Related Posts Plugin for WordPress, Blogger...

Photo: ဆန္ဒပြပွဲများကို တားဆီးရန် ထိုင်းနိုင်ငံတွင် စစ်သားများနှင့် ရဲများချထား
Sunday, June 1, 2014

ဘန်ကောက် - စစ်တပ်ကို အာခံကာ ဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသော အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တားဆီးရန် အာဏာပိုင်များက ကြိုးစားကာ ဇွန်လ ၁ ရက်တွင် ဘန်ကောက်မြို့တစ်ဝန်း ရဲတပ်ဖွဲ့များနှင့် စစ်သားအင်အား ၆၀၀၀ ခန့်ချထားသည်ဟု ထိုင်းအရာရှိတစ်ဦးက ပြောသည်။

  မေလ ၂၂ ရက်က အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲအသေးစားများ နေ့စဉ် နေ့တိုင်း ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများမှာ ၎င်းတို့၏ မိသားစုဝင်များပင်ဖြစ်စေ တင်းကျပ်သည့်  စစ်ဥပဒေများဖြင့် အပြစ်ပေးခံရမည်ဟု စစ်ဘက်ဆိုင်ရာ အကြီးအကဲ ပရာယွတ်ချန်အိုချာက သတိပေးထားသည်။ သို့သော် ဆန္ဒပြသူများစွာကို ဖမ်းဆီးခြင်းသာ ရှိပြီး အင်အားသုံး နှိမ်နင်းခြင်း မရှိခဲ့ကြောင်း သိရသည်။

    လူမှုကွန်ရက်မှတစ်ဆင့် စည်းရုံးကာ အများအပြားဆန္ဒပြမည်ဆိုသော ကောလာဟလသတင်းများကြောင့် ဇွန်လ ၁ ရက်က ရဲနှင့် စစ်သား ၆၀၀၀ ခန့် ချထားကာ လူများစုဝေးခြင်းကို တားဆီးရန် လမ်းများကို ပိတ်ထားခဲ့သည်။ သို့သော် ယခုအထိ အခြေအနေမှာ ပုံမှန်ဖြစ်ပြီး ဆန္ဒပြမည့် လက္ခဏာမတွေ့ရဟု အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဆွမ်ယွတ်ပွမ်ပမ်မွန်က ပြောသည်။ ဆန္ဒပြပွဲစည်းရုံးသူများအနက် တစ်ဦးဖြစ်ပုံရသော ရှပ်နီတက်ကြွလှုပ်ရှားသူ ၀ရမ်းပြေးဆွမ်ဘက်ဘွမ်ဂမ်နာနွမ်က ၎င်း၏တွစ်တာအကောင့်တွင် ‘‘ပြည်သူတွေမှာ လက်နက်တွေ မရှိဘူး။ ပြည်သူတွေအင်အား မသုံးနိုင်ဘူး။ ကျွန်တော်တို့က စစ်သားတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပဲ လုပ်နိုင်တာပါ’’ ဟု ရေးသားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် အားလပ်ရက်က အင်အားတစ်ထောင်ခန့်ရှိခဲ့သော ဆန္ဒပြပွဲ အသေးစားများဖြစ်ပွားခဲ့သော်လည်း အများစုမှာ အင်အားရာဂဏန်းသာ ရှိခဲ့သည်။

ဘန်ကောက်မြို့ ဈေးဝယ်စင်တာတစ်ခုဝင်ပေါက်မှ ကန့်ကွက်ဆန္ဒပြသူများကို ဖယ်ရှားလိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည်ကို ဇွန် ၁ ရက်က တွေ့ရစဉ် (REUTERS/Damir Sagolj)
-AFP

7Day Daily
ဘန်ကောက်မြို့ ဈေးဝယ်စင်တာတစ်ခုဝင်ပေါက်မှ ကန့်ကွက်ဆန္ဒပြသူများကို ဖယ်ရှားလိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည်ကို ဇွန် ၁ ရက်က တွေ့ရစဉ် (REUTERS/Damir Sagolj) -AFP
ဘန်ကောက် - စစ်တပ်ကို အာခံကာ ဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသော အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တားဆီးရန် အာဏာပိုင်များက ကြိုးစားကာ ဇွန်လ ၁ ရက်တွင် ဘန်ကောက်မြို့တစ်ဝန်း ရဲတပ်ဖွဲ့များနှင့် စစ်သားအင်အား ၆၀၀၀ ခန့်ချထားသည်ဟု ထိုင်းအရာရှိတစ်ဦးက ပြောသည်။
မေလ ၂၂ ရက်က အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲအသေးစားများ နေ့စဉ် နေ့တိုင်း ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများမှာ ၎င်းတို့၏ မိသားစုဝင်များပင်ဖြစ်စေ တင်းကျပ်သည့် စစ်ဥပဒေများဖြင့် အပြစ်ပေးခံရမည်ဟု စစ်ဘက်ဆိုင်ရာ အကြီးအကဲ ပရာယွတ်ချန်အိုချာက သတိပေးထားသည်။ သို့သော် ဆန္ဒပြသူများစွာကို ဖမ်းဆီးခြင်းသာ ရှိပြီး အင်အားသုံး နှိမ်နင်းခြင်း မရှိခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်မှတစ်ဆင့် စည်းရုံးကာ အများအပြားဆန္ဒပြမည်ဆိုသော ကောလာဟလသတင်းများကြောင့် ဇွန်လ ၁ ရက်က ရဲနှင့် စစ်သား ၆၀၀၀ ခန့် ချထားကာ လူများစုဝေးခြင်းကို တားဆီးရန် လမ်းများကို ပိတ်ထားခဲ့သည်။ သို့သော် ယခုအထိ အခြေအနေမှာ ပုံမှန်ဖြစ်ပြီး ဆန္ဒပြမည့် လက္ခဏာမတွေ့ရဟု အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဆွမ်ယွတ်ပွမ်ပမ်မွန်က ပြောသည်။ ဆန္ဒပြပွဲစည်းရုံးသူများအနက် တစ်ဦးဖြစ်ပုံရသော ရှပ်နီတက်ကြွလှုပ်ရှားသူ ၀ရမ်းပြေးဆွမ်ဘက်ဘွမ်ဂမ်နာနွမ်က ၎င်း၏တွစ်တာအကောင့်တွင် ‘‘ပြည်သူတွေမှာ လက်နက်တွေ မရှိဘူး။ ပြည်သူတွေအင်အား မသုံးနိုင်ဘူး။ ကျွန်တော်တို့က စစ်သားတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပဲ လုပ်နိုင်တာပါ’’ ဟု ရေးသားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ် အားလပ်ရက်က အင်အားတစ်ထောင်ခန့်ရှိခဲ့သော ဆန္ဒပြပွဲ အသေးစားများဖြစ်ပွားခဲ့သော်လည်း အများစုမှာ အင်အားရာဂဏန်းသာ ရှိခဲ့သည်။

7Day Daily

Posted by Unknown on 6/01/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ