Related Posts Plugin for WordPress, Blogger...

လွတ်လပ်ရေး ရပြီးကတည်းက ကြာရှည်သော ပြည်တွင်းစစ်နှ်င့် လူမျိုးရေး နိုင်ငံရေး ပဋိပက္ခတွေကြောင့် ကရင်ပြည်နယ် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ လူငယ်လူရွယ် အတော်များများမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ သွားရောက်အလုပ်လုပ် ကိုင်ကြပါတယ်...
နယ်စပ်ဒေသမှ လူရွယ်များအပြင် ဧရာဝတီတိုင်း ရန်းကုန်တိုင်းနဲ့ မြေလတ်ဒေသက လူမျိုးပေါင်းစုံပါ ရရာအလုပ်ကို သွားရောက်လုပ်ကိုင် ကြရပါတယ်... အလုပ်အကိုင် အများစုမှာ မွေးမြူရေး... စိုက်ပျိုးရေး... ပင်လယ်ငါးဖမ်းလုပ်ငန်း... ရေထွက်ပစ္စည်း ထုတ်လုပ်ရေး... ပရိဘောဂ... အထည်ချုပ်လုပ်ငန်း... စသည်ဖြင့် မျိုးစုံပါသည်...

နယ်စပ်ဒေသမှ တိုင်းရင်းသား အများစုမှာ မှတ်ပုံတင်... သန်းခေါင်စာရင်း မရှိကြသလို အများစုမှာ စစ်ဘေး စစ်ဒဏ်ကြောင့် ပြေးရင်းလွှားရင်း ထိုင်းနိုင်ငံကို ရောက်လာကြတာ များပါတယ်... ပွဲစားများ လူကုန်ကူသူများရဲ့ လက်ချက်တွေနဲ့ ပင်လယ်ငါးမ်း လှေတွေမှာ အရောင်းစားခံရပြီး သေကျေပျက်စီး သွားကြသူတွေ... လိင်ဖျော်ဖြေရေးရဲ့ သားကောင်တွေ ဖြစ်သွားကြသူတွေလဲ ဒုနဲ့ဒေးပါပဲ...

၂၀၁၀ ခုနှစ်လောက်အထိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုဟာ တရားမဝင်တွေ များကြပါတယ်... အဲ့ဒိအချိန်အထိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကနေ ၄ သန်းရှိတယ်လို့ ခန့်မှန်းကြရာမှ ၈၀ ရာခိုင်းနှုန်းဟာ မြန်မာတွေ ဖြစ်ကြပါတယ်...

ထိုင်းအစိုးရဟာ သူ့နိုင်ငံထဲက ရွှေ့ပြောင်း အလုပ်သမား တွေအတွက် ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ယာယီနိုင်ငံကူး လက်မှတ် လျှောက်ရန် ကြေညာထား ခဲ့သော်လည်း မတ်လ ၂ ရက်နေ့အထိ ၂ ရက် နောက်ဆုတ် ပေးခဲ့ရသည်... ဒီနောက်ပိုင်းမှာတော့ ယာယီနိုင်ငံကူ လတ်မှတ်လာရောက် မလျှောက်ထား သူတွေကို ဖမ်းဆီးပြီးတော့ နေရပ်ပြန်ပို့ဖို့ ကြိုးစားခဲ့ပါတယ်...

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ထိုင်းရဲတွေ... နယ်စပ်ဒေသက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ ပွဲစားတွေရဲ့ လူမဆန်မှု တွေကြောင့်မို့ ဒုက္ခရောက်ကြပုံတွေ ဘဝပျက်ကြပုံတွေကတော့ ကျမ်းတစ်စောင် ဖွဲ့မကုန်ပါဘူး... ဒီလူတွေဟာ ပြည်တွင်းမယ် လုပ်ကိုင်စားသောက်ရတာ ခက်ခဲလွန်းလို့ ရှိသမျှထုခွဲပြီးတော့ ဘဝပျက်နိုင်ခြေထဲက ကြိုးစားသွားရောက် လုပ်ကိုင်ရတာပါ...


ကိုသာပို
Photo: www.theguardian.com

Posted by Unknown on 6/16/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ