Related Posts Plugin for WordPress, Blogger...

 မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် RSO သောင်းကျန်းသူ လက်နက်ကိုင် များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ များဖြစ်ပွားနေ၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကျေးရွာများမှ ရွာခံများမှာ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့လာကြကြောင်း သတင်းရရှိသည်။

ပြောင်းရွှေ့လာသည့် ကျေး ရွာမှာ မောင်တောမြို့နယ်မြောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရချင်းချောင်းကျေးရွာမှ အိမ် ထောင်စုများဖြစ်ပြီး မေလ ၂၉ ရက်က အိမ်ထောင်စုလေးစု၊ လူဦးရေ ၁၈ ဦးမှာ ဝေသာလီ၊ ကန်ပြင်သာစည်နှင့် သရေကုန် ဘောင်ကျေးရွာများရှိ ဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။

‘‘အဓိက ကတော့ အသက် အန္တရာယ်  စိုးရိမ်တဲ့အတွက် ပြောင်းလာကြတာဖြစ်ပါတယ်။ ရွာမှာ အိမ်ထောင်စုက ၁၅ စုပဲရှိ ပါတယ်။  အဲဒီအထဲမှာ အိမ် ထောင်စုလေးစု  ပြောင်းရွှေ့လာ ကြတာဖြစ်ပါတယ်။ ဝေဘာလီမှာ နှစ်စု၊ ကန်ပြင်သာစည်မှာ တစ်စု၊ သရေကုန်ဘောင်မှာတစ်စု ဆွေ မျိုးအိမ်တွေမှာ ယာယီနေထိုင်နေ တာဖြစ်ပါတယ်’’ဟု ပြောင်းရွှေ့ လာသူတစ်ဦးက ပြောသည်။

မောင်တောမြို့နယ် မြောက် ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တစ်လျှောက်တွင် RSOသောင်းကျန်းသူလက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှုမှာပိုမိုများပြားလာပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများဖြစ်သည်။

Author: မောင်ကံ
7DAY DAILY

Posted by Unknown on 6/01/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ