Related Posts Plugin for WordPress, Blogger...

 ဗန်းမောက် ၊ ၂၇-၉-၂၀၁၃



ဗန်းမောက်မြို့နယ် နောင်ပတ် ကျေးရွာအနီး ကျွန်းတော်ပြန့် ရွှေတူးဖော်ရေး လုပ်ကွက်များ တည်ရှိ ရာ ဒေသ၌ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီ ခွဲခန့်က စက်သုံးဆီ ဒီဇယ် ပြသနာကို  တူမီး သေနတ်ဖြင့် ပစ် ခတ်ဖြေရှင်း ရာမှ လူတစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံ ရွှေတူးဖော်ရေး လုပ်သားများထံက သိရသည်။

ဖြစ်စဉ်မှာ ကျွန်းလှမြို့နယ် မြစ်နီ ကျေးရွာနေ ကိုဆန်းဝင်းအောင် ဆိုသူသည် ကျွန်းတော်ပြန့် ရွှေ တူးဖော်ရေး လုပ်ငန်းတွင် ဒေသခံ ဦးထွန်းအုန်း နှင့် အကျိုးတူ ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၉ နာရီခွဲ ခန့်က ရွှေလုပ်ငန်းသုံး ဒီဇယ် စက်သုံးဆီ ငါးဂါလန် ပုံး နှစ်ပုံး ပျောက်ဆုံး ခဲ့သဖြင့် အနီး ပတ်ဝန်းကျင် ရှိ ရွှေတူးဖော်ရေး လုပ်ငန်းတူ အလုပ်ရှင် များထံတွင် သွားရောက် စုံစမ်းခဲ့သည်။

ထိုသို့ စုံစမ်းရာတွင် ၄င်းတို့၏ လုပ်ကွက် နှင့် ကိုက် ၅ဝ ခန့်အကွာ၌ ရှိသော ကိုကံတင် ဆိုသူ၏ လုပ်ကွက်သို့ ကိုဆန်းဝင်းအောင် က သွားရောက် မေးမြန်းခဲ့ရာ ထိုနေရာ၌ ၄င်းတို့ နှစ်ဦးသည် ဒီဇယ်ဆီ ကိစ္စ အငြင်းပွား ခဲ့ကြရာ ကိုကံတင်က တဲအတွင်းရှိ တူမီးသေနတ် ကိုဆွဲ၍ ကိုဆန်းဝင်းအောင် အား နှစ်ချက် ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ကိုဆန်းဝင်းအောင် ယာဘက် လက်ကောက်ဝတ် ၌ ဖူးရောင် ပွန်းပဲ့ဒဏ်ရာ နှင့် ဝမ်းဗိုက်၌ တစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဗန်းမောက် မြို့နယ် မံစီကြီး နယ်မြေ ရဲစခန်း၏ မှုခင်းမှတ်တမ်း များတွင် ဖော်ပြ ထားကြောင်း သိရသည်။

ဒီဇယ်ဆီ အငြင်းပွားသည့် ကိစ္စကို တူမီး သေနတ်ဖြင့် ပစ်ခတ် ဖြေရှင်းခဲ့သူ ကသာမြို့နယ် ကင်ပွန်းခြုံ ကျေးရွာနေ (ဘ) ဦးတင်အောင်၏ သား ကိုကံတင် အသက် ၃၁ နှစ် ဆိုသူအား ဗန်းမောက် မြို့နယ် မံစီကြီး နယ်မြေ ရဲစခန်းမှ (ပ)၁၁၈/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃ဝ၇ အရ အမှုရေးဖွင့် ထားကြောင်း သိရှိရသည်။
By Myawady Daily

Posted by Unknown on 9/27/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ