Related Posts Plugin for WordPress, Blogger...

မကွေးမြို့အနီး ဧရာဝ တီမြစ်အတွင်း ရေဆင်း
ကူးသည့် အသက် (၁၀) နှစ်ဝန်းကျင်အရွယ် တတိယတန်းကလေးငယ်ငါးဦး ဇွန်လ ၁၂
 ရက်က တစ်ပြိုင်တည်း ရေနစ်သေဆုံးခဲ့သည်။


သေဆုံးသွားသည့် ကလေး များသည် မကွေးမြို့ ကမ်းနား လမ်းဘေးရှိ ဆက်သွယ်ရေးဧည့် ရိပ်သာအနီး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏အလောင်းများကို ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကလေးငယ်သုံးဦးရေဆင်း ကူးသည့် နေရာသည် ဧရာဝတီ မြစ်အတွင်းဖြစ်သော်လည်း မြစ် အတွင်း ရေနည်းနေသည့်အချိန် တွင် ဖြစ်ပေါ်နေသည့် ရေကန် တစ်ခုတွင်ဖြစ်ကြောင်း ဒေသခံ များကပြောသည်။

‘‘တွေ့တဲ့သူတွေ ကလေး တွေက ၁၂ နာရီလောက်ကတည်း က ရေဆင်းချိုးနေတာလို့ပြော တယ်။ အလောင်းတွေကတော့ ညနေ ၅ နာရီလောက်မှ တွေ့ကြ တာ’’ဟု မကွေးဒေသခံတစ်ဦးက ပြောသည်။

ကလေးငယ်များရေဆော့ ကစားသည့်နေရာသည် ရေစီး ဆင်းမှုမရှိဘဲ ရေအိုင်တစ်ခုပုံစံ ဖြစ်နေသည့် နေရာတွင် ဖြစ်ပြီး ကလေးငယ်အားလုံး တစ်ပြိုင် တည်း သေဆုံးခဲ့မှုသည်မကွေးမြို့ ဒေသခံများအကြား ထူးဆန်းသည့်သတင်းတစ်ခုအဖြစ် ပြောဆို လျက်ရှိသည်။

‘‘ကလေး လေးယောက်ရဲ့ အလောင်းကို တစ်နေရာတည်းမှာ တွေ့တယ်။ ပထမလေးယောက် ပဲထင်ကြတာ။ နောက်အ၀တ်အ စားတွေက ငါးစုံတွေ့မှ နောက် တစ်ယောက်ရှာရင်း ထပ်တွေ့ တာ’’ဟု မကွေးဒေသခံတစ်ဦးက ပြောသည်။

ကလေးငယ် ငါးဦးလုံး၏ အလောင်းများသည် ရုန်းကန် ထားခြင်း၊ ရေနစ်စဉ်အချင်းချင်း ပွေ့ဖက်ထားခြင်းစသည့် အခြေ အနေတွင်မရှိဘဲ ပုံမှန်အခြေအ နေဖြင့်သာတွေ့ရှိခဲ့ခြင်းကြောင့် ရေနစ်သည့်ပုံစံကို ဒေသခံများက ထူးဆန်းကြောင်း မှတ်ချက်ပေး လျက်ရှိသည်။

သေဆုံးသူ ကလေးငယ် ငါး ဦးသည် (ကင်း) ကျောက်ကုန်း၊ အောင်စေတနာနှင့် ရွာသစ်စသည့်ရပ်ကွက်များမှ ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ခုတွင် လာရောက် ပညာသင်နေကြသည့် ကလေး ငယ်များဖြစ်ကြောင်း သတင်းရ ရှိသည်။

ကလေးငယ်များ သေဆုံးမှု ကို မကွေးမြို့ မြို့မရဲစခန်းက အတည်ပြုပြောကြားသော်လည်း အသေးစိတ်အချက်အလက်မှာ စုံစမ်းနေဆဲဖြစ်ကြောင်း ထပ်မံ ပြောကြားသည်။

7 Day news daily

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ