Related Posts Plugin for WordPress, Blogger...


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း လွန်ခဲ့သည့် ဆယ့်သုံးနှစ်အတွင်းကပင် အလုပ်သမားများအဖြစ် နေထိုင်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီအချိုမှာ မူရင်းဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ခံမည် ဆိုပါက နေရပ်ပြန်မည်ဟု မောင်တော ဒေသ ဧည့်နေဘဂါင်္လီတချို့ထံမှ သိရသည်။
အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က ဒီဒေသမှာ မနေချင်တာ ကြာပါပြီ။ ကျွန်တော်တို့ အဘိုးအဘီးတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကန(ဖ်)နယ်စပ်မြို့ကပါ။ မှတ်မှတ်ရရ (၁၉၈၉)ခုနှစ်မှာ ဒီကိုဝင်လာတာဖြစ်တယ်။ ကျွန်တော်တို့ အဖေအမေတွေလည်း ဒီမှာပဲ ခေါင်းချသေဆုံးသွားတာ ဖြစ်တယ်။ ၂၀၁၂ခုနှစ် အဖြစ်အပျက် တွေကြောင့် ကျွန်တော်တို့အပေါ်မှာ အမြင်လွဲမှားမှုတွေနဲ့ ခါးခါး သီးသီးမုန်းတီးသွားကြပါတယ်။ ဒါကြောင့်စိတ်ရဲ့ ထာဝရလုံခြုံမှုထွက်ပေါက်နေရာ တစ်ခုကိုအခြေချဖို့ သွားချင်တာပါဟု မောရ ၀တီကျေးရွာအနီး အလယ်သံကျော် ဘင်္ဂါလီကျေးရွာမှ အသက်(၅၀)၀န်းကျင်ရှိ ဘဂါင်္လီလူမျိုး ဦးအဒူရောင်းက ပြောသည်။
 အဆိုပါ နေရပ်ပြန်မည့် ဘင်္ဂါလီတစ်ချို့မှာ မြို့ပြစီးပွားရေးကောင်းမွန်သည့် နေရာဒေသများမှ မဟုတ်ဘဲ ဒေသခံ ရခိုင်လူမျိုးများ ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော အနီးနားကျေးရွာဒေသများနှင့် လုပ်စားရန် အခွင့်အရေး ခက်ခဲကာ ကျဉ်းမြောင်းသည့် ကျေးလက်ဒေသများမှ ဘဂါင်္လီအချို့ဖြစ်သည်ဟု သိရသည်။
“နောက်ပြီးတော့ ကျွန်တော်တို့မှာ လုပ်စားဖို့နေရာကလည်း ရခိုင်တွေက လယ်ယာမြေလုပ်ကွက်တွေ ငှားမရတာ၊ စီးပွားရေး အရ လုပ်စားကွက်တွေ ကျဉ်းမြောင်းလာတာတို့ကြောင့် ဒီမှာဆက်နေလို့ကတော့ မထူးပါဘူး။ ဘင်္ဂလားဒေ့ရှ်ကသာ ပြန်ပြီး လက်ခံမယ်ဆိုရင် ကျွန်တော်တို့ ပြန်သွားဖို့အစီအစဉ်ရှိပါတယ် ဟု ၎င်းက ဆက်ပြောသည်။
ရခိုင်လူမျိုးများအား မှီခိုကာလုပ်ကိုင်စားသောက်နေကြရသည့် ဘင်္ဂါလီအချို့မှာလည်း လက်ရှိကာလများ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့်အတွက် မူရင်းဒေသများသို့ ပြန်သွားလိုခြင်းဖြစ်သည်။
“ဒီမှာက မူရင်းဘင်္ဂလားဒေ့ရှ်ကို ပြန်သွားချင်ကြတဲ့ ဘဂါင်္လီတချို့ကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်လက်ခံမယ်ဆိုရင် သွားဖို့ အစီအစဉ်ရှိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အဆင့်အနေနဲ့ ပို့ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့ ဒီမှာ ပိုင်ဆိုင်တဲ့ လယ်ယာမြေ တွေကို ရောင်းပြီး ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သလိုအခြေချလုပ်ကိုင်စားသောက်လို့ရပါတယ်။ ဟု တမန်းသားကျေးရွာမှ ဘင်္ဂါလီ တစ်ဦးက ပြောသည်။
၂၀၁၂ခုနှစ် လူမျိုးနှစ်စု ပဋိပက္ခဖြစ်စဉ်ကြောင့် မောင်တောဒေသတွင်း ဒေသခံရခိုင်လူမျိုးများနှင့် ဒေသဧည့်နေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအကြား ယုံကြည်မှုပြတ်တောက်သွားကာ လယ်ယာမြေအငှားလုပ်ငန်း၊ ဈေးရောင်းဈေးဝယ်နှင့် ကုန်ကူးသန်းခြင်းလုပ်ငန်းများကိုလည်း သီးခြားစီ ရပ်တည်လာခဲ့ကြသည်။

Posted by Arakan Man on 9/03/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ