Related Posts Plugin for WordPress, Blogger...

From : .. http://www.osundefender.org/?p=173294

၏ထင်ရှားလှသော နိုင်ဂျီးရီးယား ပေါ့အဆိုတော် နှင့် အီမိုပြည်နယ် ငြိမ်းချမ်းရေးသံအမတ် အေဒိုကီယီ မှ အံ့သြဖွယ် ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။

အသက် ၂၃ နှစ် အရွယ် အေဒိုကီယီသည် သူမ၏ လွတ်လပ်သော ဝတ်စားဆင်ယင်ပုံများကြောင့် "ဟော့" သည်ဟု နာမည်ကြီးလှသော်လည်း သူမသည် အပျိုစင်သာ ရှိသေးသည်ဟု ဖွင့်ဟထားသူဖြစ်သည်။ သူမ၏ အပျိုစင်ဘဝကို လိုချင်သော မည်သူမဆိုသည် သူမ၏ မိခင်အား ဂျက်လေယာဉ်တစ်စီး ဝယ်ပေးလျှင် ရယူနိုင်သည်ဟု ကြေငြာထားသည်။ အေဒိုကီယီမှ သူမ၏ မိခင်အား ဂျက်လေယာဉ်တစ်စီး ဝယ်ပေးရန် ကတိပေးထားဖူးသည်။

ယခုအခါ အေဒိုကီယီမှ သူမ၏ အပျိုစင်ဘဝနှင့် ပတ်သက်၍ အံ့သြဖွယ်ရာ ကမ်းလှမ်းမှုတစ်ခုကို ဘိုကိုဟာရာမ် အစ္စလမ္မစ် စစ်သွေးကြွများထံ ပြုလုပ်လိုက်သည်။

အများသူငှာ လိုချင်တပ်မက်နေကြသော သူမ၏ အပျိုစင်ဘဝအား ဘိုကိုဟာရာမ်အဖွဲ့သားများက ခြွေနင်းရယူနိုင်သည်။ သို့သော် အလဲအလှယ်အနေဖြင့် ဘိုကိုဟာရာမ်တို့မှ ၎င်းတို့ပြန်ပေးဆွဲထားသော ချီဘော့မြို့မှ မိန်းကလေးများကို ပြန်လွှတ်ပေးရမည် ဟူ၍ ဖြစ်သည်။

"ည ၁၁ နာရီလောက်ပေါ့။ အဲ့အချိန်က ကျမ စဉ်းစားမိတယ်။ ဒီကလေးမလေးတွေ ဘယ်ရောက်နေလဲ၊ သူတို့တွေ ဘယ်လိုဖြစ်နေပြီလဲ။ မတရားတဲ့ ကိစ္စကြီးပါရှင်။ ကလေးမလေးတွေက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကျမ ကိုယ့်ကိုယ်ကို ရင်းပြီး သူတို့လေးတွေကို ကယ်ချင်မိတယ်" ဟု အေဒိုကီယီမှ ဖွင့်ဟခဲ့သည်။

သူမအနေဖြင့် ဤသို့ကမ်းလှမ်းလျှင် အကြမ်းဖက်သမားများ၏ လိင်ကျွန်ဘဝ ရောက်သွားနိုင်သည်ဟု သတိပေးသောအခါ ဤသို့ တုံ့ပြန်ခဲ့သည်။

"သခင်ယေရှု ကျေးဇူးတော်ကို ပြန်ဆပ်ခွင့် ကြုံတယ်လို့ သဘောထားပါတယ်။ သူတို့လေးတွေက ၁၂ နှစ်ကနေ ၁၅ နှစ်ပဲ ရှိသေးပါတယ်။ ကျမကတော့ သူတို့နှင့်စာရင် အသက်ကြီးနေပါပြီ။ ကျမကို ညစဉ်ညတိုင်း လူ ၁၀ ယောက်က စော်ကားတယ် ဆိုဦးတော့ ကျမ ထည့်မတွက်ပါဘူး။ သူတို့လေးတွေကို လွှတ်ပေးပြီး သူတို့လေးတွေ သူတို့မိဘတွေနှင့် တွေ့ခွင့်ရတယ်ဆို ကျမကျေနပ်ပါတယ်။"  

.. www.MyanmarExpress.net

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ