Related Posts Plugin for WordPress, Blogger...

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားများကို ဆက်လက်ဖမ်းဆီးနေပြီး တရားမဝင်အလုပ်သမားများကို လက်ခံထားသည့် အလုပ်ရှင်များကိုပါ ထိုင်းအစိုးရက တရားစွဲရန် ပြင်ဆင်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (Jacba) မှ သိရသည်။
မေ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ် ဇွန် ၃ ရက်မှစ၍ မဲဆောက်ရှိ တရားမဝင် မြန်မာအလုပ်သမားများကို စစ်တပ်အာဏာပိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်ခြားလုံခြုံရေးစစ်တပ်များ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ရာတွင် တရားမဝင်မြန်မာအလုပ်သမား ၁၆၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုင်းစစ်တပ်က ထိုင်းနိုင်ငံရှိ ခရိုင်ပေါင်း ၇၇ ခုမှ တရားမဝင်အလုပ်သမားများကို ဖမ်းဆီးရာ၌ မဲဆောက်ဒေသအတွင်း လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို ဦးစွာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ တရားမဝင်အလုပ်သမားများကို ဆက်လက်ဖမ်းဆီးနေဆဲဖြစ်ပြီး ဇွန် ၁၂ ရက်မှစ၍ ထိုင်းနိုင်ငံတစ်ဝန်းရှိ မြန်မာအပါအဝင် အခြား ကမ္ဘောဒီယား၊ လာအိုစသည့် အထောက်အထားမဲ့ အလုပ်သမားများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်နေခဲ့မှုကြောင့် မြန်မာအလုပ်သမားများမှာ နီးစပ်ရာ တောထဲ၊ စိုက်ခင်းများနှင့် တိုက်ခန်းများတွင် တံခါးပိတ်ကာ ပုန်းအောင်းနေထိုင်နေရကြောင်း သိရသည်။
တရားမဝင်အလုပ်သမားများကို ဖမ်းဆီးရာတွင် ယာယီနိုင်ငံကူးလတ်မှတ် မရှိသူများ၊ အလုပ်လုပ်ကိုင်ခွင့်လတ်မှတ် မရှိသူများ၊ အထောက်အထားရှိပြီး သက်တမ်းမတိုးသူများကို ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးစဉ် မူးယစ်ဆေးဝါးသုံးစွဲသူများ၊ နှစ်လုံး သုံးလုံး ဘောင်ချာတွေ့ရှိသူများကို ဖမ်းဆီးထောင်ချလျက်ရှိပြီး အထောက်အထားမရှိသူများကို မြန်မာပြည်နှင့် နီးစပ်ရာ တာချီလိတ်၊ ကော့သောင်း၊ မြဝတီနယ်စပ်ဂိတ်များသို့ ပြန်ပို့ပေးနေကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှဥက္ကဌ ဦးမိုးကြိုး က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်ရှိပြီး ထက်ဝက်ခန့်သည် အထောက်အထားလုံးဝမရှိသည့် တရားမဝင် မြန်မာအလုပ်သမားများ ဖြစ်သည်။
Credit - Eleven Media Group
Admin
နေဇော်လင်း1
Free Online Radio Media (Malaysia

Posted by Arakan News on 6/15/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ