Related Posts Plugin for WordPress, Blogger...

 မြန်မာနိုင်ငံတွင် တိုးတက်မှုများရှိလာ သော်လည်း
 လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ
 အခြေအနေ များမှာ ဆိုးဝါး လာကြောင်း
 ဇွန်လ (၁၃) ရက်နေ့ က ထုတ်ပြန်
ခဲ့သော ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်
တွင် ဖော်ပြထားသည်။ လူသားချင်း



စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ် နေတဲ့ နေရာ တွေမှာ၊ အဲဒီ အကူအညီတွေ ပေးဖို့ ခက်ခဲနေတဲ့ နေရာတွေမှာ ပိုဆိုး နေပါတယ်

ဟု မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး  Ms. Kyuang-wha Kang က ပြောသည်။ Ms. Kyuang-wha Kang သည် မြန်မာနိုင်ငံသို့  ဇွန်လ (၁၁) ရက်နေ့ က ရောက်ရှိခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့သည်။

                ထို့ပြင် တပ်မတော် နှင့် KIA တို့ အကြား ဖြစ်ပွားသော စစ်ပွဲများကြောင့် ဒုက္ခသည် ဘ၀ရောက် ရသော ကချင်ပြည်နယ် မှစစ်ဘေး ဒုက္ခသည် များထံသို့လည်း သွားရောက်ခဲ့သည်။ ကချင် ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ပေါင်းတစ်သိန်းကျော်ရှိ နေပြီး၊ ၎င်း တို့ထဲမှ တစ်ဝက်ခန့် သည် အစိုးရ ထိန်းချုပ် နယ်မြေ အပြင်တွင်ရှိနေ သဖြင့်  နိုင်ငံတကာမှ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးသည့် အဖွဲ့များ မရောက်နိုင်ဘဲ အခက်အခဲများရှိ နေကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

                တချို့ နေရာတွေမှာ လွန်ခဲ့တဲ့ (၁၀) နှစ်၊ (၁၇) နှစ် လောက်က စစ်အစိုးရ လက်ထက်က ထက်တောင် အဆမတန် ဆိုးဝါးနေတာတွေရှိတယ် ဟု ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ  ဒေါ်ခွန်ဂျာ က ပြောသည်။ ဒုက္ခသည်များ အတွက် ရေရှည် အဖြေတစ်ခုကို ရှာဖွေနေချိန် တွင် ပါတီများ အားလုံး သည် နိုင်ငံသားများကို အပြည့်အ၀ အကာအကွယ်ပေးရန် နှင့် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဥပဒေများကို လိုက်နာရန် လိုအပ်ကြောင်း  Ms. Kyuang-wha Kang ကပြောသည်။

ယခုအခါ ပြန်လည် စတင်နေပြီ ဖြစ်သော ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ၏ ထိရောက်မှု အခြေအနေသည်လည်း ယခင်ကထက် (၆၀) ရာခိုင်နှုန်းခန့် လျော့နည်းနေကြောင်းဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Messenger News daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ