Related Posts Plugin for WordPress, Blogger...

PR စနစ်အား ပြည်နယ်များတွင် ကျင့်
သုံးခြင်းမပြုရန် ဆန့်ကျင်နေသည့်ကြား
မှ ဆောင်ရွက်လာပါက လက်
ရှိဖော်ဆောင်နေသည့် တစ်နိုင်ငံလုံး
ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စ


ပျက်ပြယ်သွားနိုင်ကြောင်း ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)  ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်အား အမှန်တကယ် ကျင့်သုံးမည်ဆိုပါကPR  စနစ်သည် အလကားဖြစ်သွားမည်ဖြစ်ပြီး မလိုအပ်တော့ကြောင်း၊ တိုင်းရင်းသားပါတီအားလုံး၊ NBF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ သဘောထားသည် ဖက်ဒရယ်စနစ်ကိုသာ လိုအပ်ကြောင်း၊

 မိမိတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လုပ်သွားမည့်ကိစ္စတွင်  PR  စနစ်သည် မိမိတို့အတွက် ဘာအကျိုးမှမရှိကြောင်း၊ အကယ်၍ ဖက်ဒရယ်စနစ်သို့ မရောက်ခင်စပ်ကြားတွင် PR  စနစ်ကျင့်သုံးရန် လိုအပ်လာပါက ဖွံ့ဖြိုးပြီးတိုင်းဒေသကြီး ခုနစ်ခုတွင်သာ ဆောင်ရွက်သင့်ကြောင်း ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

  ထို့အပြင် PR  စနစ် ကျင့်သုံးခြင်း ဖော်ဆောင်နေမှုသည် အဆုံးစွန်ထိရှိလာပါက လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်၊ မဝင်ရန်အတွက် စဉ်းစားရမည့်အနေအထားသို့ ရောက်ရှိလာနိုင်ပြီး လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေမှုလည်း ပျက်ပြယ်သွားနိုင်ကြောင်း ဦးစိုင်းစောသန်းမြင့်က ဆက်လက်ပြောကြားသည်။   “လက်ရှိ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီးလုံးဝပျက်ပြားသွားမယ်လို့ လုံးဝမြင်တယ်။

ဒါ့အပြင် တိုင်းရင်းသားပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘာပဲဖြစ်ဖြစ် အားလုံး ခံယူချက်ချင်းတူတယ်ပေါ့နော်။ တကယ်လို့ PR  စနစ်ကို ကျွန်တော်တို့ ခုနစ်ပြည်နယ်မှာ ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ပါတီကလည်း အားလုံးကန့်ကွက်မယ့်အပြင် အဲဒီကန့်ကွက်လို့ မဖြစ်လာဘူးဆိုရင် လက်ရှိငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်လာနိုင်ဖို့ အစီအစဉ်မရှိဘူးလို့ ယူဆတယ်။

  တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့အစီအစဉ်ပါ ကျွန်တော်တို့ ပျက်သွားမယ်လို့ လုံးဝယုံကြည်တယ်” ဟု ဦး စိုင်းစောသန်းမြင့်က ပြောကြားသည်။

 အလားတူ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသည် လက်ရှိလာမည့် ဖက်ဒရယ်ပြည်ထောင်စုအတွက်သာမက လာမည့် ဒီမိုကရေစီနိုင်ငံအတွက် အဓိကအချက်ဖြစ်ကြောင်း ဦးစိုင်းစောသန်းမြင့်က ဆိုသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) တွင် အဖွဲ့ဝင်အဖြစ် တိုင်းရင်းသားပါတီ ၂ဝ ပါဝင်ပြီး ယခင်ကတည်း က PR စနစ်အား လက်မခံကြောင်း ကြေညာထားသည့်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည့်အပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ၎င်းတို့အဖွဲ့၏ PR  စနစ်အပေါ် သဘောထားအမြင်ကိုလည်း ထုတ်ပြန်ထားသည့် အဖွဲ့လည်းဖြစ်သည်။

 NBF အနေဖြင့် အဖွဲ့ဝင်တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် ပြည်မနှင့် အခြားဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရည်ရွယ်၍ အဖွဲ့ဝင်ပါတီများမှ ကိုယ်စားလှယ်များပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ကို တည်ထောင်ထားကြောင်း ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

Eleven Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ