Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၁၂ သြဂုတ် ၂၀၁၄)
ဖွင့်ပွဲ အခမ်းအနား ပြုလုပ်နေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ မြောက်ဦးသွေးလှူရှင်များ အသင်း)
ဖွင့်ပွဲ အခမ်းအနား ပြုလုပ်နေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ မြောက်ဦးသွေးလှူရှင်များ အသင်း)
ရခိုင်ပြည်နယ် မြောက်ဦးမြို့ သွေးလှူရှင်များ အသင်းရုံးကို ယခုလ ၁၀ ရက်နေ့ နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းအခမ်းအနားကို (၂) ပိုင်းခွဲပြီးကျင်းပရာ ပထမပိုင်းတွင် ဆရာတော်များအား ဆွမ်းကပ်လှူပြီး အန္တရာယ်ကင်း ပရိတ်တော်များကို အသင်းရုံးတွင် ရွတ်ဖတ် ပူဇော်ခဲ့သည်ဟု အသင်းတာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
ဒုတိယပိုင်းတွင် ရုံးဖွင့်ပွဲကို နံနက် ၉ နာရီတွင် စတင် ကျင်းပရာလူပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။
“  ခရိုင်မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။ လူတော်တော်များများ တက်ရောက်ကြပါတယ်။ ခန့်မှန်းခြေ ၄၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်” ဟု အသင်းတာဝန်ရှိသူက ဆိုသည်။
ယခင်က မြောက်ဦးသွေးလှူရှင်များ အသင်းကို မြောက်ဦးနာရေးအသင်းအောက်တွင်ထားရှိခဲ့ပြီး ဆေးရုံနှင့် အလှမ်းဝေးရာမှ ယခုလို ဆေးရုံအနီးရှိ မြေကွက်လပ်တစ်ခုသို့ အသင်းရုံးကို ပြောင်းရွှေ့ တည်ဆောက်ခဲ့ရသည်ဟု ဆိုသည်။
image-63a986cac9bf4d53a4294108fc3d426d4ecf3b3cf881cb09f96c2d279c690163-V
“ အရင်က သွေးလှူရှင် အသင်းက မြောက်ဦးနာရေးရုံးမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနေရာက ဆေးရုံနဲ့ အလှမ်းဝေးတော့ သွေးလိုအပ်တဲ့အခါ ရှာဖွေရတာတို့၊ သွားရောက်လှူဒါန်းရတာတို့ ပြုလုပ်ရတာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့် ဆေးရုံနားက မြေကွက်လပ်တစ်ခုမှာ ယာယီ အသင်းရုံး တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။
အသင်းအတွက် ရပ်ဝေးမှ လူနာများ တင်ဆောင်ရန် လွယ်လင့်တကူ ဖြစ်စေရန် ရည်ရွယ်ပြီး လူနာတင်ကား တစ်စီးကိုလည်း မြောက်ဦးမြို့ ရတနာမာန်အောင် တောရ ဓမ္မရိပ်သာကျောင်းမှ လှူဒါန်းခဲ့သည်ဟု သိရသည်။
မြောက်ဦး သွေးလှူရှင်များ အသင်းအနေဖြင့် သွေးလှူဘဏ် တစ်ခု ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး သွေးလိုအပ်ပါက အနီးအနားရှိ ကျောက်တော်၊ မင်းပြားမြို့သို့လည်း သွားရောက်လှူဒါန်းရန် ရည်ရွယ်ထားသည်ဟု အသင်းတာဝန်ရှိသူက ပြောဆိုသွားသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ