Related Posts Plugin for WordPress, Blogger...

ဇွန်လ ၁ ရက်နေ့ လယ်ဝေး၊ ပျဉ်းမနား နှင့် တပ်ကုန်းမြို့များတွင် ဒေါ်အောင်ဆန်းစုကြည်မှ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ ပြုလုပ်စဉ် ပျဉ်းမနားမှ တပ်ကုန်းအဝင် ကားလမ်းဘေး၌ ပုဒ်မ ၄၃၆ မပြင်ဆင်ရေး ဆန္ဒပြပြည်သူများနှင့် ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ဟော်ဟစ်အချင်းများခဲ့ကြောင်း သတင်းရရှိသည်။ ဆန္ဒပြ ပြည်သူတစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ၎င်း၏အဖေမှာ ဖက်ဆစ်ဂျပန်တို့ လုပ်ကြံ၍ သေဆုံးခဲ့ရကြောင်း၊ တိုင်းတပါးသားကို လက်မခံနိုင်ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများက တိုင်းပြည် မတည်ငြိမ်စေရန် တဖက်တစ်လမ်းမှ ကြိုးစားနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ စကားဆုံးအောင် နားမထောင်ပဲ တစ်ခွန်းမကျန်ပြန်ပြောကာ စကားအကျအန ကောက်ခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ပုံစံက အရမ်းကို အနြေ္ဒပျက်နေတယ်… သူပဲပြောခဲ့တာပဲ.. ပြည်သူ့အသံ နားထောင်ရမယ် ဆိုပြီးတော့လေ… လုံးဝနားမထောင်ဘူး.. စကားမဆုံးသေးခင် အတင်းပြန်ပြောနေတာ… ခေါင်းဆောင်ကောင်း တစ်ယောက်နဲ့ လုံးဝ မတူဘူး….” ဟု မျက်မြင်တစ်ဦးမှ ဆိုသည်။

အဆိုပါ အချင်းများမှုမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒုတိယမြောက် ပြည်သူနှင့် အပြန်အလှန် ရန်ဖြစ်ခြင်းဖြစ်ပြီး လက်ပံတောင်းတောင်ရောက်စဉ်ကလည်း တုံရွာသူများနှင့် အကြီးအကျယ် ဒေါသထွက်ကာ ရန်ဖြစ်ခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရသည်။

. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ