Related Posts Plugin for WordPress, Blogger...

ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၄ ခုနှစ်

ဘွဲ့ရလူငယ်များကို ယခင်အစိုးရလက်ထက်က အစိုးရ၀န်ထမ်းအဖြစ် လုံးဝမခန့်အပ်ခဲ့သဖြင့် ဘ၀များ ပျက်စီးခဲ့ရသည်ဟု အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင်သာဘိတ်၏ ဝေဖန်မှုကို ဆီလျော်မှုမရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ငြင်းဆိုလိုက်သည်။

ဦးစတီဗင်သာဘိတ်က နိုင်ငံ့ဝန်ထမ်း ခန့်ထားရာတွင် အသက်ကန့်သတ်မှုနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးကျော်သူကမူ “ယခင်အစိုးရ လက်ထက်က တက္ကသိုလ်ဘွဲ့ရပြီးသော်လည်း ၀န်ထမ်းခန့်ထားမှု လုံးဝ မရှိကြောင်း ဖော်ပြခဲ့မှုသည် မှန်ကန်မှုမရှိဘဲ ယင်းကိစ္စကို ပြန်လည်စဉ်းစားရန် ဆီလျော်သင့်တော်မှု မရှိပါ”ဟု ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု အမြင့်ဆုံး၊ ဘတ်ဂျက်အနည်းဆုံးနှင့် ဒေသဖွံ့ဖြိုးရေးလွန်စွာ အားနည်းနေသည့် ချင်းပြည်နယ်တွင် ဘွဲ့ရပြီး အသက် ၃၀ ကျော် လူငယ်များအတွက် အစိုးရ၀န်ထမ်းအဖြစ် ရွေးချယ် ခန့်ထားရန် စဉ်းစားသင့်သည်ဟု လွှတ်တော်အမတ်က တင်ပြခဲ့သည်။

ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌက ၀န်ထမ်းများ၏ အသက်ကန့်သတ်ချက်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (ဃ)အရ ဆောင်ရွက်သည်ဟု ပြောသည်။ အဆိုပါ နည်းဥပဒေများတွင် ၀န်ထမ်းသည် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းမှ တစ်ပါး အမှုထမ်းသော်လည်းကောင်း၊ အရာထမ်းသော်လည်းကောင်း၊ အသက် မည်ရွေ့မည်မျှ ကန့်သတ်ပြီး ရွေးချယ်ခန့်ထားရမည်ဟု သတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိပါဟု ဆိုသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ၃၅ နှစ်ဝန်းကျင်ရှိ ဘွဲ့ရလူငယ်တွေအတွက် အလုပ်ရရှိဖို့ ခက်ခဲနေတာကို အစိုးရဌာနတွေအနေနဲ့ ပြန်လည်စဉ်းစားစေချင်လို့ပါ”ဟု မေးမြန်းရသည့်အကြောင်းကို ဦးစတီဗင်သာဘိတ်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံးရှိ ရုံးဌာနများ၌ တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြသော အရာရှိများနှင့် အောက်ခြေ၀န်ထမ်းများကြား အဆင်မပြေမှုများစွာ ရှိနေခြင်း၊ လစာနှစ်ခုရရှိနေခြင်း၊ အရပ်သားဝန်ထမ်းများ၏ တက်လမ်းပိတ်ဆို့ နေသည့် အနေအထားဖြစ်နေခြင်းတို့သည် မဖြစ်သင့်ဟုလည်း ၎င်းက သုံးသပ်သည်။

ဦးစတီဗင်သာဘိတ်က “ကျွန်တော်က တပ်မတော်ကို မလိုချင်လို့မဟုတ်ဘူး၊ ဒါပေမဲ့ အရပ်သားဝန်ထမ်းတွေက အလုပ်လုပ်တဲ့အခါမှာ တက်လမ်းမျှော်နေကြတယ်၊ သူတို့လာတဲ့အခါ တက်လမ်းက ပိတ်နေတယ်။ အုပ်ချုပ်ပုံကလည်း တပ်ပုံစံလိုဖြစ် လာတဲ့အတွက် မခံမရပ်နိုင်ဖြစ်နေကြတယ်။တချို့ဆို အလုပ် ထွက်သွားကြတယ်”ဟု မဇ္ဈိမကို ပြောခြင်းဖြစ်သည်။

ယခင်က အဆိုပါကိစ္စကို လွှတ်တော်တွင် ပြောဆိုဖူးပြီး ထိုစဉ်က သမ္မတရုံးအမှတ်(၂) ဒု-၀န်ကြီး ဦးစိုးမောင်က သင့်တော်လို့ အရည်အချင်းရှိလို့ ပို့တာပါဟု ပြန်လည်ဖြေကြားဖူးသည်။

အောင်သူရထွန်း
Mizzima - News in Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ