Related Posts Plugin for WordPress, Blogger...

မြန်မာနိုင်ငံဟာ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုအရာမှာ အခြေခံအဆင့်တောင် မရှိသေးဘူးလို့ Revenue Watch အဖွဲ့ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Revenue Watch ဟာ နိုင်ငံတွေရဲ့ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ဓါတ်သတ္တုတွေကို နိုင်ငံသားတွေအကျိုးအတွက် ထိထိရောက်ရောက်၊ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံမှုရှိရှိဆောင်ရွက်ရေး မြှင့်တင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
အဲဒီအဖွဲ့ရဲ့ ဒီနှစ် ၂ဝ၁၃ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုညွှန်းကိန်းမှာ နိုင်ငံပေါင်း ၅၈ နိုင်ငံအနက် မြန်မာနိုင်ငံဟာ စာရင်းရဲ့အောက်ဆုံး ၅၈ နေရာမှာရှိနေပါတယ်။
စာရင်းမှာ နော်ဝေ၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဘရာဇီး၊ မက်ဆီကို၊ ကနေဒါစတဲ့ နိုင်ငံ ၁၁ နိုင်ငံသာ အမှတ် ၇ဝ ကျော်နဲ့ စာရင်းရဲ့ထိပ်ပိုင်းမှာရှိနေပါတယ်။ နိုင်ငံ ၃၂ နိုင်ငံကတော့ အမှတ် ၃ဝ အောက်သာရရှိကြပြီး၊ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုအရာမှာ အခြေခံအဆင့်တောင် မပြည့်မီသေးဘဲရှိနေပါတယ်။ အဲဒီထဲမှာ ကမ္ဘောဒီးယား၊ အီရန်၊ ကာတာ၊ လစ်ဗျား၊ ဂီနိ၊ တာ့မင်နီစတန်တို့ ပါဝင်ကြပြီး မြန်မာက အဲဒီနိုင်ငံတွေရဲ့ အောက်နောက်ဆုံး နံပါတ် ၅၈ နေရာမှာရှိနေပါတယ်။
မြန်မာအပါအဝင် အမှတ် ၃ဝ မပြည့်မီတဲ့ နိုင်ငံတွေဟာ သယံဇာတအရင်းအမြစ် စီမံဆောင်ရွက်မှုအရာမှာ အခြေခံအဆင့်တောင် မရှိပေမဲ့၊ သဘာဝသယံဇာတအပေါ် အလွန်အမင်းမှီခိုနေကြရတဲ့ နိုင်ငံတွေဖြစ်တယ်လို့ Revenue Watch အဖွဲ့ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။



RFA Burmese 

Posted by Arakan Man on 9/03/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ