ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ကျောင်းသားများသာ သီးသန့်တက်ရောက်သင်ကြားနေကြသည့် အခြေခံပညာ စာသင်ကျောင်းများတွင်
နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း
မရှိကြောင်း ပညာရေးဌာနမှ သိရသည်။ ရခိုင်ပြည်နယ် ပညာရေးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက "ဘင်္ဂါလီတွေက နိုင်ငံတော်သီချင်းကို
မဆိုသလို၊ နိုင်ငံတော် အလံကိုလည်း အလေးမပြုကြဘူး။ အထူးသဖြင့်
ရခိုင်ပြည်နယ် အတွင်းက အစိုးရက ခန့်အပ်ထားတဲ့ ဘင်္ဂါလီကျောင်းဆရာတွေလည်း
ဒီအတိုင်းပဲ" ဟု ပြောကြားသည်။ ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေး
စခန်းများနှင့် ရခိုင်တိုင်းရင်းသားများ မရှိသော အခြေခံပညာ ကျောင်းများတွင်
တိုင်းရင်းသား ကျောင်းဆရာ ဆရာမများအား သွားရောက်တာဝန်
ထမ်းဆောင်ခြင်းကိုလည်း ယာယီရပ်တန့်ထားကြောင်း သိရသည်။ သို့သော်လည်း
ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားချက်အရ
ဘင်္ဂါလီများ ယဉ်ကျေးလိမ္မာ လာစေရန်နှင့် ပြည်သူ့နီတိကဲ့သို့ စာများကိုလည်း
သင်ကြားရမည်ဟု ပါရှိခဲ့ခြင်းအပေါ် စာသင်ကျောင်းများတွင် ပြည်သူ့နီတိများအား
အချိန်ဇယားအလိုက် ထည့်သွင်းသင်ကြားမှုများ ရှိသော်လည်း
ဘင်္ဂါလီကျောင်းသားများမှာ လိုက်နာမှု အားနည်းခြင်းများကို ပညာရေးဌာနမှ
သက်ဆိုင်ရာ ဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရသည်။ "ဘင်္ဂါလီတွေကို
ပြည်သူ့နိတိတွေ သင်ခဲ့တယ်။ မလိုက်နာဘူး။ သူတို့ ဂရုမစိုက်ဘူး ဆိုတာကို
အထက်အရာရှိတွေဆီ တင်ပြထားပြီး ဖြစ်တယ်။ ဘင်္ဂါလီ လူကြီးတွေက
နိုင်ငံတော်အလံကို အလေးမပြုတော့၊ ကလေးတွေက ဘယ်လိုလုပ် အလေးပြုမှာလဲ" ဟု
ဦးလှစိန်ထွန်းက ထပ်လောင်းပြောဆိုခဲ့ပါသည်။ လက်ရှိ အနေအထားတွင် ကယ်ဆယ်ရေး
စခန်းများ၌ ဘင်္ဂါလီ ကျောင်းသားများ အတွက် ကယ်ဆယ်ရေး စခန်းများရှိ
ယာယီစာသင်ကျောင်း များ ဖွင့်လှစ်ထားရှိပြီး ဘင်္ဂါလီဆွဲခန့်
ကျောင်းဆရာများကိုလည်း ခန့်အပ်ထားရှိကြောင်း သိရသည်။ ထို့ပြင်
ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များတွင်လည်း ဘင်္ဂါလီများ
သီးသန့်တက်ရောက် သင်ကြားနေသည့် အခြေခံပညာရေးကျောင်း ၄၀
ကျော်ရှိကြောင်းနှင့် အဆိုပါ ကျောင်းများအား တိုင်းရင်းသား
ကျောင်းဆရာ/မများ လုံခြုံရေးအရ သွားရောက်တာဝန် ထမ်းဆောင်ရန် ခက်ခဲသဖြင့်
ဘင်္ဂါလီဆရာများကို သင်ကြားရန် ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိအနေအထားတွင်
ရခိုင်ပြည်နယ် အတွင်းရှိ အစိုးရ ကျောင်းများအားလုံး
ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။ Eleven Media Group စစ်တွေမြို့နယ်
အတွင်းရှိ ယာယီစာသင်ကျောင်းများကို တွေ့ရစဉ်
ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ကျောင်းသားများသာ သီးသန့်တက်ရောက်သင်ကြားနေကြသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိကြောင်း ပညာရေးဌာနမှ သိရသည်။
ရခိုင်ပြည်နယ် ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက "ဘင်္ဂါလီတွေက နိုင်ငံတော်သီချင်းကို မဆိုသလို၊ နိုင်ငံတော် အလံကိုလည်း အလေးမပြုကြဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်းက အစိုးရက ခန့်အပ်ထားတဲ့ ဘင်္ဂါလီကျောင်းဆရာတွေလည်း ဒီအတိုင်းပဲ" ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေး စခန်းများနှင့် ရခိုင်တိုင်းရင်းသားများ မရှိသော အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ကျောင်းဆရာ ဆရာမများအား သွားရောက်တာဝန် ထမ်းဆောင်ခြင်းကိုလည်း ယာယီရပ်တန့်ထားကြောင်း သိရသည်။ သို့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားချက်အရဘင်္ဂါလီများ ယဉ်ကျေးလိမ္မာ လာစေရန်နှင့် ပြည်သူ့နီတိကဲ့သို့ စာများကိုလည်း သင်ကြားရမည်ဟု ပါရှိခဲ့ခြင်းအပေါ် စာသင်ကျောင်းများတွင် ပြည်သူ့နီတိများအား အချိန်ဇယားအလိုက် ထည့်သွင်းသင်ကြားမှုများ ရှိသော်လည်း ဘင်္ဂါလီကျောင်းသားများမှာ လိုက်နာမှု အားနည်းခြင်းများကို ပညာရေးဌာနမှ သက်ဆိုင်ရာ ဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
"ဘင်္ဂါလီတွေကို ပြည်သူ့နိတိတွေ သင်ခဲ့တယ်။ မလိုက်နာဘူး။ သူတို့ ဂရုမစိုက်ဘူး ဆိုတာကို အထက်အရာရှိတွေဆီ တင်ပြထားပြီး ဖြစ်တယ်။ ဘင်္ဂါလီ လူကြီးတွေက နိုင်ငံတော်အလံကို အလေးမပြုတော့၊ ကလေးတွေက ဘယ်လိုလုပ် အလေးပြုမှာလဲ" ဟု ဦးလှစိန်ထွန်းက ထပ်လောင်းပြောဆိုခဲ့ပါသည်။
လက်ရှိ အနေအထားတွင် ကယ်ဆယ်ရေး စခန်းများ၌ ဘင်္ဂါလီ ကျောင်းသားများ အတွက် ကယ်ဆယ်ရေး စခန်းများရှိ ယာယီစာသင်ကျောင်း များ ဖွင့်လှစ်ထားရှိပြီး ဘင်္ဂါလီဆွဲခန့် ကျောင်းဆရာများကိုလည်း ခန့်အပ်ထားရှိကြောင်း သိရသည်။ ထို့ပြင် ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များတွင်လည်း ဘင်္ဂါလီများ သီးသန့်တက်ရောက် သင်ကြားနေသည့် အခြေခံပညာရေးကျောင်း ၄၀ ကျော်ရှိကြောင်းနှင့် အဆိုပါ ကျောင်းများအား တိုင်းရင်းသား ကျောင်းဆရာ/မများ လုံခြုံရေးအရ သွားရောက်တာဝန် ထမ်းဆောင်ရန် ခက်ခဲသဖြင့် ဘင်္ဂါလီဆရာများကို သင်ကြားရန် ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ် အတွင်းရှိ အစိုးရ ကျောင်းများအားလုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group
စစ်တွေမြို့နယ် အတွင်းရှိ ယာယီစာသင်ကျောင်းများကို တွေ့ရစဉ်

0 comments