Related Posts Plugin for WordPress, Blogger...

အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း အစိတ်
အပိုင်းတွေမှာ ရုတ်တရက် ရေကြီးမှုကြောင့်
အ နည်းဆုံး လူ ၅၈ယောက်သေဆုံးပြီး
 အများအပြား ပျောက်ဆုံးနေတယ်လို့
သမ္မတ ဟာမစ်ကာဇိုင်းရဲ့ ရုံးက ဇွန်လ ၇


ရက်နေ့က ပြောပါတယ်။
ဘာဂလန်ခရိုင်မြောက်ပိုင်း မှာ ညလုံးပေါက် မိုးသည်းထန်ခဲ့လို့ ရေလွှမ်းမိုးခဲ့တာပါ ရေလွှမ်းမိုးခံ ရတဲ့ ဒေသခံတွေကတော့ လူတွေအများကြီး အိုးအိမ်တွေ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

ရေကြီးမှုကြောင့် အိမ်ခြေငါးရာလောက် ပျက်စီးပြီး လူ ၆၀ နီးပါး သေတယ် ရာနဲ့ချီတဲ့လူတွေ ဒဏ်ရာရတယ်လို့ ဒေသခံ အိုင်မန် နာဇာကပြောပါတယ်။

ဘာလန်ဒေသအတွက် ကပ်ဘေးတုန့်ပြန်ရေးခေါင်းဆောင် အာမက် နတ်ဆား ကိုဇက် ကတော့ မိသားစု ၈၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူသေအလောင်းတွေ မြစ်ထဲ မျောပါနေတာ မြင်နိုင်တယ်လို့ ဆိုပါတယ်။ သမ္မတ ကာဇိုင်းက ခရိုင်တွင်း ရေဘေးသင့်မိသားစုတွေကို အရေးပေါ် အကူအညီပေးဖို့ အမိန့် ထုတ်ပြီးပြီလို့ သမ္မတရုံးက ကြေညာချက်ထဲမှာ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့တဲ့ ရာသီဥတု ရှိပေမယ့် နွေရာသီမှာတော့ မိုးကြီးနိုင်ပါတယ်။ ဧပြီလက အာဖဂန် မြောက်ပိုင်းနဲ့အနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် လူအယောက် တရာကျော် သေဆုံးခဲ့ပါသေးတယ်။

DVB (မြန်မာပိုင်း)

Posted by Unknown on 6/08/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ