Related Posts Plugin for WordPress, Blogger...



ကိုကျော်ကျော်ထွေး (ခ) မာကီး၊ ဗမာ၊ ခရစ်ယာန်၊ ဝိဇ္ဇာတန်း၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ တိုင်းရင်းသား ဆက်ဆံရေးအကူ

၈၈ မျိုးဆက် ကိုမာကီး (ခေါ်) ကိုကျော်ကျော်ထွေးရဲ့ အစွန်းရောက် သွေးထိုးမြှောက်ပင့်မှုတွေက စစ်တပ်က အာဏာပြန်သိမ်းဖို့ လမ်းစတွေဖြစ်နေပါပြီ။ စစ်တပ်က နောက်ကြောင်းပြန်လှည့်မယ့် အရိပ်အယောင် ဒီကနေ့အထိ လုံးဝ မတွေ့ဖူးပါဘူး။ ထိုင်းနိုင်ငံခရီးစဉ်မှာလည်း ကာချုပ်က စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်မှုကို လျှော့ချဖို့ပြောခဲ့တာတောင်တွေ့ရပါတယ်။ အစိုးရဖက်ကလည်းရှေ့တိုးဖို့တွေပဲလုပ်နေတာပါ။ လမ်းပေါ်ထွက်ပြီး နိုင်ငံရေးသမားဖြစ်လာတဲ့ ၈၈ မျိုးဆက်တွေကတော့ လမ်းပေါ်ထပ်ထွက်ပြီး လူထုအုံကြွမှုလုပ်ဖို့ သွေးထိုးနေ ပြန်ပါပြီ။ ဒါဟာ စစ်တပ် အာဏာသိမ်းပြီး အလုံးစုံ (၁) က ပြန်စဖို့ လမ်းစပဲဖြစ်ပါတယ်။

 “ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်နဲ့လဲပြီးကာကွယ်မယ် ဆိုတဲ့ပုဂ္ဂိုလ်တွေရှိနေသရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီးပြင်ဆင်မယ်ဆိုတဲ့ အင်အားစုတွေ လည်း ပေါ်လာနိုင်တာပဲ” ဟု စစ်တပ်ကို တိုက်ရိုက်စိန်ခေါ်သည့်စကားကို ၈၈ မျိုးဆက်ကျောင်းသား မာကီး က popular ဂျာနယ်သို့ ပြောဆိုခဲ့ပါတယ်။ ကိုမာကီးရဲ့ စိန်ခေါ်မှု က ၎င်းကိုယ်တိုင် စစ်တပ်ကို ထိပ်တိုက်တွေ့ရန်မဟုတ်ပေ။ လူထုကို သွေးထိုးမြှောက်ပင့်ပြီး စစ်တပ်နဲ့ ထိပ်တိုက်တွေ့စေမည့် သဘောသာဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား အဖွဲ့လို့ပဲခေါ်ခါ်၊ ပွင့်လင်းလူ့အဖွဲ့အစည်းလို့ပဲခေါ်ခေါ် ဒီကနေ့ နိုင်ငံရေးမှာ အဲဒီအဖွဲ့ အရေးပါပေမယ့် အရာမရောက်တော့တာ အားလုံးအသိဖြစ်ပါတယ်။ အဖွဲ့ဝင်အားလုံးကလည်း လမ်းပေါ်ထွက် ပြီးနိုင်ငံရေးသမားဖြစ်ခဲ့ကြတော့ အခုလည်းလမ်းပေါ်ထွက်ဖို့ပဲအားသန်နေကြပါတယ်။ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမာကီးက ”ကျွန်တော်တို့ မြင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့က နည်းလမ်းက နှစ်လမ်းပဲရှိတယ်။ လူထုအုံကြွမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်လိုက်တာမျိုးပေါ့နော်၊ နောက်တစ်လမ်း ကတော့ လွှတ်တော်ထဲမှာ စနစ်တကျပြောင်းလဲတာပေါ့” ဆိုပြီး ပေါ်ပြုလာဂျာနယ်ကို ပြောခဲ့သေးတယ်။ ၈၈ ကျောင်းသားတွေက လွှတ်တော်ထဲလဲ ဝင်ထားတာမရှိပါဘူး။ ရွေးကောက်ပွဲမှာ  ရှုံးမှာကြောက်လို့ ပါတီလည်း မထောင်ရဲပြန်ပါဘူး။ ဒီတော့ အခြေခံဥပဒေပြင်ဖို့အတွက် ၈၈ ကျောင်းသားတွေလုပ်တတ်တာက လမ်းပေါ် ထွက်ဖို့ပဲရှိပါတယ်။ လမ်းပေါ်ထွက်တာကလည်း လူထုအုံကြွမှုနဲ့ထွက်မှာပါ။ ဒီကနေ့ အသိဥာဏ်ရှိတဲ့ မြန်မာ လူထုက ၎င်းတို့သွေးထိုးတဲ့အတိုင်း လိုက်လုပ်ဆောင်ခြင်းရှိမရှိမသိရသေးပေမယ့် စစ်တပ်ကတော့ လက်ခံမယ် မထင်ပါဘူး။ အစိုးရက အကူညီတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ လူထုအုံကြွမှုဖြစ်ရင်တော့ ကြာကြာ ထားရင် ဆုံးရှုံးမှုကြီးမားတဲ့ ရှစ်လေးလုံးသင်ခန်းစာကြောင့် စတာနဲ့ အာဏာသိမ်းမှာပါပဲ။

စစ်တပ်က အာဏာသိမ်းလိုက်ရင်တော့ NLD နဲ့ ၈၈ ကျောင်းသားတွေ ဖြစ်ချင်နေတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလည်းပျက်သွားနိုင်သလို လွှတ်တော်အမတ်တွေနဲ့ အစိုးရတစ်ဖွဲ့လုံးလည်း အိမ်ပြန်ကြရုံ ပါပဲ။ ဒီအခြေအနေမျိုးကို ထဲထဲဝင်ဝင်နားလည်တဲ့ မြန်မာ့နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေး ကျွမ်းကျင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဖြစ်မခံနိုင်ပါဘူး။ အထူးသဖြင့် စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ့် အဖြစ်မျိုးကို ရှောင်ကြပါတယ်။

“ဒီ Process မှာ စစ်တပ်က နောက်ကို နည်းနည်းဆုတ်တယ်။ ကျွန်တော်တို့ ဒီမိုကရေစီပါတီတွေက ရှေ့ကို နည်းနည်း တိုးခွင့်ရလာတယ်။ အဲဒီ Process သွားနေတယ်။ စစ်တပ်က နောက်ကို နည်းနည်းဆုတ်ရင် စစ်တပ်ရဲ့ ဂုဏ်သိက္ခာက ပိုပိုတက်လာတယ်။ ကျွန်တော်တို့ ဒီမိုကရေစီပါတီတွေအနေနဲ့လည်း ပိုပြီးတော့ Spacing (နေရာ)တွေ လုပ်ပိုင်ခွင့်တွေ ရလာတယ်။ လူထုတွေအနေနဲ့လည်း ပိုပြီးတော့ လွတ်လပ်လာတယ်။ အရင်ထက်စာရင် တစ်စုံတစ်ရာ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ နည်းနည်းလေး ပိုပြီးတော့ Free ဖြစ် လာတယ်။ အလုံးစုံ Free ဖြစ်တာပြောတာ မဟုတ်ဘူး။ ခေါင်းလေး နည်းနည်းမော့ကြည့်လာနိုင်တယ်။ စကားလေး နည်းနည်းပြောရဲလာတယ်။ အဲဒါ စစ်တပ်က နည်းနည်း နည်းနည်း ဆုတ်ပေးလို့။ ဆုတ်ရင် စစ်တပ် က ဂုဏ်သိက္ခာ တက်လာတယ်။ လူထုတွေလည်း နိုးကြားလာတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ အဲဒီ Process က ခုမှစရုံပဲ ရှိသေးတယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ်လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ်များပါတယ်။” ဟု RNDP အတွင်းရေးမှူး ဦးဦးလှစော က ပြောပါတယ်။

 “တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ Neglect လုပ်တဲ့ သဘောမျိုး ရောက်သွား တယ်။ ဒါအဓိပ္ပာယ် အမျိုးမျိုးဖွင့်လို့ရတယ်။ စိတ်ဆန္ဒစွဲနဲ့ ပြောလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် Intentionally တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ မြန်မာပြည်ထဲက ပစ်ပလိုက်ဖို့ဆိုတဲ့ အယူအဆမျိုးလည်း တပ်မတော်က တွေးကောင်းတွေးနိုင်တယ်။ အဲဒီလို တွေးတယ်ဆိုရင် Very Risky ပဲ။ ဒါ Challenge ပဲ။

ရှေ့ကို နည်းနည်း ပြန်ပြောရရင် အရင်တုန်းက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို လုံးဝ အမြစ် ဖြုတ်ဖို့ဆိုရင် နိုင်ငံရေးပါတီတွေက ဒီမိုကရေစီတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို ပေါင်းစပ်ပြီးတော့ လုံးဝ စစ်အစိုးရကိုအပြတ်ဖြုတ်ပြီး ဒီမိုကရေစီလမ်းစဉ်ကိုချီတက်မယ်ဆိုတဲ့ အယူအဆမျိုးတွေ Radical (အစွန်း ရောက်) အယူအဆတွေပေါ့လေ။ အဲဒါတွေဟာ ရှိခဲ့တယ်။ မအောင်မြင်ဘူး။ လုံးဝမအောင်မြင်ဘူး။ ဒါပေမဲ့ အဲဒီလို အယူအဆမျိုးဟာ တချို့ Elements (လူစု) တွေထဲမှာ ရှိကောင်းလည်း ရှိနိုင်တယ်။ ဒီတော့ စစ်တပ်ရဲ့ သြဇာတစ်စုံတစ်ရာရှိနေတဲ့ စစ်တပ်ရဲ့အကျိုးစီးပွားကိုဖန်တီးပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်လိုက်မယ် ဆိုရင် Regime Change (စနစ်/အစိုးရပြောင်း)ဆိုတဲ့ အဓိပ္ပာယ်ထွက်သွားနိုင်တယ်။ အဲဒါမျိုး အဓိပ္ပာယ် စစ်တပ်က အကောက်လွဲမယ်ဆိုရင် ကျွန်တော်တို့ အခုရှိနေတဲ့ တစ်စုံတစ်ရာ မကြိုက်ပေမယ့် နည်းနည်းလေး Liberalized (ဖြေလျှော့ပေး) ဖြစ်နေတဲ့ process (ဖြစ်စဉ်) ဟာ အန္တရာယ်ရှိတယ်။” ဟု ဦးဦးလှစောက The Voice Weekly ကို ပြောဆိုခဲ့ပါတယ်။

.
ဦးဦးလှစော၊ ရခိုင်၊ ဗုဒ္ဓ၊ စက်မှုတက္ကသိုလ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး

မြန်မာနိုင်ငံ ဒီမိုကရေစီဟာ ၃ နှစ်သားတောင် မပြည့်သေးပေမယ့် NLD၊ ၈၈ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက အမေရိကန်ဒီမိုကရေစီလိုမျိုး လိုချင်နေကြတာပါ။ ၂၀၀၈ အခြေခံဥပဒေကြောင့်သာ အာဏာရှစ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို သွေးထွက်သံယိုမရှိပဲ ကူးပြောင်းနိုင်တာဖြစ်ကြောင်း ဦးရွှေမန်း ကလည်း ပြောခဲ့ဖူးပါတယ်။ ဒီဖွဲ့စည်းပုံကိုလက်မခံဘဲ အသစ်ဆွဲမယ်ဆိုရင် ၂၀၀၈ ဥပဒေအရ လုပ်ထားတဲ့ လွှတ်တော်တွေ၊ ပါတီတွေ၊ အစိုးရတွေ ဘာဆက်လုပ်ရမယ် ဆိုတာ ဘယ်သူမှ မသိတော့ပါဘူး။ KNU ကတော့ အသစ်ဆွဲဖို့ကို လုံးဝလက်မခံကြောင်း အတိအလင်းပြောကြားပြီးဖြစ်ပါတယ်။“အစိုးရကို ထိပ်တိုက်ရင်ဆိုင်တာ ထက် ပူးပေါင်းတာကပိုကောင်းပါတယ်။ သမိုင်းကြောင်းတွေလည်း အများကြီးရှိပါတယ်”လို့ ပဒို မန်းငြိမ်းမောင် က ဆိုပါတယ်။

ဖွဲ့စည်းပုံကို ကာကွယ်စောင့်လျှောက်ရန်တာဝန်မှာ စစ်တပ်၏ အဓိကတာဝန်ဆိုပြီး အခန်း (၇) မှာ အတိအလင်း ပြဌာန်းထားတာကြောင့် စစ်တပ်နဲ့ထိပ်တိုက်တွေ့မှာကို အများစုက မလိုလားပါဘူး။ တဖြည်းဖြည်း ချင်း ညှိနှိုင်းဖို့ပဲလိုလားကြတာပါ။ စစ်တပ်ဆိုတာကလည်း တာဝန်တစ်ခုကို အသက်နဲလဲပြီး ထမ်းဆောင်မှာ ဖြစ်တာကြောင့် ၈၈ မျိုးဆက် မာကီး တို့ရဲ့ အစွန်းရောက်ပုံ၊ NLD ရဲ့ အသည်းအသန်ပြင်ဖို့နဲ့ အသစ်စွဲဖို့ ကြိုးစားမှုတွေက အလျှော့ပေးထားတဲ့ စစ်တပ်ကို ထိပ်တိုက်စိန်ခေါ်နေသလို ဖြစ်နေပြီး အာဏာပြန်သိမ်းဖို့ လက်ယက် ခေါ်နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။  .. 
www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ