Related Posts Plugin for WordPress, Blogger...


တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင်သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။

ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သူမသည်ကား အခြားသူမဟုတ် တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ ပင်ဖြစ်ပါသည်။

၆.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ် (၁၃/က) ဗိုလ်မှူးဗ ထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သီလရှင် ဒေါ်နန္ဒမာလာ နှင့်အတူ မိသားစုဝင်များ ရောက်ရှိ လာခဲ့ပါသည်။ ဒေါ်နန္ဒမာလာသည် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး နှင့် လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု အကျိုးပြုလုပ်ငန်း များကို ပိုမိုပေးဆပ်နိုင်ရန်အတွက် မိဘနှစ်ပါးအားရည်စူး၍ အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ် တိတိအား လာရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းမှုအပြီးတွင် ဥက္ကဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ချက်များအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြပြီး သီလရှင် ဒေါ်နန္ဒမာလာမှ လှူဒါန်းမှုအစုစုတို့အား ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) Facebook နှင့် Website စာမျက်နှာတို့တွင် အများပြည်သူ မုဒိတာပွားနိုင်ရန် သတင်းတင်လိုပါသည် ဟုခွင့်တောင်းခဲ့ရာ ဒေါ်နန္ဒမာလာမှ “ဆရာလေးအနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူး၊ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိ တာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး၊ သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး၊ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင်လို့ လှူဖြစ်ခဲ့ တယ်၊ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူးဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်၊ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ 
 
ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍လည်း သီလရှင် ပဋိယတ္တိစာပေများ သင်ဆည်းပူးနေခြင်းအား မေးမြန်းကြည့်ရာ “ပညာရေးအနေနဲ့ ပထမငယ်ဖြေထားပါတယ်၊ သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ” ဟု ပကတိ တည်ငြိမ် အေးချမ်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင် ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏ သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား များစွာကွာခြားလှပါသည်။ စကားပြောခြင်း၊ လမ်း လျှောက်ခြင်းမှစ၍ အရာရာအား သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြီကို သတိထား မိပါတော့သည်။
 
 ထို့ကြောင့် ယခင်အချိန်က အနုပညာလောကတွင် ပြည်သူတို့အား ပျော်ရွှင်စေရန် အနု ပညာဖြင့် ဖျော်ဖြေပေးခဲ့သော ဒေါ်တင့်တင့်ထွန်းသည် ယခုအခါ ဒေါ်နန္ဒမာလာအဖြစ် မြတ်ဗုဒ္ဓ၏ သမီး တော်ဘဝနှင့် ပဋိပတ္တိစာပေများ လေ့လာလိုက်စားကာ တရားဘာဝနာများ စီးဖြန်းအားထုတ်နေသလို တစ်ဖက်မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် ကူညီပေးဆပ်နိုင်ရန် ဝတ္ထု ငွေကြေးများဖြင့် လှူဒါန်းခဲ့သော အလှူဒါနအား မိဘနှစ်ပါးနှင့်တကွ သံသရာတွင် ကျင်လည်ကြကုန်သာ (၃၁) ဘုံသား ဝေနေယျ သုခိတာ၊ ဒုက္ခိတာအပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏။ အားလုံးသော (၃၁) ဘုံသားအပေါင်းတို့ သာဓု .. သာဓု .. သာဓု ခေါ်ဆိုနိုင်ကြပါစေသား။

(၃၁) ဘုံသား ဝေနေယျသတ္တဝါများ အားလုံးအေးချမ်းသာယာ ရှိနိုင်ကြပါစေ။

နာရေးကူညီမှုအသင်း(ရန်ကုန်)
 
 
 
From:Ko John

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ