Related Posts Plugin for WordPress, Blogger...

ပါကစ္စတန်နိုင်ငံ ကရာချီလေဆိပ်မှာ တနင်္ဂနွေနေ့ညက ခရီးသည် တာမင်နယ်တခုကို စစ်သွေးကြွအဖွဲ့တခုရဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့လို့ လူ သေဆုံးသူ ၂၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြန်လည် ပစ်ခတ် မှုကြောင့် စစ်သွေးကြွ ၁၀ ဦးလည်း သေဆုံးစာရင်းမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် ကရာချိ အပြည်အပြည်ဆိုင်ရာ လေဆိပ်မှာ စစ်သွေးကြွများ တိုက်ခိုက်စဉ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ် အဲဒီလို တိုက်ခိုက်မှု ဖြစ်စဉ်မှာ
ကရာချိ နိုင်ငံတကာ လေဆိပ်မှာ ခရီး တထောက် ရပ်နားတဲ့ ထိုင်း အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းက (TG- THAI) လေယာဉ်တစီးပေါ်မှာပါတဲ့ ခရီးသည်တွေ နဲ့ လေယာဉ် အမှု ထမ်းတွေ အားလုံး ဘေးကင်းလုံခြုံတယ်လို့ ဘန်ကောက်ပို့စ် သတင်း တပုဒ်က ပြောပါတယ်။

ထိုင်းလေကြောင်းလိုင်း ရဲ့ ယာယီ ဥက္ကဋ္ဌဖြစ်သူက ပြောရာမှာတော့ အိုမန်နိုင်ငံကနေ ထွက်ခွာလာ တဲ့ လေယာဉ်ဟာ ဘန်ကောက်ကို
ပျံသန်းလာရင်း ခရီး တထောက် ပါကစ္စတန် ကရာချီ လေဆိပ်ကို ဆင်းသက် ခဲ့တာဖြစ်ပြီး ခရီးသည် စုစုပေါင်း ၂၉၆ ဦးပါဝင်ကာ လေယာဉ်မှူး ၃ ဦး၊ လေယာဉ် အမှုထမ်း ၁၆ ဦးတို့ လေယာဉ်ပေါ် ပါရှိခဲ့တာလို့ ဆိုပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုက တခြား တာမင်နယ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ထိုင်း လေယာဉ်ကတော့ နည်း နည်း လှမ်းတဲ့ တာမင်နယ်မှာ ရပ်နားခဲ့တာလို့ သိရပါတယ်။

ကျိုတိုသတင်းဋ္ဌာန အဆိုအရ စစ်သွေးကြွတွေ ရဲ့ အကြမ်းဖက်တိုက်ခိုက် မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အပြန် အလှန် ပစ်ခတ်မှုမှာ လေယာဉ်တစီး မီးလောင်ဆုံးရှုံးတယ်လို့ ဖော်ပြပြီး လူ ၂၃ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

အခုတော့ စစ်တပ်က လေဆိပ်ကို လုံခြုံရေးကြပ်မတ်လိုက်ပြီးလေယာဉ်ကွင်း ကိုလာတဲ့ လမ်း တွေကို လည်း ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

လင်းသန့် ~
http://www.oppositeyes.info

Posted by Unknown on 6/09/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ