Related Posts Plugin for WordPress, Blogger...


မလေးရှားနိုင်ငံ၌ ဖမ်းဆီးခြင်းခံ နေရသော မြန်မာလုပ်သားများနှင့်ပတ် သက်ပြီး ဆောင်ရွက်ပေးမှုအပိုင်းကို တိ ကျစွာ ချမှတ်ထားနိုင်ခြင်း မရှိသေး ကြောင်း မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၌ အလုပ် သမားရေးဆောင်ရွက်ရန် တွဲဖက်တာဝန်ပေးခံထားရသူ အလုပ်သ မားရေးရာ သံအရာရှိ ဦးစိုးဝင်းက စက်တင်ဘာလ ၃ ရက်က ဖုန်းဖြင့်ဆက် သွယ် မေးမြန်းရာတွင် ပြောသည်။

”အခုလောလောဆယ်ကတော့ ဘာမှ ဟိုဟာမလုပ်သေးဘူးပေါ့။ သူတို့ ဖမ်းတယ်ဆိုတာကလည်း နိုင်ငံခြားသား အကုန်ဖမ်းတာကိုး။ ကျွန်တော်တို့နိုင်ငံ သားဘယ်နှေ ယာက်ပါလို့ ဘယ်နှယောက် ရှိမှန်း မသိသေးဘူးလေ။ စာရင်း ဇယား ကလည်း သူတို့ဘယ်ပေးမှာလဲ။ နောက် ပိုင်းသူတို့ခွဲပြီးတော့မှ ပေးမှာပေါ့။ ပေးတော့မှ သူတို့ ဘက်က Contact (ဆက်သွယ်မှု) လုပ်လာမှ ကျွန်တော် တို့က ဒီကနေ ဘယ်လိုဆောင် ရွက်မယ် ဆိုတာ ပူးပေါင်းမှရမှာ”ဟု ဦးစိုးဝင်းက လက်ရှိမလေးရှားနို င်ငံ၌ မြန်မာလုပ်သား များဖမ်းဆီးခံရခြင်းအပေါ် ဖြေရှင်း ပေးနိုင်မှု အခြေအနေနှင့် ပတ်သက်၍ ပြောသည်။

မလေးရှား အစိုးရမှ စက်တင် ဘာလ ၁ ရက်မှ စတင်ပြီး နိုင်ငံတွင်း တရားမဝင်နေထိုင်သူများကို နေရာအနှံ့ အထူးစစ်ဆေးရေး တစ်ရပ်ဖြင့် ဖမ်းဆီး လျက်ရှိသည်။ စက်တင်ဘာလ ၃ ရက် ထိ မြန်မာလုပ် သား နှစ်ထောင်ကျော် ဖမ်းဆီးခြင်းခံရသည်ဟု မလေးရှား နိုင်ငံအခြေစိုက် အလုပ်သမားရေး ဆောင်ရွက်သူအချို့ထံမှ သိရှိရသော် လည်း အမှန်တကယ်ဖမ်းဆီးခြင်းခံရ သည့် မြန်မာအလုပ်သမားအရေအတွက် ကိုမူ တရားဝင် သိရှိရခြင်းမရှိပေ။

ဖမ်းဆီးခြင်းခံရသည့် မြန်မာ အ လုပ်သမား အရေအတွက် အပါအဝင် သံရုံးအနေဖြင့် အရေးကိစ္စအပေါ်မည်သို့ဆောင်ရွက်ရန် စီစဉ် ထားခြင်းအား မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးတင်လတ်အား ဖုန်းဖြင့် ဆက် သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားမည့်သူမရှိသဖြင့် အတည်ပြုနိုင် ခြင်း မရှိခဲ့ပေ။

မလေးရှားတွင် ဖမ်းဆီးခြင်းခံရ သည့် မြန်မာလုပ်သားများအရေး ကိစ္စ ဖြေရှင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန် ကြီး အပါအဝင် အဆင့်မြင့် အရာရှိအချို့ စက်တင်ဘာလ ဒုတိယပတ်အတွင်း မလေးရှား နိုင်ငံသို့ သွားရောက်မည်ဟု သိရသည်။

”ဟုတ်ပါတယ် ကျွန်တော်တို့ ဝန် ကြီးတွေလာမှာပါ။ ဒါပေမဲ့ သူတို့လာ တဲ့အချိန်မှာ ဘာတွေဆောင်ရွက်မယ် ဆိုတဲ့ ပြင်ဆင်ထားတာမျိုး တော့ ဒီဘက်မှာမရှိသေးပါဘူး။ အဲဒီအတွက် ဒီကို ညွှန်ကြားထားတာမျိုးမရှိသေးပါ ဘူး”ဟု ဦးစိုးဝင်းက ပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်ကမူ ဖမ်းဆီးခြင်း ခံနေရသော မြန်မာအလုပ်သမားများ ကိစ္စအပါအဝင် အလုပ်သမားအခွင့် အရေးကာကွယ်ရေးကိစ္စများကို ခရီးစဉ် ၌ ဆွေးနွေးသွားမည်ဟု မီဒီယာအချို့သို့ ထုတ်ဖော်ပြောကြားထားသည်။

ဖမ်းဆီးခြင်းခံရသည့် မြန်မာလုပ် သားများနှင့် ပတ်သက်ပြီး မလေးရှား အစိုးရ ဆောင်ရွက်မည့်အပေါ် တစ်စုံ တစ်ရာသိရှိရခြင်းမရှိသေးဘဲ ယခင် အ ကြိမ်များနည်း တူပင် ဖမ်းဆီးမိသူများ အား Camp များသို့ ကနဦး ပို့ဆောင် ပြီးနောက်မှ မြန်မာအစိုးရဘက်မှ ညှိ နှိုင်းပြီး Camp ထဲမှ ပြန် လည်ခေါ်ထုတ် ၍ မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်ပေးခြင်း များဆောင်ရွက်သွားဖွယ် ရှိကြောင်း ဦးစိုးဝင်းက ခန့်မှန်း ပြော သည်။

မလေးရှားရှိ မြန်မာလုပ်သားများဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ယခင် အကြိမ်များက ပုဂ္ဂလိကအနေဖြင့် ကူညီ ဆောင်ရွက်မှုပေးခဲ့သည့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဦးရဲမျိုးဟိန်းက ”သံရုံး ကလည်းအကန့် အသတ်တွေ ရှိပါတယ်။ အဓိက ကတော့ အစိုးရချင်း ပြောရမှာ ပါ”ဟု မှတ်ချက်ပြု ပြောကြားသည်။

လက်ရှိ၌ မလေးရှားနိုင်ငံတွင် မြန်မာလုပ်သား ငါးသိန်းကျော် အလုပ် လုပ်ကိုင်လျက်ရှိပြီး အများစုမှာ တရား မဝင် နေထိုင်သူများဖြစ်ကြောင်း သိရ သည်။ မလေးရှား အစိုးရအနေဖြင့် ယင်းကဲ့သို့တရားမဝင်နေထိုင်သူများ ကို အော်ပရာစီ အထူးစီမံကိန်းဖြင့် ဖမ်းဆီး ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁ ရက် မှ စတင်၍ ၃ လတိတိ ဆောင်ရွက်သွား မည်ဖြစ်သည်။

ဥာဏ်လင်းအောင်

Popular Myanmar News Journal http://www.thithtoolwin.com/

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ