Related Posts Plugin for WordPress, Blogger...

အာဖရန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခဲ့ပြီး အိမ်ပြန်သွားတဲ့ လူ ၁၁ ယောက်ကို တာလီဘန် တွေက ဖမ်းဆီးပြီး လက်ချောင်းတွေကို ဖြတ်ပစ်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

Afagahanဟရတ်မြို့က ဆေရုံးတရုံမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ အမျိုးသားတွေကို သွေးထွက်နေတဲ့ လက်တွေကို ပတ်တီးပတ်ထားလျက် တွေ့ရပါတယ်။ လက်ချောင်း အဖြတ်ခံရတဲ့ အမျိုးသား တယောက်က အိမ်အပြန်မှာ တာလီဘန်က ဖမ်းခေါ်သွားပြီး လက်ချောင်း ဖြတ်ခံရတယ်လို့ ပြောပြပါတယ်။

ဇွန်လ ၁၄ ရက်နေ့က သမ္မတ ရွေးကောက်ပွဲမှာ အာဖဂန် သန်းနဲ့ချီပြီး မဲပေးခဲ့ကြပါတယ်။ လက်ရှိသမတ ဟာမစ် ခါဇိုင်းကို ဆက်ခံမယ့် သမ္မတကို ရွေးချယ်တာ ဖြစ်ပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းမှာပဲ အာဖဂန်ကနေ နိုင်ငံခြား တပ်တွေ အားလုံးနီးပါး ရုပ်သိမ်းသွားတော့မှာ ဖြစ်လို့ အသစ်တက်မယ့် သမ္မတဟာ တာလီဘန် အန္တရာယ်နဲ့ တိုင်းပြည် စီးပွားရေး၊ အဂတလိုက်စားမှု၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ခက်ခက်ခဲခဲ ကိုင်တွယ်ရဖွယ် ရှိပါတယ်။

သမ္မတ ရွေးပွဲမှာ တာလီဘန် ဆန့်ကျင် တိုက်ခိုက်ရေးသမား အပ်ဗဒူလာ အပ်ဗဒူလာနဲ့ ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်အဖြစ် တာဝန်ထမ်းဖူးတဲ့ အက်ရှ်ရတ်ဖ် ဂန်ဒီတို့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ သမ္မတ ရွေးပွဲမှာ တယောက်မှ ၅၀ ရာခိုင်နှုန်းကျော် အနိုင်မရခဲ့တဲ့ အတွက် မဲအများဆုံးရတဲ့ သမတလောင်းနှစ်ယောက်က ဒုတိယအကျော့ ယှဉ်ပြိုင်တာဖြစ်ပါတယ်။

မဲပေးသူ ၁၂ သန်း ရှိပြီး မဲရုံပေါင်း ၆၃၆၅ ရုံ ဖွင့်ခဲ့ပါတယ်။ မဲပေးသူ ၇ သန်းကျော် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ ဇူလိုင်လ ၂ ရက်နေ့ကျရင် ကြေညာဖွယ် ရှိပါတယ်။

By ဒီဗွီဘီ

Posted by Arakan News on 6/15/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ