Related Posts Plugin for WordPress, Blogger...

Photo
အကြွေးရပါက ဆင်ကိုပင်ဝယ်စီးသည်ဟု  မြန်မာလူမျိုးများ ပြောဆိုလေ့ရှိကြသည်။
မိမိအတွက် အသုံးလိုသည်၊ မလိုသည်ကို မစဉ်းစားဘဲ အကြွေးရပါက ရယူချင်သောဆန္ဒအား ဥပမာပေးပြောဆိုခြင်းဖြစ်သည်။
ယခုဆိုလျှင် သမ၀ါယမအသင်းအနေဖြင့် တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းချေးမည့်အစီအစဉ် စတင်နေပါပြီ။ ထို့အပြင် မှန်မှန်ကန်ကန်လုပ်ကိုင်ပြီး မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်သည့် အသင်းသားများအား ကျပ်ငါးသိန်းထိ ထုတ်ချေးပေးမည်ဟုလည်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပါသည်။
အကြွေးရပါက ဆင်ကိုပင် အကောင်လိုက်ဝယ်သည်ဟု မြန်မာလူထုကြား ပြောဆိုလေ့ရှိကြသည်။ မိမိအတွက် အသုံးလိုသည်၊ မလိုသည်ကို မစဉ်းစားဘဲအကြွေးရပါက ရယူချင်သောဆန္ဒအား ဥပမာပေးပြောဆိုခြင်းဖြစ်သည်။
ယခုဆိုလျှင် သမ၀ါယမအသင်းအနေဖြင့် တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းချေးမည့်အစီအစဉ် စတင်နေပါပြီ။ ထို့အပြင် မှန်မှန်ကန်ကန်လုပ်ကိုင်ပြီး မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်သည့် အသင်းသားများကို ကျပ်ငါးသိန်းထိ ထုတ်ချေးပေးမည်ဟုလည်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပါသည်။
လူလေးဦးလျှင်တစ်ဦး ဆင်းရဲနေသော မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရန်ရည်ရွယ်၍ ငွေချေးခြင်းဖြစ်သည်။ ငွေချေးယူမည့်သူအနေဖြင့် မိမိယုံကြည်ရသူ အနည်းဆုံးငါးဦးပါရှိသည့်အဖွဲ့ ဖွဲ့စည်းရမည်ဖြစ်ပြီး ၀ိုင်းကြီးချုပ်စနစ်ဖြင့် ချေးပေးမည်ဖြစ်ကာ ထိုချေးငွေအတွက် အတိုးနှုန်း ၂ ကျပ် ပြား ၅၀ နှုန်း သတ်မှတ်ထားသည်။
ထိုကဲ့သို့ချေးရန်အတွက် တရုတ်နိုင်ငံမှ ပို့ကုန်သွင်းကုန်ဘဏ်မှ အမေရိကန်ဒေါ်လာသန်းတစ်ရာ ချေးယူခဲ့သည်။ ထိုချေးငွေအတွက် တရုတ်နိုင်ငံဘဏ်သို့ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
သမ၀ါယမ၀န်ကြီးဌာနက ၂၀၁၃ သြဂုတ် ၂၀ ရက်အထိ ကျေးရွာပေါင်းတစ်သောင်းကျော်သို့ ချေးငွေ ၈၁ ဘီလီယံကျပ် ထုတ်ချေးထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကပြောသည်။ ထပ်မံချေးပေးရန် သမအသင်းများတွင် ငွေကြေးနှင့် ပိုင်ဆိုင်ပစ္စည်းမရှိတော့ဟု ၀န်ကြီးကဆိုသည်။
မြန်မာနိုင်ငံရှိ ကျေးလက်ဒေသရှိ ပြည်သူများ လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ၀ိုင်းကြီးချုပ်စနစ်ဖြင့် ငွေများထုတ်ချေးခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများ မကောင်းမှုများကြောင့် ချေးငွေပြန်မရသည်ကများကြောင်း ငွေချေးလုပ်ငန်းလုပ်ကိုင်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများကပြောသည်။
အထူးသဖြင့် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် သီးနှံများပျက်စီးခြင်း၊ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမတည်ငြိမ်ခြင်းတို့ကြောင့် ချေးငွေများ ပြန်လည်မပေးဆပ်နိုင်သူများရှိသည်။
“များသောအားဖြင့် ၈၀ ရာခိုင်နှုန်းလောက်က သီးနှံတွေပျက်စီးသွားလို့ ပြန်မဆပ်နိုင်တာ။ ၂၀ ရာခိုင်နှုန်းကတော့ တလွဲသုံးပစ်တာတွေရှိတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌပိုင်သော ကဉ္စနကျွန်းသာကုမ္ပဏီအနေဖြင့် တောင်သူလယ်သမားများအား ကျပ်ငွေသုံးဘီလီယံကျော် ချေးခဲ့ရာမှ ၁ ဒသမ ၂ ဘီလီယံ အကြွေးကျန်နေသေးကြောင်း ဦးချစ်ခိုင်ကပြောသည်။
“ဈေးတွေရောင်းမကောင်းတော့ လူတွေက ချေးငွေထုတ်ကြတယ်။ ဈေးကထပ်ရောင်းမကောင်းတော့ အတိုးနဲ့အရင်းပါ ထပ်ပြီးမဆပ်နိုင်ကြဘဲဖြစ်နေတာ”ဟု ပက်မြန်မာမှ ချေးငွေထုတ်ယူပြီး ညောင်ဦးမြို့မဈေးအတွင်း ယွန်းထည်ရောင်းချနေသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုကို ယခုဆယ်စုနှစ်အတွင်း ပိုမိုကြုံတွေ့လာရပြီး ပြီးခဲ့သည့် နိုင်ငံတကာရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန်မှု အဆိုးရွားဆုံးခံရသည့် နိုင်ငံများထဲတွင် ဒုတိယဖြစ်နေသည်။
ထို့ကြောင့် လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးသည့်ဒေသများတွင် နှစ်စဉ်ရေကြီးမှု၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် မိုးခေါင်မှုများကြောင့် စိုက်ပျိုးသီးနှံများ နှစ်စဉ်ပျက်စီးမှုနှင့် ကြုံတွေ့နေရသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် တရားဥပဒေစိုးမိုးမှု အားနည်းသဖြင့် ချဲဒိုင်များ၊ အရက်ပုန်းဆိုင်များနှင့် ဘောလုံးလောင်းကစားဒိုင်များမှာ နေရာအနှံ့ ပုံစံမျိုးစုံဖြင့် တည်ရှိနေကြသည်။
ထိုကဲ့သို့သော အခြေအနေမျိုးရှိနေမှုများကြောင့် သမ၀ါယမ၀န်ကြီးဌာနမှ တရုတ်နိုင်ငံမှ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းအတိုးဖြင့် ငွေချေးပြီး ကျေးလက်နေပြည်သူများအား ငွေပြန်ထုတ်ချေးမည့်အပေါ် စိုးရိမ်မှုများရှိနေကြသည်။
မြန်မာနိုင်ငံတွင် ၀ိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေထုတ်ချေးသည့်လုပ်ငန်းမှာ လက်တွေ့ပိုင်းတွင် အောင်မြင်မှုနည်းပါးနေသည့် အခြေအနေတွင်ရှိနေသဖြင့် တရုတ်နိုင်ငံမှချေးငွေယူပြီး ထပ်ဆင့်ချေးငှားခြင်းသည် နိုင်ငံအတွက် အတိုးပိစေသည့်အတွက် မလုပ်ဆောင်သင့်ကြောင်း အဖွဲ့အစည်းအချို့ကအကြံပြုကြသည်။    
“အတိုးနှုန်းများတယ်။ မကိုက်တဲ့ငွေကြေးအရင်းအနှီးဖြစ်နေတော့ တိုင်းပြည်အတွက် အတိုးပိနိုင်တဲ့စနစ်ကို အစိုးရအနေနဲ့ မကျင့်သုံးသင့်ဘူး။ နဂိုကတည်းကတောင် အစိုးရမှာ အကြွေးတွေရှိနေတာ မလုပ်သင့်ဘူး”ဟု လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပေါင်းကူးလူမှုအဖွဲ့အစည်းမှ ဒါရိုက်တာဦးကျော်သူကပြောသည်။
သို့သော် တရုတ်နိုင်ငံမှ ချေးယူမည့်ငွေ၏ အတိုးနှုန်းမှာ နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက နည်းပါးကြောင်း ကျေးလက်ဒေသများတွင် အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်နေသော Pact Myanmar  မှ အထွေထွေမန်နေဂျာ ဦးမောင်မောင်ကပြောသည်။
ချေးငွေများကြောင့် နိုင်ငံတကာတွင် စီးပွားရေးပိုမိုကျပ်တည်းသွားသော နိုင်ငံများရှိခဲ့ပြီး ဥပမာပြရမည်ဆိုပါက ဂရိနိုင်ငံဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံမှာမူ စနစ်တကျစီမံခန့်ခွဲခဲ့သဖြင့် ချေးငွေများကြောင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးခဲ့သည်။
“သမအဖွဲ့အစည်းဆိုတာက လူတန်းစားအကုန်မပါတဲ့အတွက် ဒါကိုပြန်စဉ်းစားရမယ်။ အဓိကအရေးကြီးတာက စီမံခန့်ခွဲမှုပေါ်မူတည်တယ်”ဟု တရုတ်နိုင်ငံမှ အတိုးနှုန်းဖြင့် ငွေချေး၍ သမ၀ါယမမှ ငွေပြန်ချေးမည့်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းကပြောသည်။
တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးရန်အတွက် ဘီလီယံတစ်ထောင်ခန့်ချေးရပြီး ထိုပမာဏမှာ လုံလောက်မှုမရှိဘဲ လုံလောက်အောင်ချေးပါက နောက်ထပ်ဘီလီယံတစ်ထောင်ခန့် ထပ်မံလိုအပ်ပြီး ကျန်ရှိနေသော အခြေခံလူတန်းစားများအတွက် ယခုချေးငွေသည် ဆင့်ပါးစပ်နှမ်းပက်သည့် ပမာဏသာရှိသည်ဟု ထောက်ပြပြောဆိုသူများလည်းရှိသည်။
သမ၀ါယမ၀န်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအား ချေးရာတွင် ဆုံးရှုံးမှုမရှိစေရန်နှင့် တောင်သူများ စုငွေရရှိရန်အတွက် ချေးငွေပေါ်မှ ၁၀ ရာခိုင်နှုန်းအား စုငွေအဖြစ်ထားရှိမည်ဖြစ်ပြီး ထိုစုငွေအပေါ်တွင် အတိုးနှုန်းသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးကပြောသည်။
ဝန်ကြီးဌာနအနေဖြင့် တစ်ကြိမ်လျှင် ကျပ်ငွေတစ်သိန်း ချေးပေးမည်ဖြစ်ပြီး တစ်နှစ်လျှင်နှစ်ကြိမ်ချေးသွားရန် စီစဉ်ထားကာ ယခုနှစ်တွင် စတင်ချေးမည်ဖြစ်သည်။
ငွေချေးရာတွင်လည်း သမ၀ါယမအသင်းဝင်များကိုသာ ချေးမည်ဖြစ်ပြီး အသင်းဝင်လိုသူများအနေဖြင့် ကျေးရွာရပ်ကွက်များတွင်ရှိသော သမ၀ါယမအသင်းများတွင် တစ်စုလျှင် ကျပ်ငါးထောင်သွင်း၍ အသင်းဝင်နိုင်မည်ဖြစ်သည်။
“ချေးငွေပေးတယ်ဆိုတာ ကျေးလက်နေပြည်သူအတွက် ကောင်းပါတယ်။ အတိတ်ကာလမှာဆိုရင် အမတော်ကြေးဆိုပြီးအမည်နဲ့ပေးခဲ့တာ ဒီဘက်ခေတ်မှာ မအောင်မြင်တာ။ ချေးငွေရယူသူတွေရဲ့ Mindset (စိတ်ထား) မပြောင်းနိုင်တာနဲ့ လုပ်တာကိုင်တာတွေလည်း အပေါ်ကခိုင်းတဲ့အတိုင်း လုပ်ကြလို့”ဟု စီးပွားရေးပညာရှင်ဦးလှမောင်က ပြောသည်။
လက်ရှိတွင် ကျေးလက်နေပြည်သူများအနေဖြင့်လည်း ငွေကြေးအရင်းအနှီး လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ ငွေကြေးကဏ္ဍတွင် အခွင့်အလမ်းအနည်းဆုံးဖြစ်ပြီး ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၃၆ ရာခိုင်နှုန်းနှင့် နိုင်ငံလုပ်သားအင်အား၏ သုံးပုံတစ်ပုံခန့်ကို စိုက်ပျိုးရေးကဏ္ဍက ပံ့ပိုးပေးထားသော်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် ချေးငွေများကဏ္ဍအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့်သာရှိသည်ဟု မီချီဂန်တက္ကသိုလ် စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကပြုစုသည့် စာတမ်းတွင် ဖော်ပြထားသည်။
ထိုနည်းတူ အခြေခံအဆောက်အအုံများဖြစ်သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး၊ သတင်းအချက်အလက်များ ရောက်ရှိရေးတို့အတွက် လိုအပ်ချက်များစွာရှိနေသည်။
ထို့အပြင် လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်းများမှာလည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ဈေးကစားကွက်ပေါ်တွင်သာ များစွာမူတည်နေပြီး တရားဥပဒေစိုးမိုးရေးမှာလည်း ကျေးလက်ဒေသတွင် မရှိသလောက်ရှိနေသည့် အနေအထားဖြစ်သည်။ ထိုအခြေအနေမျိုးတွင် မြန်မာနိုင်ငံသမိုင်းကြောင်းတွင် နာမည်ပျက်ရှိခဲ့သော သမ၀ါယမအနေဖြင့် တရုတ်နိုင်ငံမှ အတိုးနှုန်းဖြင့်ငွေချေး၍ ကျေးလက်နေပြည်သူများအား တစ်ဆင့်ပြန်လည်ချေးပေးမည့် လုပ်ငန်းစဉ်သည် စဉ်းစားချင့်ချိန်စရာလုပ်ရပ်ဖြစ်သည်ဟု ပညာရှင်များက ထောက်ပြပြောဆိုကြသည်။




7 7Day News Journal

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ