Related Posts Plugin for WordPress, Blogger...

တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ခရီးသည်ယာဉ်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဇော်မိုးထက်)
ရန်ကုန်နှင့် လားရှိုးပြေး ဆွဲသည့် တက်လမ်း ခရီးသည် တင်ယာဉ်သည် သီပေါမြို့အနီးတွင် တိမ်းမှောက် ခဲ့ပြီး ခရီးသည် အမျိုးသားတစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာ ရခဲ့ကြောင်း သီပေါမြို့မ ရဲစခန်းမှ သတင်းရရှိ သည်။
 လားရှိုးမြို့မှ ရန်ကုန်သို့ ထွက်လာစဉ် ပြည်ထောင်စုလမ်း မကြီးပေါ်၌ မေလ ၁၁ ရက် နံနက် က အိမ်စီးကားတစ်စီးအား ၀င် တိုက်ကာ အရှိန်လွန်၍ လမ်းဘေး သို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်း အပါအ၀င် ခရီးသည် ခြောက်ဦးဒဏ်ရာရ ခဲ့ကာ အမျိုးသားတစ်ဦးသေဆုံး ခဲ့ကြောင်း သီပေါမြို့မရဲစခန်း မှူး ဒုရဲမှူးသိန်းလှိုင်က ပြော သည်။

‘‘မောင်းတဲ့ အရှိန်များပြီး အိမ်စီးကားကို ၀င်တိုက်တာ။ အိမ်စီးကားကတော့ ဘာမှမဖြစ် ဘူး။ ဒီဘက် ကားလမ်းတွေက လမ်းဘေးတွေမှာ ချောက်တွေ များတော့ တက်လမ်းက ချောက် ဘက်ကျပြီး အခြေအနေဆိုးသွား တာ။ ယာဉ်မောင်းလည်း ဒဏ်ရာ ပြင်းလို့ ဆေးရုံမှာပဲ ရဲအစောင့်အ ရှောက်နဲ့ ထားတယ်’’ ဟု ၎င်းက ပြောသည်။

 ဒဏ်ရာရသူ ခြောက်ဦးအနက် ဒဏ်ရာပြင်းထန်သည့် ယာဉ်မောင်းနှင့် ခရီးသည်နှစ်ဦးမှာ မန္တလေးဆေးရုံကြီးတွင် ကုသနေပြီး အဆိုပါအမှုကို သီပေါမြို့နယ်ရဲစခန်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7DAY DAILY



0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ