Related Posts Plugin for WordPress, Blogger...


solo-protest-thanwe-305.jpg
သိမ်းထားတဲ့ လယ်ယာမြေပြန်ပေးဖို့ သြဂုတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ 
သံတွဲမြို့မှာ တစ်ကိုယ်တော်ဆန္ဒပြနေသော ကိုစိုးဝေ ကိုတွေ့ရစဉ်
photo: RFA/ Min Thein Aung

မြန်မာနိုင်ငံ ဒေသအသီးသီးမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး သုံးကြိမ်တိုင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့တဲ့ အတွက် တရားမဝင်စီတန်းလည့်လည်ဆိုင်ရာ ပုဒ်မ-၁၈ နဲ့ တရားစွဲဆိုခံထားရတဲ့ သံတွဲမြို့ခံ ကိုစိုးဝေဟာ သံတွဲအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေတာ ၅ ရက်ရှိနေပြီလို့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။
အာဏာပိုင်တွေဘက်က ကိုစိုးဝေကို ဖမ်းဆီးအရေးယူတာဟာ တရားမျှတမှုမရှိဘူးလို့ ယူဆတဲ့အတွက် အခုလို အစာငတ်ခံဆန္ဒပြနေ တာဖြစ်လို့ ဒီနေ့ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ကိုစိုးဝေရဲ့မိခင် ဒေါ်အောင်ကြည် က RFA ကို ပြောပါတယ်။
မှန်တာပြောတာကို သူ့ကိုဘာလို့အဲလိုချုပ်ရသလဲဆိုပြီးတော့ အစာမစားဘူး၊ အန်တီအနေနဲ့ကတော့ ကျန်းမာရေး စိုးရိမ်တာပေါ့နော်၊ မတရားသဖြင့် ပြစ်မှုကျူးလွန်တာ မဟုတ်တဲ့သူကို ဘာဖြစ်လို့မတရားသဖြင့် အခုလိုချုပ်ရသလဲ၊ ရဲစခန်းမှာလည်း တခါထမင်းမကျွေးဘူး၊ ဒီလိုဘာဖြစ်လို့ မတရားသဖြင့်လုပ်ရတာလဲလို့ အဲဒါအန်တီကတော့ အများကြီးခံစားရတာပေါ့နော်”
ကိုစိုးဝေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က သုံးကြိမ်မြောက်အဖြစ် စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်လည်ရရှိဖို့ သံတွဲလေဆိပ်အနီးမှာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ရာမှာ ရဲစခန်းမှာ အာမခံမပေးဘဲ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုစိုးဝေကို ပြီခဲ့တဲ့ သြဂုတ်လ ၈ ရက်နဲ့ ၂၃ ရက်နေ့တွေကလည်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။


From RFA News

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ