မနက်
မိုးလင်း မျက်စိ နှစ်လုံး ဖွင့်လို့ ကမ္ဘာကြီး ကိုလှစ် ကြည့်လိုက် ရ င်ပဲ ကမ္ဘာ
ပေါ်ဖြစ် ပေါ်သမျှ သတင်း တွေ ထဲမှာ အနိ ဋ္ဌာရုံ တွေမြင် မကောင်း အောင် ဒုနဲ့ ဒေး ရှိသ
လို၊
ကောင်း
မြတ်သော ကုဋ္ဌာရုံ တွေကလည်း ရောင်စုံ ယှက်ဖြာ ပန်းကမ္ဘာလို ကမ္ဘာကြီးကို ကျက်သရေ
တိုးစေတာ တွေလည်း မနည်း လှပါ။ အဆိုးနှင့် အကောင်း ဒွန်တွဲ နေတဲ့ သဘောပေါ့။
မုန်တိုင်းတွေ၊ ငလျင်တွေ၊ အစွန်းရောက် တိုက်ခိုက် မှုတွေ၊ ကျူးကျော် စစ်ပွဲတွေ၊
ငတ်မွတ် ခေါင်းပါး မှုတွေ စသည်ဖြင့် ဒီလို အနိဌာရုံတွေကို ၀ိုင်းဝန်း ကယ်တင်
နေကြတဲ့ အဖွဲ့အစည်း တွေ၊ တပ်ဖွဲ့ဝင် တွေရဲ့ လုပ်ဆောင် ချက်တွေကတော့ သူတော်ကောင်း
တို့ရဲ့ လုပ်ဆောင်ချက် တွေပါပဲ။ ဗုဒ္ဓရဲ့ မင်္ဂလာ တရားတော်မှာတော့ သဒ္ဓါ (ရတနာ
သုံးပါးနှင့် ကံတရားကို ယုံကြည်ခြင်း)၊ သီလ (ကိုယ်ကျင့် တရား ကောင်းခြင်း)၊ သုတ
(အပြစ် ကင်းသော အကြား အမြင် ဗဟု သုတ)၊ စာဂ (စွန့်ကြဲခြင်း၊ ပေးကမ်းခြင်း)၊ ပညာ
(အသိ အလိမ္မာ၊ အတတ် ပညာ)၊ ဟီရိ (မကောင်းမှု ပြုရမည်ကို ရှက်ခြင်း) နှင့် သြတ္တပ္ပ
(မကောင်းမှု ပြုရမည်ကို ကြောက်ခြင်း) ဆိုတဲ့ သူတော်ကောင်း တရား (၇) ပါးမှာ စာဂ
(စွန့်ကြဲ၊ ပေးကမ်းခြင်း) တနည်း ပြောရရင် ဒါနကို ယနေ့ ကမ္ဘာ ပေါ်ရှိ ဘယ်လူမျိုး
ဘယ်ဘသာသာဝင် အယုတ် အလတ် အမြတ် မရွေး လုပ်ကိုင် နိုင်ကြတဲ့၊ မိမိ တတ်နိုင် သမျှ
လုပ်လည်း လုပ်နေ ကြတဲ့ သူတော်ကောင်း အလုပ်ပါ။ ဒီလို သူတော်ကောင်းတွေ
များနေလို့လည်း ဒီကမ္ဘာကြီး ချမ်းသာရာ ရနေမှာပေါ့။ ယနေ့ ကမ္ဘာနှင့် ချီတဲ့
ဒါနကြီးတွေ ရှိနေပါတယ်။
|
ဒါန
ပေးကမ်းခြင်း၊
စွန့်ကျဲခြင်း၊ လှူဒါန်းခြင်း ဆိုတဲ့ ဒါနဟာ လှူသူကော၊ အလှူပေးခြင်း ခံရသူ နှစ်ဦး
စလုံး အတွက် ကြည်နူး ပီတိ ဖြစ်စရာပါ။ ဗုဒ္ဓ ဘာသာဝင်တွေမှာ မိမိ လှူဒါန်း
ခဲ့သမျှတွေကို အခြား သူများ မျှဝေ ခံစား ပီတိ ပွားနိုင်ဖို့ အမျှ သုံးကြိမ် ဝေလို့
အမျှ ပေးခံရသူ တွေကလည်း လှူဒါန်းသူနှင့် အတူ ပီတိ ဖြစ်ကာ သာဓု သုံးကြိမ် နှစ်နှစ်
ကာကာ ခေါ်ဆို လက်ခံကြောင်း ကောင်းမြတ်ကြောင်း ပြန်ကြား လိုက်ခြင်း ဖြစ်ပါတယ်။
ရေဗူးနှင့် ဖိနပ် မပါရင် နွေအခါမှ သိမယ်။ ဒါနနှင့် သီလ မပါရင် သေခါမှ သိမယ်လို့
ဒါနရဲ့ အရေးပါပုံကို ဖွင့်ဆို ကြပါတယ်။ မရှိလို့ မလှူ၊ မလှူလို့ မရှိဆိုတဲ့ စကား
တရပ် ကလည်း အလှူဒါန လုပ်ကြဖို့ တိုက်တွန်း ပေးတဲ့ သဘောပါ။
သူတော်ကောင်း
သူမြတ်လောင်းတို့ ဖြစ်ရအောင်၊ သူတော် ကောင်း စာရင်းထဲ တွန်းပို့ ပေးလိုက်ခြင်း
ပါပဲ။ ဆင်းရဲသူလည်း မိမိ တတ်နိုင်သမျှ လှူဒါန်း နိုင်ကြပါတယ်။ မြတ်စွာ ဘုရားရှင်
လက်ထက်က အလွန် ဆင်းရဲ နွမ်းပါးသူ မဟာဒုတ် ယောင်္ကျားဟာ မိမိမှာ လှူဒါန်း စရာ ဘာမှ
မရှိတော့။ မိမိ ခန္ဓာကိုယ်ကို ခြင်အကိုက်ခံပြီး၊ ခြင်တွေကို သွေးလှူခဲ့တာ
ကြားဖူးပါတယ်။ အလှူ ဒါန ပြုကြသူ တို့ရဲ့ အခြေခံ စိတ်သဘော ကတော့ မလှူဒါန်းခင်
ကတည်းက ငါတော့ ဒီအလှူကြီးကို ပြုရတော့မယ် ဆိုတဲ့ ကြိုတင် ပီတိနှင့် လှူဖို့ အတွက်
အားတက် သရော ဖြစ်နေတဲ့ "ပုပ္ပ" စေတနာ၊ လှူနေစဉ်မှာလည်း ငါလည်း
ဒီအလှူကြီးကို လှူနေ ရပြီး အများကို ပြုစု ပေးလိုက် ရလို့ အများ မှာလည်း လိုအင်
ပြည့်ဝ၊ ဒီလို အလှူ ဖြည့်ဆည်း ပေးသူမှာ ကြည်နူးမှု ရတဲ့ "မုန္စ" စေတနာ၊
လှူဒါန်းမှုကြီး ပြီးစီးသွားသော် လည်း ဒီအလှူကြီး အောင်မြင် သွားပြီး အများလည်း
ဒီအလှူကြောင့် ခံစား စံစား ၀မ်းသာ ကြရ၊ စိတ်ချမ်းသာ ရသလို ငါလည်းပဲ သူတို့နှင့်
ထပ်တူ ခံစားမိတဲ့ လှူဒါန်းခြင်း အပေါ် ကျေနပ် ပီတိနဲ့ ကျန်နေ ခဲ့တဲ့
"အပရ" စေတနာ တွေပဲ ဖြစ်ပါတယ်။
ကမ္ဘာနှင့်
ချီတဲ့ ပညာဒါန
လွန်ခဲ့တဲ့
၁၀ နှစ်ခန့်က Education For All လူတိုင်း အတွက် ပညာရေး ဆိုတဲ့ ပညာ မတတ်သေးတဲ့
ကလေးများ အတွက် ပညာ သင်နိုင်ဖို့ အမျှော် အမြင် ကြီးမားလှတဲ့ ကမ္ဘာ့ ခေါင်းဆောင်
ကြီးများက စတင်ပြီး ကမ္ဘာနှင့် ချီတဲ့ ပညာဒါန ကြီးတရပ်ကို စတင် ခဲ့ပါတယ်။ ဒီအလှူဟာ
ထမင်းရည် ချောင်းစီး၊ မောင်းတီး လှူခဲ့တဲ့ အလှူမျိုးလည်း မဟုတ်သလို၊ ရေတွင်းပေါင်း
ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်း လေးထောင် လှူဒါန်းခဲ့တဲ့ အာသောက ရာဇာ
မင်းကြီးရဲ့ အလှူမျိုးနဲ့လည်း မတူလှပါ။
အနာဂတ်
ကမ္ဘာကြီး ငြိမ်းချမ်း လှပနေဖို့ ခလေး သူငယ်များ အတွက် ပညာရေးကို ဦးစားပေး
လုပ်ကြမယ်ဟေ့ ဆိုပြီး စခဲ့ ကြတာပါ။ ကမ္ဘာပေါ်ရှိ အစိုးရများ၊ အလှူရှင်များ၊ အလှူရှင်
နိုင်ငံများက ငွေကြေး စိုက်ထုတ်လို့ ပညာဒါန အလုပ်ကို စခဲ့ ကြပါတယ်။ ဒီဒါနဟာ
ကမ္ဘာကြီးနှင့် ချီတဲ့ ပညာ ဒါန မဟုတ်ပါလား။ ကမ္ဘာကြီးကို စောင့်ရှောက်တဲ့ ဒါန
ပြုမှုကြီး တရပ် လို့လည်း ပြောချင်ပါတယ်။
|
NGO
နှင့် Migrant ပညာရေး
ကမ္ဘာကြီးနှင့်
ချီတဲ့ ဒါန ပြုတဲ့ လုပ်ငန်းကြီး ဖြစ်တာမို့ မြန်မာ နိုင်ငံ စစ်အာဏာရှင်ရဲ့
ဖိနှိပ်မှုကြောင့် အကြောင်း မျိုးစုံ ဖြင့် တဖက် နိုင်ငံ နယ်စပ်သို့ ရောက်လာ ကြတဲ့
ခလေးများရဲ့ Migrant ပညာရေးကိုလည်း ကမ္ဘာပေါ်ရှိ အလှူရှင်များ၊ အလှူ
ရှင်နိုင်ငံများက စေတနာ ရှေ့ထား စောင့်ရှောက် လှူဒါန်းလျှက် ရှိနေပါတယ်။ ယနေ့
Migrant ပညာရေးဟာ အလှူရှင် တို့ရဲ့ လှူဒါန်း ထောက်ပံ့ စောင့်ရှောက်မှု အပေါ်မှာ အဓိက
တည်မှီ နေတာပါ။ ယနေ့ အလှူရှင်များ NGO များ မရှိရင် ယနေ့ပင် Migrant ပညာရေးဟာ
ကမ်းမမြင်၊ လမ်းမမြင်ပါဘဲ။ ပညာရေး ကွယ်ပျောက်ရင် နောက်ဆက်တွဲ အခက် အခဲ အကြပ်
အတည်းများလည်း အကန့်လိုက် အကန့်လိုက် ပေါ်လာမှာ အမှန်ပါပဲ။ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်း
သာယာမှု၊ ဖွံ့ဖြိုးမှုတွေ ဟာလည်း လျော့နည်း ပပျောက် သွားမှာ အမှန် ပါပဲ။ ကမ္ဘာကြီးရဲ့
ငြိမ်းချမ်း သာယာမှု၊ ဖွံ့ဖြိုးမှု ဟာလည်း လျော့နည်း ပပျောက်သွားမှာ မလွဲဧကန်ပါ။
NGO
များ အနေဖြင့်လည်း Migrant ပညာရေးကို ကျောင်းတည် နေရုံလောက်၊ ပိုနေမြဲ၊ ကျားနေမြဲ
သဘောလောက် ကြည့်ကောင်းရုံ သဘောလောက် ထားနေလို့ မရပါ။ တိုးတက်သော Migrant ပညာရေး၊
ထွန်းပေါက်သော Migrant ပညာရေး ဖြစ်ဖို့ အထူးကို လိုပါမယ်။ မပြည့် မစုံသော ပညာရေး၊
ခနော် ခနဲ့ ဖြစ်နေသော ပညာရေး ဖြစ်နေရင် ပညာရေး ၀န်ထမ်း ဆရာ၊ ဆရာမတွေကော
ကျောင်းသားများပါ ရေရှည် မခံနိုင်ပါ။
ဆရာ/
ဆရာမ များဟာ ပညာရေး ၀န်းကျင်မှ အခြား ၀န်းကျင်သို့ ကူးပြောင်း သွားနိုင်သလို
ကလေးများ ဟာလည်း စီးပွားရေးဥာဏ်၊ အလုပ်နှင့် စက်ရုံဘက် ရောက်ဖို့ ဆိုတာ ဒီလို
နယ်စပ်လို နေရာမျိုးမှာ သိပ်မခဲယဉ်း လှပါ။ ပညာရေး တစိုက် မတ်မတ်ဖြင့် တင်နိုင်ဖို့
ဆိုရင် ပညာရေး ၀န်ထမ်း၊ ဆရာ/ ဆရာမ များရဲ့ ဘ၀ အခြေ အနေ တွေ့ခွင့်ဖို့ လိုပါတယ်။
ဆရာ လစာ မလောက်ငမှုဟာ ပညာရေး အတွက် ထိခိုက် နိုင်ပါတယ်။ အနောက်တိုင်း ပညာရေး
စနစ်မျာ ပညာရေး ၀န်ထမ်း ဆရာ/ ဆရာမ တို့ရဲ့ လစာ၊ နေစရာ၊ နေ့စဉ် ကျောင်းသို့ အသွား
အလာ အစီအစဉ် စတာတွေကို စီမံ ပေးထား နိုင်တဲ့ အတွက် ဆရာ/ ဆရာမ တွေဟာ သူတို့ရဲ့
လုပ်ငန်း ဖြစ်တဲ့ စာသင်ကြား ရေးနှင့် အခြားသော ပညာရေး ဆိုင်ရာ လုပ်ငန်း တွေကို
စိတ်ဝင် တစား လုပ်နိုင်တယ်။ အပူ အပင် ကင်းကင်းနဲ့ ဦးစိုက် လုပ်နိုငတယ်။
ဆရာတွေရဲ့
ဘ၀ မမြင့်ရင် ပညာရေးလည်း မမြင့် နိုင်ပါဘူး။ ပညာရေး မမြင်တဲ့ နိုင်ငံဟာ
ဆုံးရှုံးမှုနဲ့ ရင်ဆိုင် ရမယ့် နိုင်ငံပဲ။ ဒါကြောင့် ကလေးတွေ ပညာရေး မြင့်ဖို့
ဆိုရင် ဆရာ/ ဆရာမ တွေရဲ့ အဆင့် အတန်း မြင့်ဖို့ လိုပါမယ်။ ဒါပေမယ့် လက်ရှိ Migrant
ကျောင်း ဆရာ/ ဆရာများရဲ့ လစာဟာ NOG ရှိ သန့်ရှင်းရေး အလုပ် သမားရဲ့ လစာလောက်တောင်
မရှိ တာကို ကြုံတွေ့ နေရပါတယ်။
နေစရာ
အိမ်ခန်း ငှားရတဲ့ ပြဿနာ ရဲဖမ်းလို့ မရှိမဲ့/ ရှိမဲ့ထဲက ရဲကို ပေးလိုက်
ရတာတွေကလည်း အစဉ် ကြုံတွေ့ ဖြတ်သန်း နေရတဲ့ ဘ၀တွေပါ။ ဒါကြောင့် လက်ရှိ Migrant ဆရာ
တဦးရဲ့ လစာဟာ တကိုယ်ရည် အတွက်တောင် မလောက်ပါ။ ဒါ့အပြင် ဘယ်အချိန်များ လစာဖ်ြတ
အလုပ်က ရပ်ဦးမလဲ ဆိုတဲ့ ကျီးလန့်စာစားနေရတဲ့ ကျောင်းဆရာ တွေရဲ့ ဘ၀ပါ။
ကိုယ့်အရပ်နှင့်
ကိုယ့်ဇာတ်
တဖက်
နိုင်ငံ ရောက်လာကြသူတွေ အတွက် အလုပ် မျိုးစုံကို ရွေးချယ် နိုင်ကြပေမယ့်၊
ဂုဏ်လည်းရှိ၊ အိနြေ္ဒလည်းရ၊ လုံခြုံမှုလည်း အထိုက် အလျောက် ရှိတဲ့ ဆရာအလုပ်ကို
ရွေးချယ် တတ်ကြတယ်။ ဘွဲ့ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ မိမိ နှင့် နီးစပ်ရင် အဲဒီ
ကျောင်းမှာ ဆရာ/ ဆရာမတွေ လုပ်ဖြစ် ကြပါတယ်။ ကိုယ့်ကျောင်းမှာ ကိုယ့်အစီ
အစဉ်နှင့်ကိုယ် သင်ကြတဲ့ တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်း ပညာရေး ဖြစ်နေကြတယ်။ မိမိ
သင်လိုတဲ့ သင်ရိုးကို မိမိကျောင်းက ပြဋ္ဌာန်း သင်ကြား နေကြတယ်။
သင်ရိုး
တပြေးညီညီ မရှိဘူး။ (မှတ်ချက်။ ယခု ကာလမှာ Migrant ပညာရေး လုပ်သားတွေ သင်ရိုး
တပြေးညီညီ ဖြစ်ရေးအတွက် ၀ိုင်းဝန်း ကြိုးစား နေကြဆဲ ဖြစ်တယ်။) သင်ကြားသော ဆရာ/
ဆရာမ တွေမှာ သင်ကြားနည်း စနစ် (ဆရာ အတတ် ပညာ) မရှိဘူး ဖြစ်နေတယ်။ ဒါဟာလည်း
ကလေးတွေရဲ့ ပညာရေးကို အားနည်း စေတဲ့ အချက် တချက် ဖြစ်ပါ တယ်။ ဒါဟာလည်း ကလေး တွေရဲ့
ပညာရေးကို အားနည်း စေတဲ့ အချက် ဖြစ်ပါတယ်။ ဒါကို မွမ်းမံ သင်တန်းပေါင်း များစွာ
ကိုဖြတ်သန်း ခြင်းဖြင့် အရည်အချင်း အလိုက်၊ အဓိက ဘာသာ အလိုက် သင့်တော်တဲ့
အတန်းကို၊ သင့်တော်မယ့် ဆရာကို သင်စေ ဘို့ဟာ အရေး ကြီးပါတယ်။ လူများပြီး
ပွဲမစည်တာမျိုး မဖြစ်ဖို့ပါ။
ကျောင်းတော်တော်
များများမှာ ကျောင်းလုပ်ငန်းကို စီမံ ခန့်ခွဲတဲ့ ရုံးအဖွဲ့ သီးသန့် မရှိကြပါဘူး။
ကျောင်းအုပ်တို့ ကျောင်းဒါရိုက်တာတို့ ကိုယ်တိုင် စီမံခန့်ခွဲသူတို့ ကိုယ်တိုင်
စာသင်၊ အစည်းအဝေး ရှိရင် ပြေးတက်၊ ဆရာ/ ဆရာမ များ အားလုံး ကိစ္စ သူတို့ အပေါ်မှာ
ပုံကျနေပြီး နေ့တဓူဝ အလုပ် တွေနဲ့ ဖြတ်သန်း နေကြ ရတာပါ။ အဲဒီအခါ စာသင်ချိန်တွေ
Lesson Plan သင်ကြား စီမံမှုတွေဟာ မပြည့် နိုင်ပါဘူး။ ဒါဟာလည်း စနစ် မကျတဲ့ ပညာရေး
ဖြတ်သန်းမှု တခု ဖြစ်နေ ပါတယ်။
|
ထောက်ပံ့
ရိက္ခာ အဖြေရှာ
NGO
တွေ တနှစ်တာ ပြဋ္ဌာန်းတဲ့ ငွေအသုံး စာရင်း (Budget) ဟာ တကယ် သုံးငွေထက် အဆမတန်
နည်းနေတာ တွေ့ရှိရပါတယ်။ NGO တွေ ပြထားသလောက် သုံးခွင့် မရပါဘူ။ ဒါဟာ တကယ့်
ဖြစ်ပျက် ကြုံတွေ့နေရတဲ့ အဖြစ် အပျက် တရပ်ပါပဲ။ ဒီလို ဖြစ်ရတာဟာ NGO စီမံ
ခန့်ခွဲသူ တို့ရဲ့ ဦးဆောင် စီမံ ခန့်ခွဲခြင်းလို့ပဲ နားလည် ရမှာပါပဲ။
အလှူရှင်နှင့်
Migrant ကျောင်းတွေကို တွေ့ဆုံပေးခြင်းမျိုး ကိုလည်း အဲဒီ စီမံ ခန့်ခွဲသူတွေက
ရှောင်တတ် ကြပါတယ်။ ဒါကြောင့် အလှူရှင်တွေဟာ ကျောင်းရဲ့ တကယ့် လိုအပ်ချက်တွေကို
မသိနိုင်သလို ကျောင်းတွေကလည်း အလှူရှင်တွေရဲ့ သဘောကို မသိနိုင် ခဲ့ကြပါဘူး။
Migrant
ကျောင်းတွေနဲ့ အလှူရှင်တွေကြား ပွင့်လင်း မြင်သာ Transparency မရှိဘူး ဖြစ်နေတယ်။
စီမံ ခန့်ခွဲသူ တို့ရဲ့ သဘောဟာ Migrant ကျောင်းများ အပေါ် လွှမ်းမိုး နေပါတယ်။ ကြားပွဲစားနှင့်
Migrant ကျောင်းများ အလုပ်လုပ် နေရသလို မျိုးလည်း ဖြစ်နေပါတယ်။ တခါ တရံ မှာတောင်
NGO ၀န်ထမ်းများက ဆရာ/ ဆရာမ များအပေါ် ဆက်ဆံမှု များဟာ ရင့်သီး တာတွေ ရှိနေတတ်ပါတယ်။
Migrant ကျောင်းများဟာ ကျားသနားမှ နွားချမ်းသာ ရမယ့် အဖြစ်မျိုးပါ။
အချို့
NGO တွေက ရိက္ခာအတွက် ကြိုတင်ငွေ ထုတ်ပေးတယ်။ ကျောင်းတွေက အစား အသောက်ကို
ကိုယ်တိုင် ချက်ပြုတ် ကျွေးရတယ်။ ပြီးမှ ကုန်ကျ စရိတ်ကို ငွေပြေစာနှင့်
ပြန်တင်ပြခြင်းဖြင့် ရိက္ခာ ကိစ္စကို ဖြေရှင်း ကြတယ်။ ပြီးမှ ကုန်ကျ စရိတ်ကို
ငွေပြေစာနှင့် တင်ပြခြင်းဖြင့် ရိက္ခာ ကိစ္စကို ဖြေရှင်း ကြတယ်။ တချို့ NGO
တွေကျတော့ ရိက္ခာ အခြောက် ထုတ်ပေးတယ်။ တချို့ NGO တွေကျတော့ ကိုယ်တိုင် ချက်ပြုတ်
ကျွေးမွေးတယ်။ ချက်ပြုတ်ပြီး အစားအစာများ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးတယ်။
ပိုမို ဂရုတစိုက် ရှိတယ်လို့ ဆိုရပေမယ့် ဒီအစားအသောက်ဟာ ပညာသင် ကလေးများရဲ့
လိုအင်နဲ့ လွဲနေတာ မကြိုက်တဲ့ အစားအစာ ဖြစ်နေတာ၊ စားလို့ မရတာမျိုး ဆိုရင်တော့
သဲထဲ ရေသွန်သလို ဖြစ်နေပါတယ်။
ကလေး
ဆိုတဲ့ သဘောက သူတို့ မကြိုက်ရင် မစားဘူး။ အဲဒီအခါ ထမင်းတွေ ပိုလျှံပြီး
စွန့်ပစ်တဲ့ အခြေအနေကို ရောက်ရ ပါတယ်။ ဒါဟာ မလိုလား အပ်တဲ့ ဆုံးရှုံးမှုပါ။ အများရဲ့
လိုအင်ကို ဖြည့်ဆည်းဖို့ဟာ မလွယ်ကူမှန်း သိပါတယ်။ ယေဘူယျ အားဖြင့် အများ
စားနိုင်လောက်တဲ့ အခြေအနေကိုတော့ ရောက်အောင် ပြုပြင်ဖို့ လိုပါတယ်။ ကျောင်းတွေ
ဘက်ကလည်း ပို့လိုက်တဲ့ ရိက္ခာ အစား အသောက်ကို မျှတစွာ ဝေငှနိုင်ဖို့နှင့်
ထိန်းသိမ်းဖို့၊ လေလွင့်မှု မရှိအောင် ၀ိုင်းဝန်း ကြဖို့လည်း လိုပါမယ်။
လိုအပ်သည်ထက် ပိုတောင်းဆို တာမျိုးလည်း မဖြစ်သင့်ပါဘူး။ တိကျတဲ့ အထောက်
အပံ့မျိုးကိုသာ သစ္စာ ရှိစွာ တောင်းဆိုဖို့ လိုပါမယ်။
NGO
က ထောက်ပံ့တဲ့ စာရေး ကိရိယာတွေဟာ တနှစ်စာအတွက် မလုံလောက် မပြည့်စုံတာ မျိုးတွေလည်း
တွေ့ ရပါတယ်။ ဒါကြောင့် အခြားသော အဖွဲ့အစည်းတွေကို ပြေးလွှား အကူအညီ တောင်းရတာတွေ
ရှိပါတယ်။ မည်သူ့ကိုမဆို ပြောချင်တာက၊ ကျောင်းတည် စားမှာလား၊ ကလေးတွေရဲ့
ပညာရေးကို အမှန် တကယ်ဖြင့် ကြိုးစား သင်ကြား ကြမှာလား ဆိုတာကိုပါ။
ကလေး
အလုပ်သမား ဆန့်ကျင်ရေး အများကြီး လိုပါသေး
ကမ္ဘာ့
အလုပ်သမား သမဂ္ဂ (IL) နှင့် ထိုင်းပညာရေး ၀န်ကြီးဌာန (MOE) တို့ ကြီးမှူး ကျင်းပတဲ့
သင်တန်းတွေ တက်ခဲ့ ရပါတယ်။ ကလေး အလုပ်သမားနှင့် ပတ်သတ်တဲ့ ဆွေးနွေးပွဲ အတွက်လည်း
တက်ခဲ့ ဖူးပါတယ်။ ထိရောက်တဲ့ လုပ်ငန်းတွေထက် မလိုလား အပ်တဲ့ အပို အလုပ်တွေလည်း
ရှိနေပါတယ်။ အလုပ်သမား ဖြစ်နေတဲ့ ကလေးတွေ ကျောင်း စာသင်ခန်း အတွင်း
ပြန်ရောက်နိုင်ဖို့ အရေးမှာ ကျောင်းဆရာ/ ဆရာမ များက အဓိက ဦးဆောင် ရသူများ
ဖြစ်နေပါတယ်။ ရွာလူကြီး၊ ကျေးရွာ ပြည်သူ့စစ်၊ ရဲ စသည်ဖြင့် လူထု လူတန်းစား အဖွဲ့
အစည်း အသီးသီးတို့က ၀ိုင်းဝန်း အဖြေရှာ ကလေး များကို ကယ်တင် ကြဖို့ပါ။
ပြီးခဲ့တ
စာသင်နှစ် တနှစ်တာ အရ အတွေ့အကြုံကို ပြောရရင် ကလေး မိဘများဟာ ငွေကြေး
ပြည့်စုံသူများ မဟုတ် ကြပါဘူး။ တချို့ ဂီလာန ကျန်းမာရေး ချို့တဲ့ ရှာကြတယ်။
အဲဒီတော့ ကလေးတွေက ကျောင်းကို မရောက် အလုပ်ထဲ ရောက်တာပေါ့။ ပညာ သင်ရ ကောင်းမှန်း
သိကြပါတယ်။ ကျောင်းထား ချင်ကြတယ်။ သို့သော် မိဘတွေ ကိုယ်တိုင် ပညာတန်ဖိုးထက်
ငွေမက်ကြတော့ မိဘတွေ ခိုင်းတဲ့ အလုပ်ကို ဒီကလေးတွေ လုပ်နေကြရတယ်။ တချို့ ကလေး
တွေကျတော့ အလုပ်ကို ထိတွေ့ စမ်းသပ် လုပ်ကိုင် ကြည့်ရင်း ရလာတဲ့ လခ ငွေကလေး အပေါ်
ပျော်ပိုက်လို့ အလုပ်နောက် ကောက်ကောက်ပါအောင် လိုက်ကြတာ တွေလည်း ရှိတယ်။
အချို့
အလုပ်သမား ကလေးတွေက အလုပ်ရုံ တန်းလျားမှာ အခြား အလုပ်သမား လူကြီးများ နှင့်အတူ
နေထိုင်ပြီး နေ့စဉ် အလုပ် ဆင်းကြရတယ်။ ပြင်ပ ထွက်ခွင့် မရဘူး။ ကလေးတွေရဲ့
လွတ်လပ်ခွင့်၊ ပျော်ရွှင်ခွင့်ဟာ အလုပ် ထဲမှာတင် ပျောက်ကွယ် သွားခဲ့ကြရတယ်။ ဒါတွေဟာ
ယနေ့ ထိတိုင် ကလေး များရဲ့ အခွင့်အရေး (child right) တွေ ပျောက်ကွယ် နေတာပါ။
ILO
လုပ်သွားနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ တနှစ်တာ ကာလမှာ မဲဆောက်၊ တခ်ခရိုင် အတွင်း Migrant
ကျောင်းများရှိ ချို့တဲ့ ကျောင်းသား အချို့ကို ရိက္ခာငွေ ဘတ် (၅၀၀)၊ ကျောင်းကားခ
(၈၂) ဘတ်၊ ကျောင်းဝတ်စုံ၊ ဖိနပ်၊ အိမ်သုံး ဆေးဝါး အချို့၊ ကျောပိုးအိတ်၊ အတွင်းခံ
ဘောင်းဘီ၊ အင်္ကျီများ ပေးကမ်း ထောက်ပံ့ခြင်းကို ရှေ့ပြေး လုပ်ငန်း တရပ်အဖြစ်သာ
ထောက်ပံ့ နိုင်ခဲ့ပါတယ်။ ကျောင်းသား ၃၀၀ ခန့်ရှိတဲ့ ကျောင်းတကျောင်း အတွက်
ကျောင်းသား ၂၀ ဦးကိုသာ ထောက်ပံ့ နိုင်ခဲ့ပါတယ်။ ကျောင်းသားများ အလုပ်သမား
ဘ၀ မရောက်အောင် ကြိုတင် ကာကွယ်တဲ့ Prevention အဆင့်ကို လုပ်ခဲ့ ခြင်းပါ။ သို့သော်
အလုပ်သမား ကလေးများ ကျောင်းတွင်း ပြန်လည် ရောက်ရှိရေးကို ကျောင်းဆရာများ နှင့်အတူ
ILO အဖွဲ့ကြီးက ထိရောက် စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါ။ တောထဲ တောင်ကြား၊
ယာခင်းများကို ဖြတ်ခြေရာ အနှံ့လိုက်ရှာရင်း ပညာ မသင်နိုင်ရတဲ့ ကလေးတွေ အများကြီး
ကျန်နေပါသေးတယ်။ ဒီနေရာတွေကို တကယ် ရောက်အောင် သွားရပါလိမ့်မယ်။ ကလေးတွေကို ပညာ
သင်ချင်တဲ့ စိတ်တွေ မွေးပေးရပါမယ်။
မိဘတွေကို
သူတို့ရဲ့ လိုအင် ငွေကြေးထောက်ပံ့ပေးပြီး ကလေးတွေကို ကျောင်းတွင်းသို့ ပါအောင်
ဆွဲသွင်းရပါမယ်။ အလုပ်ခွင် ထဲက ကလေး အလုပ်သမားတွေကို အာဏာပိုင် အဖွဲ့အစည်း
များဖြင့် အလုပ်ထဲမှ ဆွဲထုတ် ကြရ ပါလိမ့်မယ်။ လိုအပ်လာရင် မိမိ ကလေးကို မဖြစ်မနေ
ပညာသင်စေဖို့ ဥပဒေ တရပ်ပင် ထုတ်ပြန်ပြီး တွန်းအားပေး ရပါလိမ့်မယ်။ ဒီလုပ်ငန်းတွေ
တကယ် ထိရောက်ဖို့ (တနည်း) Education For All တကယ် ဖြစ်ချင်ရင် တကယ် လုပ်ဖို့
လိုပါမယ်။ ဟန်ရေးပြလို့တော့ ဖြစ်မလာနိုင်ပါ။
One
Goal Campaign ကို ကြိုဆို
ကလေးများ
အားလုံး ကျောင်းစာသင်ခန်း အတွင်း ရောက်ရှိပြီး ထိရောက်တဲ့ ပညာရစေဖို့ အတွက် အဓိက
လိုအပ် ချက်ကတော့ ငွေကြေး ပိုမို ရင်းနှီး မြုပ်နှံကြဖို့ ပါဘဲ။ ငွေကြေး
မရှိရင်တော့ ဘာမှ လုပ်လို့ မရပါ။ ဒီငွေကြေးတွေကို မှန်မှန် ကန်ကန် နေရာတကျ စနစ်တကျ
သုံးစွဲပြီး အမြော်အမြင် ကြီးမားသော ကမ္ဘာ့ အလှူရှင်များနှင့် တကယ်ပင် စိတ်အား
ထက်သန်သော ပညာရေး ၀န်ထမ်းများ၊ ကမ္ဘာ့ အလုပ်သမားများ သမဂ္ဂ၊ ပညာရေး ၀န်ကြီးဌာန၊ NGO
များနှင့် လစ်ဟာ ချက်များကို ဖြည့်ဆည်းရင်း လက်တွေ့ ကျကျ အလုပ်လုပ် ကြရင်းဖြင့်
မကြာသော ကာလမှာ အားလုံးအတွက် ပညာရေး (Education For All) (EFA) ရဲ့
ရည်မှန်းချက်ကြီး မုချ အောင်မြင် ရမှာပါ။
ဒါကြောင့်
ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ကြီး ဖီဖာ (FIFA) ရဲ့ အားလုံးအတွက် တဂိုး သင်ခန်းစာ (1
Goal For All) နှင့် တောင်အာဖရိက နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲဟာ
စာမသင် ရသေးတဲ့ ကလေးတွေရဲ့ အသံတွေကို ကမ္ဘာ သိ၊ ဘ၀ဂ် ထိအောင် တုန်စေမယ့် (1 Goal
Campaign) ပညာရေး လှုပ်ရှားမှုဟာလည်း အလွန်ကြီးမားတဲ့ ၀န်းရံမှုများ ဖြစ်လို့
လှိုက်လှဲစွာ ကြိုဆို လိုက်ပါကြောင်း။
ယခုလို
တင်ပြရေးအား လိုက်ရခြင်းသည် မည်သူ့ကိုမျှ တိုက်ခိုက်လိုခြင်း အလျဉ်းမရှိ၊
အဖြစ်မှန် များကို တင်ဆက် နိုင်ပါမှ ထိရောက်သော လှူဒါန်းမှုကြီး ဖြစ်လာကာ ကမ္ဘာ့
ကလေးများ ပညာသင်နိုင်ရေး မြင့်မား စေရန် စေတနာကောင်း တိုက်တွန်းခြင်းသာ ဖြစ်ပါတယ်။
ဤသို့ ပြုကြရမည်။ ကမ္ဘာနှင့် ချီတဲ့ ကမ္ဘာနှင့် ချီတဲ့ ကမ္ဘာ့ ဒါနကြီးကို ကမ္ဘာပေါ်ရှိ
ခုနှစ်ရက် သားသမီးတိုင်း သာဓု ခေါ်ကြပါ။ ကြည်နူး ပီတိ ဖြစ်ကြမှာ မြေကြီး လတ်ခတ်
မလွဲ ပါကြောင်း။
လေပြေအေး BHSOH (မယ်ပရွာ)
0 comments