Related Posts Plugin for WordPress, Blogger...

From....... VOA

ဓါတ်ပုံ- ဧရာဝတီ
မြအေး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ၁၆ ဦးပါဝင်သောကျောင်းသားကြီးများအဖွဲ့တို့ ဖိလစ်ပိုင်သို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း မူဆလင်သူပုန်များ သောင်းကျန်းလျက်ရှိ
၈၈ ကျောင်းသားအဖွဲ့က မြအေးတို့ သွားရောက်ခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ရက်အတော်ကြာ တိုက်ပွဲတွေဖြစ်နေခဲ့ပြီးနောက် မူဆလင်သူပုန်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို အစိုးရတပ်တွေက
ပြန်တိုက်ထုတ်ဖို့ ကြိုးစားနေပြီး  တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်။
ဖိလစ်ပိုင် ဒုသမ္မတ Je Jo Mar Binay က သူပုန်ခေါင်းဆောင် Nur Misuari နဲ့ သဘောတူညီမှု ရခဲ့တယ်ဆိုပြီး သောကြာနေ့ကပြောသွားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဒီနောက်ဆုံး တိုက်ခိုက်မှုတွေကြောင့် ပျက်ပြားသွားရတဲ့သဘော ရှိပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသူ ၅၃ ဦးထက်မနည်း ရှိပြီး အဲ့ဒီထဲက ၄၃ ဦးက သူပုန်ဘက်ကဖြစ်တယ်လို့ အစိုးရစစ်တပ်က ပြောပါတယ်။
မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး MNLF သူပုန်တွေ Zamboanga က ဆိပ်ကမ်းမြို့ကို ဝင်စီးပြီး  အရာရှိတွေရဲ့အဆို လူသားဒိုင်းအဖြစ်နဲ့အသုံးပြုဖို့ တန်ဆာခံတွေ အများကြီး ဖမ်းဆီးသွားခဲ့တဲ့ တနင်္လာနေ့က စပြီး နှစ်ဘက်ကြား ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတာပါ။အဲ့ဒီ့တိုက်ပွဲကြောင့် လူပေါင်း ခြောက်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ပေါင်း ရာနဲ့ချီလည်း မီးထဲပါသွားပါတယ်။
အစိုးရအနေနဲ့ ဒီပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ပေးပါမယ်လို့ တိုက်ပွဲဖြစ်ပွားရာနေရာကနေ  အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒေသခံတွေကို သမ္မတ Benigno Aquino က ပြောကြားခဲ့ပြီး
ယခုအခါတွင်တော့ စေ့စပ်ညှိနှိုင်းမှုမလုပ်တော့ပဲ အပြီးအပြတ်ချေမှုန်းသွားမယ်လို့ပြောဆိုပါတယ်
တိုက်ခိုက်မှုတွေက ကြိုကြားကြိုကြားတော့ ရှိနေဦးမှာဖြစ်တယ်။ ဒါပေမဲ့ အခြေအနေတွေ ဆိုးဆိုးဝါးဝါး ဒုက္ခဖြစ်ကုန်လောက်တဲ့အထိ သူပုန်တွေလုပ်ဆောင်နိုင်စွမ်း မရှိတော့ပါဘူးလို့ ပြောသွားပါတယ်။
၈၈ ကျောင်းသားအဖွဲ့မှ  မြအေးတို့ ဖိလစ်ပိုင်သို့သွားရောက်ခဲ့ပြီးနောက်မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ကို သပိတ်မှောက်မည် ဟု ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌ ရစ်ချီဂါစီယာ(Richie Garcia) က ဖိလစ်ပိုင်သတင်းစာ The Philippine Star သို့ မေလ ၂၈ ရက်နေ့က ပြောကြားခဲ့သေးသည်။

Posted by Arakan Man on 9/20/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ