။ အရှေ့ဥရောပမှ ပြန်လည် ရောက်ရှိပြီး တစ်ရက်အကြာ ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံသို့ ထပ်မံ ထွက်ခွာပြန်သည်။ စင်္ကာပူမှမြန်မာများသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဖို့ ဒေါ်လာ (၃၀) ကောက်ခံထားသည်။ ခမ်းမစရိတ် နှင့် ဒေါ်အောင်ဆန်းစုကြည် စားသောက်ဖို့အတွက် လူထုက ထပ်ပြီးအကုန်အကျခံရပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်တိုင်းတွင် အမြဲပြဿနာဖြစ်လေ့ရှိသည်မှာ “မြန်မာ -ဘားမား” ပြဿနာ ဖြစ်သည်။ ခရီးစဉ်တိုင်းတွင် ဘားမားဟု သာ သုံးစွဲလေ့ရှိသည်။ ပညာရှင်များနှင့် လေ့လာသူအများအပြားမှ ပြောကြားသော်လည်း ဒေါ်အောင်ဆန်းစုကြည် လက်မခံခဲ့ခြေ။ “မြန်မာ” နာမည် ဆင်းသက်လာပုံ သမိုင်းအား http://www.scribd.com/doc/167326200/Myanmar-History-and-Names တွင် ဖတ်ရှုနိုင်သည်။ ပထမဆုံး ဥရောပခရီးစဉ် နှင့် အမေရိကန်ခရီးစဉ်များတွင် အနမ်းခံခဲ့သော်လည်း မြန်မာလူထု၏ ရှုံ့ချမှုများကြောင့် နောက်ပိုင်းခရီးစဉ်များ၌ လူအများရှေ့တွင် အနမ်းခံခြင်းမရှိတော့ပေ။ 


 ၃ နှစ်တာ ကာလအတွင်း နိုင်ငံပေါင်း ၁၆ နိုင်ငံကို ခရီးစဉ် ၁၀ ခေါက်ဖြင့် ထွက်ခွာခဲ့ပြီး နိုင်ငံခြားဟော်တယ်တွင် ရက်ပေါင်း ၆၀ ကျော် နေထိုင်ခဲ့သည်။ ခရီးစဉ်များအတွင်း ဒေါ်လာ သိန်းချီကုန်ကြ ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တွင် ကိုယ်ပိုင်ဝင်ငွေ ရရှိသည့် စီးပွားရေး တစ်ခုမျှ မရှိချေ။ နိုင်ငံပေါင်းစုံသို့ ခရီးစဉ် အမြောက်အများထွက်ပြီး လူပေါင်းစုံဖြင့် တွေ့ဆုံခဲ့သော်လည်း ထိုတွေ့ဆုံမှုများက မြန်မာလူထုအတွက် ဘာမျှ သက်ရောက်ခြင်း မရှိခဲ့ချေ။ ခရီးများအတွက် ကုန်ကျသည့် ဒေါ်လာငွေများအား မြန်မာလူထုအတွက် လိုအပ်သည့် အခြားနေရာများတွင် သုံးစွဲပါက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်းနှင့် နောက်သွားမည့် ခရီးစဉ်များ ကိုလည်း လူထုအတွက် အရေးတကြီးလိုအပ်မှသာ သွားသင့်ကြောင်းကို သုံးသပ်မိပါသည်။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ